တရုတ်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့မှာ ပြင်းထန်တဲ့အအေးလှိုင်းဖြတ်မှုနဲ့ ရင်ဆိုင်နေရ

ပြုးယမ်း၊ ဇန်နဝါရီ-၂၄-၂၀၂၃ မျိုးဆက်(VOM) ကိုရီးယားကျွန်းဆွယ်မှာ အအေးလှိုင်းတွေ ရိုက်ခတ်နေတဲ့အတွက် နိုင်ငံတွင်းမှာ ဆိုးရွားတဲ့ရာသီဥတုအခြေအနေတွေနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားအာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံရဲ့ အဆင်းရဲဆုံးဒေသတွေဖြစ်တဲ့ မြောက်ပိုင်းဒေသတွေမှာ အပူချိန်ဟာ အနှုတ် ၃၀ ဒီဂရီစင်တီဂရိတ်ထိ ကျဆင်းသွားဖွယ်ရှိတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ရေဒီယိုဌာနက ကြေညာထားပါတယ်။ ဒါ့အပြင် ကမ်းရိုးတန်းဒေသတွေမှာ လေပြင်းတွေတိုက်ခတ်မယ်လို့ ပြောပါတယ်။ တောင်ကိုရီးယားမှာလည်း အအေးလှိုင်းသတိပေးချက်ထုတ်ပြန်ထားသလို တရုတ်နိုင်ငံမြောက်ပိုင်းမှာတော့ အပူချိန်ဟာ စံချိန်တင်ကျဆင်းနေပါတယ်။ ဂျပန်နိုင်ငံမှာလည်း ယခုသီတင်းပတ်အတွင်းမှာ ဆယ်စုနှစ်တခုအတွင်း အပူချိန်စံချိန်တင်ကျဆင်းနိုင်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာ အခြားနိုင်ငံတွေလို ဆိုးရွားတဲ့ရာသီဥတုတွေ ရင်ဆိုင်ခဲ့ရပေမယ့် ပြည်သူတွေအပေါ် သက်ရောက်မှုအခြေအနေတွေကို ထုတ်ပြန်ခြင်းမရှိပါဘူး။ ရန်ဂန်၊ မြောက်ဟမ်ယောင်၊ တောင်ဟမ်ယောင်တို့လို ရာသီဥတုဆိုးရွားမှုနဲ့ ကြုံတွေ့ရလေ့ရှိတဲ့ ပြည်နယ်တွေဟာ နိုင်ငံမြောက်ပိုင်းမှာတည်ရှိနေပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းက ဆယ်စုနှစ်လေးခုအတွင်း အဆိုးရွားဆုံးမိုးခေါင်ရေရှားမှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ထုတ်ပြန်ဖူးပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ တိုင်ဖွန်းမုန်တိုင်း ငါးကြိမ်၀င်ရောက်တိုက်ခတ်ခဲ့ပြီး အဆောက်အအုံတွေနဲ့…

Read More

ရှမ်းနီ သွေးစည်းညီညွှတ်ရေး(SSP)ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ပစ်သတ်ခံရ

ဇန်နဝါရီ ၂၄ -၂၀၂၃ SP (VOM) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ၊ မိုးညှင်း​မြို့နယ်၊ နမ္မားမြို့က လက်ဘက်ရည်တဆိုင်မှာ ဒီကနေ့ မနက်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဒီမနက်ပိုင်းက ကိုဆန်းဝင်း လက်ဘက်ရည်ဆိုင်မှာ လက်ဘက်ရည်သောက်နေတဲ့ ရှမ်းနီ သွေးစည်းညီညွှတ်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးတင်ညွှန့် ပစ်သတ်ခံရတာ “လို့ ရှမ်းနီ သွေးစည်းညီညွတ်ရေးပါတီဝင် တယောက်က ပြောပါတယ်။ အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး မိုးညှင်းခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” SSP ပါတီက ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်ဟောင်း ဦးတင်ညွန့်ဟာ လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခံရတာဖြစ်တယ် ၊ ဦးတင်ညွန့်ဟာ ရပ်မိရပ်ဖတဦးအနေနဲ့ ၂၀၂၃ ရွေးကောက်ပွဲ ကျင်းပဖို့ လူဦးရေစာရင်း ကောက်တဲ့ နေရာမှာ…

