ရုရှားကျူးလွန်ခဲ့ဖွယ်ရှိတဲ့ စစ်ရာဇ၀တ်မှု နှစ်သောင်းကျော်ကို ယူကရိန်းစုံစမ်းစစ်ဆေးနေ

ကိယက်ဗ်၊ ဇူလိုင်-၇-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းကို ရုရှားကျူးကျော်ချိန်မှစပြီး ကျူးလွန်ခဲ့တယ်လို့စွပ်စွဲခံထားရတဲ့ စစ်ရာဇ၀တ်မှု ၂၁၀၀၀ ကျော်ကို ယူကရိန်းဘက်က စုံစမ်းစစ်ဆေးနေပြီဖြစ်ပါတယ်။ တနေ့ကို ရုရှားတပ်ဖွဲ့၀င်တွေက ကျူးလွန်ခဲ့တယ်ဆိုတဲ့ စစ်ရာဇ၀တ်မှုဆိုင်ရာ တိုင်ကြားချက် ၂၀၀ ကနေ ၃၀၀ ကြားရှိကြောင်း ယူကရိန်းရှေ့နေချုပ် Iryna Venediktova ကပြောပါတယ်။ လက်ရှိမှာတော့ တရားစီရင်မှုတွေကိုတော့ မျက်ကွယ်မှာပြုလုပ်ရမှာဖြစ်ကြောင်း သူကပြောပါတယ်။ ရုရှားကတော့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်ပြီးကတည်းက စစ်ရာဇ၀တ်မှု စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ မေလအတွင်းမှာတော့ စစ်ရာဇ၀တ်မှုကျူးလွန်ခဲ့တယ်လို့ သံသယရှိသူ ၆၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့ပြီး တရားစွဲဆိုမှု ၈၀ ကျော်ကို စတင်နေပြီလို့ ယူကရိန်းရှေ့နေချုပ် Iryna Venediktova ကပြောပါတယ်။ စစ်ရာဇ၀တ်မှုနဲ့ပတ်သက်ပြီး ယူကရိန်းမှာ ပထမဆုံးရုံးတင်စစ်ဆေးခံရတဲ့ ရုရှားစစ်သား Vadim Shishimarin ကိုတော့ အရပ်သားတဦးကို သတ်ဖြတ်မှုနဲ့…

Read More

ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးစီမံကိန်းလုပ်ငန်းစဥ်တွေအပေါ် ကန့်ကွက်တာတွေဖြစ်ပေါ်

ဇူလှိုင် ၇ -၂၀၂၂ SP (VOM) အကြိမ်ရေပေါင်း ၃ ဒါဇင်နီးပါး မီးရှို့ခံခဲ့ရတဲ့ ချင်းပြည်နယ်အလယ်ပိုင်း ထန်တလန်မြို့ရဲ့ ပြန်လည်ထူထောင်ရေးစီမံကိန်းလုပ်ငန်းစဥ်တွေအပေါ် ကန့်ကွက်တာတွေဖြစ်ပေါ်နေတယ်လို့ ထန်တလန်ဒေသခံတွေဆီက သိရပါတယ်။ ” မြို့ပေါ်လူတွေ အားလုံးနီးပါးက စစ်ရှောင်နေတယ် ၊ မြို့မှာက လူအနည်းငယ်လေးပဲရှိတာ ၊ နောက်ပြီး ထန်တလန်မြို့ပေါ် မှာ လုံခြုံစိတ်ချရတဲ့ အခြေအနေ မရှိသေးတဲ့အတွက် ပြန်လည်ဝင်ရောက် နေထိုင်တာတွေ မပြုလုပ်ဖို့ အမိန့်ထုတ်ပြန်ထားတယ်”လို့ တိုက်ပွဲရှောင်နေတဲ့ ထန်တလန်မြို့ခံတယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ချင်းပြည်နယ်အစိုးရအဖွဲ့နဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့ဟာ ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို စတင်လုပ်ကိုင်ဖို့အတွက် ဒေသခံ မြို့မိမြို့ဖတွေ ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာတွေ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ထန်တလန်မြို့ခံတဦးက ” အကြိမ်ကြိမ် မီးရှို့ခံထားရပြီးပြီ ၊ လက်ရှိမှာလည်း တပ်စွဲထားတာတွေရှိတယ် ၊…

