လုံခြုံရေး ရှေ့ပြေးရဲကားနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မှု ၂ ဦးသေ

ဆားတောင် ဖေဖော်ဝါရီ ၁၆၊ ၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

စစ်ကိုင်းမြို့နယ် ဆားတောင်မြို့ ၊ ကျော်ဇေယျာရွာ အနီး စစ်ကိုင်း-ရွှေဘို သွားရာကားလမ်းမှာယနေ့ နေ့လည် ၁နာရီခန့်အချိန်က လုံခြုံရေး ရှေ့ပြေးရဲကားနဲ့  ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းမြို့နယ် ရဲစခန်းကဆိုပါတယ်။

 

စစ်ကိုင်းမြို့မရဲစခန်းက ရဲလုံခြုံရေး ရှေ့ပြေးကားဟာ ရွှေဘိုအကျဉ်းထောင်ကို အကျဉ်းသားတွေ သွားပို့ပြီး အပြန်လမ်းမှာ စစ်ကိုင်းဖက်ကနေ ရွှေဘိုဖက်ကို မောင်းလာတဲ့ ဆိုင်ကယ်နဲ့ မျက်နှာချင်းဆိုင် တိုက်မိတာကြောင့် ဆိုင်ကယ်မောင်းလာတဲ့ မသင်းသင်းမိုးဟာ နေရာတင် သေဆုံးခဲ့ပြီး ဆိုင်ကယ်နောက်က ပါလာတဲ့ မသီတာ ဟာ ဒဏ်ရာအပြင်းအထန်နဲ့ စစ်ကိုင်းဆေးရုံကို ပို့နေတုန်း လမ်းမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

 

 

သေဆုံးသွားတဲ့ မသင်းသင်းမိုး(၂၀)နှစ်ဟာ ကျောက်တာတောင်ရွာ၊ မုံရွာမြို့  နေသူဖြစ်ပြီး၊ မသီတာ(၂၅)နှစ်ကတော့ ထန်းမြင့်ကျေးရွာ၊အရာတော်မြို့နယ် မှာနေထိုင်တယ်လို့သိရပါတယ်။

 

 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လုံခြုံရေးရှေ့ပြေးယာဉ်မောင်းသူ စစ်ကိုင်းမြို့မရဲစခန်းက ရဲဒုတပ်ကြပ် ထွန်းထွန်းလင်းကို ဆားတောင်နယ်မြေရဲစခန်းမှာ ယာဉ်(ပ) ၄/၁၉ ရာဇသတ်ကြီး ၃၀၄(က)၊ ယာဉ်မဆင်မခြင် မောင်းနှင်မှုနဲ့ ဖမ်းဆီး အမှုဖွင့် ထားတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW