ပြည်အကျဥ်းထောင်မှာ ထောင်ဆူမှုဖြစ်ပွားခဲ့

ဇူလိူင် ၂၆-၂၀၂၂
VOM (GG)

ပြည်မြို့အကျဥ်းထောင်မှာ ထောင်ဆူမှုဖြစ်ခဲ့လို့ သေနတ်ပစ်ဖောက်ထိန်းသိမ်းခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ကိုဖြိုးဇေယျာသော်၊ကိုဂျင်မီတို့ ၄ ဦး သေဒဏ်စီရင်ခံရတယ်ဆိုတဲ့ သတင်း​ကြောင့် ပြည်အကျဥ်းထောင်က အကျဥ်းသားတွေဟာ မနေ့ ဇူလိူင်၂၅ ရက် ညပိုင်းမှာ ထောင်တွင်းဆန္ဒပြမှုတွေလုပ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

” ဟုတ်တယ် မနေ့ကည ၁၁ နာရီလောက်ဖြစ်မယ် ထောင်ထဲမှာ သေနတ်ပစ်သံကြားရတယ်။ နိုင်ကျဥ်းတွေပြကြတာလို့တော့ကြားတယ်။သေနတ် ၉ ချက် ၁၀ ချက်လောက်ရှိမယ်၊ “လို့ ပြည်မြို့ဒေသခံတဦးကပြောပါတယ်။

ထောင်ဆူမှုဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပြည်မြို့တွင်းမှာ လှည့်လည်စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်အသေးစိတ်ကိုသိရဖို့အတွက် ပြည်အကျဥ်းထောင်တာဝန်ရှိသူဆီကို VOMက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့တာကြောင့် အတည်ပြုနိုင်ခြင်းမရှိခဲ့ပါဘူး။

ဒီနေ့ ဇူလိူင်လ ၂၆ ရက်နေ့ မနက်ပိုင်းကလည်း ပြည်မြို့ ယဉ်ကျေးမှုရုံအနီးက ပန်းဘဲတန်းကျောင်းနဲ့ အမှတ်(၁) အထကကျောင်းနားမှာ ဆန္ဒပြတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့လို့ ကျောင်းရှေ့မှာ လာရောက်စောင့်ဆိုင်းကာ ကျောင်းသားတွေကို မိဘတွေက လာရောက်ခေါ်ယူမှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

အဲ့ဒီနောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်​တွေက စာသင်ကျောင်းတွေမှာ လုံခြုံရေးရယူကာ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

ပုံစာ- အကျဉ်းထောင်တွင်းစစ်ဆေးနေပုံ(ပုံဟောင်း)
#voiceofmyanmar #VOM #ပြည် #ထောင်ဆူမှုဖြစ်ပွားခဲ့

Related posts

Leave a Comment

VOM News

FREE
VIEW