Read More

နိုင်ဂျီးရီးယားအကျဉ်းထောင်ကို စစ်သွေးကြွတွေ၀င်စီးလို့ အကျဉ်းသား ၄၀၀ ကျော်လွတ်မြောက်သွား

အဘူဂျာ၊ ဇူလိုင်-၇-၂၀၂၂ မျိုးဆက်(VOM) နိုင်ဂျီးရီးယားနိုင်ငံ မြို့တော်အဘူဂျာရှိ အကျဉ်းထောင်ကို ၀င်ရောက်စီးနှင်းတိုက်ခိုက်ခံရပြီးနောက် အကျဉ်းသား ၄၀၀ ကျော်ပျောက်ဆုံးနေကြောင်း တာ၀န်ရှိသူတွေက ဇူလိုင် ၆ ရက်မှာ ပြောပါတယ်။ အဲဒီအကျဉ်းထောင်ကို ဇူလိုင် ၅ ရက်ညပိုင်းမှာ ပစ်မှတ်ထားတိုက်ခိုက်ခံရတာဖြစ်ပြီး အကျဉ်းသားလေးဦး၊ လုံခြုံရေးအစောင့်တဦးနဲ့ လာရောက်တိုက်ခိုက်သူအများအပြား သေဆုံးခဲ့ပါတယ်။ ဘိုကိုဟာရမ်စစ်သွေးကြွအဖွဲ့က တိုက်ခိုက်မှုကိုလုပ်ဆောင်ခြင်းဖြစ်နိုင်ပြီး အကျဉ်းကျနေတဲ့ စစ်သွေးကြွ ၆၄ ဦးလည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း နိုင်ဂျီးရီးယားကာကွယ်ရေး၀န်ကြီး ဘာရှီယာမာဂါရှီက ပြောပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ အကျဉ်းထောင်အတွင်း အကျဉ်းသား ၁၀၀၀ နီးပါးရှိနေပြီး အစောပိုင်းမှာ အားလုံးထွက်ပြေး သွားပေမယ့်လည်း နောက်ပိုင်းမှာတော့ ၄၄၃ ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံမှာ ၂၀၂၀ ခုနှစ်ကစပြီး ဖြစ်ပွားခဲ့တဲ့ ထောင်ဖောက်မှုတွေအတွင်း အကျဉ်းသား ၅၀၀၀ ကျော် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ပြည်ထဲရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။…

Read More

သီရိလင်္ကာမှာ လောင်စာဆီတင်းသွင်းနိုင်ရေးအတွက် ရုရှားသမ္မတပူတင်ကို အကူအညီတောင်း

ကိုလံဘို၊ ဇူလိုင်-၇-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီတင်သွင်းနိုင်ဖို့အတွက် ကူညီပေးဖို့ ရုရှားသမ္မတပူတင်ကို တောင်းဆိုခဲ့ကြောင်း သီရိလင်္ကာသမ္မတ ဂိုတာဘာယာရာဂျာပက်ဆာက ဇူလိုင် ၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရုရှားသမ္မတပူတင်နဲ့ ဆွေးနွေးမှုမှာ အလွန်အကျိုးဖြစ်ထွန်းကြောင်း သူကပြောပါတယ်။ သီရိလင်္ကာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ နိုင်ငံမှာ များမကြာမီအချိန်အတွင်း လောင်စာဆီကုန်သွားနိုင်ကြောင်း စွမ်အင်၀န်ကြီးက ယခုသီတင်းပတ်ကုန်မှာ သတိပေးပြီးနောက် ရုရှားသမ္မတပူတင်ထံ သီရိလင်္ကာသမ္မတက တောင်းဆိုခဲ့တာဖြစ်ပါတယ်။ လောင်စာဆီ တင်သွင်းဖို့ အတွက် ငွေချေးဖို့ ရုရှားသမ္မတပူတင်ကို တောင်းဆိုခဲ့ကြောင်း ၊ ဒါ့အပြင် ခရီးသွာလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ယဉ်ကျေးမှုစတဲ့ ကဏ္ဍတွေမှာ နှစ်နိုင်ငံဆက်ဆံရေးခိုင်မာစေရေးအတွက် သဘောတူခဲ့ကြောင်း သီရိလင်္ကာသမ္မတက ပြောပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး မစ္စတာရာဂျာပက်ဆာရဲ့ သီရိလင်္ကာ အစိုးရကိုဖယ်ရှားဖို့ ရာပေါင်းများစွာသော ဆန္ဒပြသူတွေဟာ ဇူလိုင်…

Read More

တမူးမှာ အိန္ဒိယနိုင်ငံသား တမီးလူမျိုး ၂ ယောက် ပစ်သတ်ခံရပြီးနောက် ဒီကနေ့မှာ တမူး – မိုးရေး နေ့စဥ် ကုန်စည်စျေးကွက်ပျက်

ဇူလှိုင် ၊ ၇ ၊ ၂၀၂၂ SP (VOM) မြန်မာနိုင်ငံရဲ့ အနောက်မြောက် နယ်စပ်ကုန်သွယ်ရေး ဇုန်တခုဖြစ်တဲ့ ၊ စစ်ကိုင်းတိုင်း တမူးမြို့ ၊ တမူး – မိုးရေး နယ်စပ်ကုန်သွယ်ရေးရဲ့၊ နေ့စဥ် ကုန်သွယ်နေတဲ့ စျေးကွက်တွေဟာ ဒီကနေ့မနက်မှာတော့ တိတ်ဆိတ်ငြိမ်သက်နေတယ်လို့ တမူး မိုးရေး စျေးသည်တွေဆီက သိရပါတယ်။ ” မိုးရေးတမြို့လုံး ငြိမ်သက်နေတယ် ၊ တမူးဘက်က စျေးရောင်း စျေးဝယ် သွားလာတဲ့သူတွေ မရှိသလို ၊ တမူး – မိုးရေးရဲ့ နေ့စဥ် ကုန်စည်စျေးကွက်ဟာလည်း ဒီကနေ့အဖို့ ပျက်နေသလို မြင်ရတယ် ” လို့ တမူးမြို့ခံ နန်းဖာလုံစျေးသည့်တယောက်က ပြောပါတယ်။ ဒါ့အပြင် တမူးမြို့၊ စော်ဘွားရပ်ကွက်မှာနေတဲ့ စျေးသည်တစ်ဦး က ” တမူးဘက်ကတော့ ပုံမှန်အတိုင်းပါပဲ ၊…

Read More

ဝက်လက်မြို့နယ်က မီးဘေးဒုက္ခသည် ၁ ထောင်ကျော်အတွက် အကူအညီအရေးပေါ် လိုအပ်နေ

ဇူလှိုင် ၊ ၇ ၊ ၂၀၂၂ SP ( VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်ထဲက ရွာပေါင်း ၈ ရွာဟာ အခုလ ၂ ရက်ကနေ ၅ ရက်အထိ မီးရှို့ခံရတာတွေ ဆက်တိုက် ဖြစ်ပွားတဲ့အတွက် အဲ့ဒီ ရွာတွေက မီးဘေးသင့် ဒုက္ခသည်တွေဟာ စားဝတ်နေရေးအတွက် အရေးတကြီး ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ ဒေသခံ ပရဟိတသမားတွေဆီက သိရပါတယ်။ .” ကူညီထောက်ပံ့မှုလိုအပ်နေတာက အိမ်ထောင်စု ၁၈၀ နဲ့ လူဦးရေ ၁ ထောင်ကျော်အတွက် လိုအပ်နေတာပါ ၊ သူတို့အားလုံးက မီးဘေးသင့်ခဲ့ရတဲ့သူတွေဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ မီးဘေးသင့်ခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေပြောပြတာက ” ဝက်လက်ရွဲရွာမှာ နေအိမ်…

Read More
VOM News

FREE
VIEW