Read More

၂၀၂၂ခုနှစ်အတွင်း ဧရာဝတီတိုင်းမှာ သဘာဝဘေး(၅၈၆)ကြိမ်ဖြစ်ခဲ့ပြီး လူ (၂၁)ဦးသေဆုံး၊ (၁၁၃၈၆)ဦး သဘာဝဘေးဒဏ်ခံစားခဲ့ရ

ဇန်နဝါရီ ၊ ၂၄-၂၀၂၃ MM(VOM) ဧရာဝတီတိုင်းမှာ ပြီးတဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ကနေ ဒီဇင်ဘာလအထိ (၁)နှစ်ကာလအတွင်း သဘာဝဘေးအန္တရာယ် (၅၈၆)ကြိမ်ဖြစ်ပွားခဲ့ပြီး လူ (၂၁)ယောက် သေဆုံးကာ အိမ်ထောင်စု (၂၈၆၅)စုက လူ (၁၁၃၈၆)ယောက် သဘာဝဘေးဒဏ်ခံစားခဲ့ကတယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ် ။ ”ပြီးခဲ့တဲ့ (၁)နှစ်အတွင်း သဘာဝဘေးတွေထဲမှာ လေပြင်းတိုက်ခတ်တဲ့ သဘာဝဘေးက အများဆုံးဖြစ်ခဲ့တယ် ၊ လေပြင်းဘေး (၁၉၆)ကြိမ် ဖြစ်ခဲ့တာပါ ၊ သဘာဝဘေး အကြိမ်ရေ အားလုံးထဲကနေ အိမ်ထောင်စု (၂၈၆၅)စု လူဦးရေ (၁၁၃၈၆)ယောက် သဘာဝဘေး ဒဏ်ကိုခံစားခဲ့ရတယ် ၊ လူ (၂၁)ယောက်သေဆုံးခဲ့တယ်လို့ သိရတယ် ၊ ထောက်ပံ့တာတွေလည်း မနည်းလုပ်ခဲ့ရတယ်၊ သေဆုံးသူတွေထဲမှာတော့ လေပြင်းတိုက်ခတ်လို့ သေဆုံးတာ ၊ တောဆင်ရိုင်း ဘေးတိုက်ခိုက်လို့ သေဆုံးတာ၊…

Read More

ကျိုက်ထိုမြို့နယ်ထဲက ကျေးရွာအချို့မှာ လက်နက်ကြီးတွေကျလို့ ဒေသခံ ၄၀၀၀ နီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရ

ဇန်နဝါရီ ၂၄ – ၂၀၂၃ GG(VOM) မွန်ပြည်နယ် ၊ကျိုက်ထိုမြို့နယ်ထဲက ရွာအချို့မှာ လက်နက်ကြီးတွေ မကြာခဏကျရောက်ပေါက်ကွဲမှုဖြစ်နေလို့ ဒေသခံ ၃၈၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့မနေ့ ဇန်နဝါရီ၂၃ ရက်နေ့ညပိင်း သတင်းထုတ်ပြန်မှုအရ သိရပါတယ်။ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့ရွာတွေကတော့ ဝင်းကံကျေးရွာ ၊ဇီးပြောင်းကျေးရွာ ၊ ပျဥ်းကတိုးကုန်းကျေးရွာ နဲ့ ခရွဲကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။ ” အခုလ ပထမအပတ်တုန်းကလည်း ဝင်းကံရွာမှာလက်နက်ကြီးကျလို့ ၂ယောက်သေတယ်၊ဒဏ်ရာရသူတွေလည်းရှိတယ်။ လက်နက်ကြီးတွေကျလို့ လူတွေလည်းစစ်ဘေးရှောင်နေရတာ အများကြီးပဲရှိတာ ကြားပါတယ် “လို့ ကျိုက်ထိုဒေသခံပရဟိတသမားတဦးကပြောပါတယ်။ အဲ့ဒီကျေးရွာ ၄ ရွာလုံးမှာ လက်နက်ကြီးတွေကျရောက်ပေါက်ကွဲလို့ ဒေသခံတချို့လည်း သေဆုံးတာတွေရှိခဲ့တဲ့အပြင် ဒဏ်ရာရသူတွေနဲ့ နေအိမ်အဆောက်အဦး ပျက်ဆီးမှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ KNU ရဲ့ထုတ်ပြန်ချက်မှာတော့ နစကရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဲ့ဒီကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့မကြာခဏပစ်ခတ်နေတာဖြစ်တယ်လို့ ရေးသားထားပြီး VOM အနေနဲ့တော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။ မွန်ပြည်နယ်ထဲမှာတော့…

