ဥက္ကံမှာ ခရီးသည်တင်ကား၊ အုတ်သဲကျောက်တင်ကားနဲ့ ဆိုင်ကယ် တိုက်မိလို့ ၁ ဦး သေ၊ ၁ ဦး ပေါင်ကျိုး

ဇန်နဝါရီ ၂၄ – ၂၀၂၃
SN (VOM)

ရန်ကုန်- ပြည်လမ်း၊ ဥက္ကံမြို့ တောင်ဘက်အထွက်မှာ ဇန်နဝါရီ ၂၃ ရက်နေ့က ရန်ကုန်ဘက်ကလာတဲ့ ဆိုင်ကယ်နဲ့ အုတ်၊ သဲ၊ ကျောက်တင်တဲ့ ဖောကား၊ ခရီးသည်ယာဥ်တို့တိုက်မိခဲ့တာကြောင့် လူတဦးသေဆုံးကာ တဦးပေါင်ကျိုးခဲ့တယ်လို့ မေတ္တာရေစင် လူနာတင်ယာဉ်အသင်း (ဥက္ကံမြို့) ကနေ သိရပါတယ်။

“ကားနှစ်စီးတိုက်ပြီးမှ ဆိုင်ကယ်ကိုထပ်တိုက်တာ။အခင်းဖြစ်တဲ့နေရာကို ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာတော့ တယောက်ကတော့ အခြေအနေမကောင်းတော့ဘူး။ ဥက္ကံဆေးရုံကိုပို့လိုက်တယ်၊ ဆေးရုံကျမှသေသွားတာ။ အဲ့ဒီ့ကနေမှ ပေါင်ကျိုးတဲ့တယောက်ကို ရန်ကုန်ဆေးရုံကြီးကို ပို့ခဲ့တယ်“ လို့ မေတ္တာရေစင် လူနာတင်ယာဉ်အသင်း (ဥက္ကံမြို့) တာဝန်ရှိသူတဦးကပြောပါတယ်။

အဲ့ဒီ့ဖြစ်စဉ်မှာ ဆိုင်ကယ်ပေါ်က အမျိုးသမီး ၁ ဦးသေဆုံးခဲ့တာဖြစ်ပြီး ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသား ၁ ဦး ပေါင်ကျိုးဒဏ်ရာ၊ ခရီးသည်တင်ယာဥ်မှ ယာဥ်နောက်လိုက် ၁ ဦး ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Photo – မေတ္တာရေစင် လူနာတင်ယာဉ်အသင်း (ဥက္ကံမြို့)
#voiceofmyanmar #VOM #ဥက္ကံ #ယာဥ်တိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW