မုဒုံမြို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲ ရာအိမ်မှူး သေ၊ ၃ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၅-၂၀၂၂
GG (VOM)

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့ ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရာအိမ်မှူးသေကာ လူ ၃ ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ဒဏ်ရာရသူတွေထဲမှာ အုပ်ချုပ်ရေးအဖွဲ့က စာရေးမဆိုသူပါဝင်ပြီး ကျန်၂ယောက်ကတော့ ရပ်ကွက်ရုံးကို အလုပ်ကိစ္စလာတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။

” မနက် ၁၀ နာရီ ၄၅ လောက်မှာ ဗုံးပေါက်တယ် နောက်တော့ ၄ယောက်ဒဏ်ရာရလို့ ဆေးရုံခေါ်သွားတယ်၊ ခေါ်သွားကတည်းက၂ယောက်က ဒဏ်ရာပြင်းတယ်၊အဲ့ဒီပြင်းတဲ့အထဲ ရာအိမ်မှူးပါတယ် ဆေးရုံမှာသေတာလို့ ကြားပါတယ်”လို့ မုဒုံမြို့ခံတဦးကပြောပြပါတယ်။

ဗုံးပေါက်ကွဲပြီး ဒဏ်ရာရလူနာတွေကို ဆေးရုံပို့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာပြီးစစ်ဆေးမေးမြန်းတာတွေလုပ်ခဲ့တယ်လို့သိရ​ပြီး အဲ့ဒီဗုံးပေါက်ကွဲမှုဖြစ်စဥ်ဟာ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ဒါ့အပြင် အဲ့ဒီ မြို့မ၂ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးဟာ အရင်ကလည်း ဗုံးဖောက်ခွဲခံရတာတွေလည်း ရှိခဲ့တယ်လို့ သိရတယ်။

#voiceofmyanmar #VOM #မုဒုံ

Related posts

Leave a Comment

VOM News

FREE
VIEW