Read More

နေတိုးအဖွဲ့ထဲ ဆွီဒင်၀င်ဖို့ မမျှော်လင့်နဲ့လို့ တူရကီသမ္မတအာဒိုဂန် သတိပေး

အန်ကာရာ၊ ဇန်နဝါရီ-၂၄-၂၀၂၃ မျိုးဆက်(VOM) ဆွီဒင်အနေဖြင့် နေတိုးအဖွဲ့ထဲ ၀င်ရောက်ရေးကြိုးပမ်းမှုမှာ တူရကီရဲ့ထောက်ခံမှုကို မမျှော်လင့်သင့်ကြောင်း တူရကီသမ္မတ အာဒိုဂန်က ဇန်နဝါရီ ၂၃ ရက်မှာ သတိပေးလိုက်ပါတယ်။ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာပြုလုပ်တဲ့ ဆန္ဒပြပွဲတခုမှာ ကာ့ဒ်ဆန္ဒပြသူတွေက အာဒိုဂန်ရဲ့ပုံနဲ့ ကိုရ်အာန်ကျမ်းတစောင်ကို မီးရှို့ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ တူရကီသမ္မတ အာဒိုဂန်က အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်ပြီးနောက် ဆွီဒင်ဟာ နေတိုးအဖွဲ့ထဲ ၀င်ရောက်ဖို့ လျှောက်ထားပြီးဖြစ်ပေမယ့် နေတိုးအဖွဲ့၀င်နိုင်ငံဖြစ်တဲ့ တူရကီရဲ့ ထောက်ခံမှုလိုအပ်နေပါသေးတယ်။ လက်ယာစွန်းပါတီတခုက ဦးဆောင်ပြုလုပ်တဲ့ အဆိုပါဆန္ဒပြပွဲကို တူရကီသမ္မတ အာဒိုဂန်က ရှုတ်ချထားသလို ဆွီဒင်အစိုးရကလည်း ဆန္ဒပြပွဲကို ဝေဖန်ပြောဆိုထားပါတယ်။ မိမိတို့သံရုံးရှေ့မှာ အခုအရှက်ရစေအောင်ဆန္ဒပြမှုပြုခဲ့တဲ့အတွက် နေတိုးအဖွဲ့၀င်နိုင်ငံဖြစ်ရေး ဆွီဒင်ရဲ့ လျှောက်ထားမှုမှာ တူရကီရဲ့ထောက်ခံမှု မျှော်လင့်လို့မရဘူးဆိုတာ ရှင်းနေကြောင်း အာဒိုဂန်က ပြောဆိုထားပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM #အန်ကာရာ

Read More

ဥက္ကံမှာ ခရီးသည်တင်ကား၊ အုတ်သဲကျောက်တင်ကားနဲ့ ဆိုင်ကယ် တိုက်မိလို့ ၁ ဦး သေ၊ ၁ ဦး ပေါင်ကျိုး

ဇန်နဝါရီ ၂၄ – ၂၀၂၃ SN (VOM) ရန်ကုန်- ပြည်လမ်း၊ ဥက္ကံမြို့ တောင်ဘက်အထွက်မှာ ဇန်နဝါရီ ၂၃ ရက်နေ့က ရန်ကုန်ဘက်ကလာတဲ့ ဆိုင်ကယ်နဲ့ အုတ်၊ သဲ၊ ကျောက်တင်တဲ့ ဖောကား၊ ခရီးသည်ယာဥ်တို့တိုက်မိခဲ့တာကြောင့် လူတဦးသေဆုံးကာ တဦးပေါင်ကျိုးခဲ့တယ်လို့ မေတ္တာရေစင် လူနာတင်ယာဉ်အသင်း (ဥက္ကံမြို့) ကနေ သိရပါတယ်။ “ကားနှစ်စီးတိုက်ပြီးမှ ဆိုင်ကယ်ကိုထပ်တိုက်တာ။အခင်းဖြစ်တဲ့နေရာကို ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာတော့ တယောက်ကတော့ အခြေအနေမကောင်းတော့ဘူး။ ဥက္ကံဆေးရုံကိုပို့လိုက်တယ်၊ ဆေးရုံကျမှသေသွားတာ။ အဲ့ဒီ့ကနေမှ ပေါင်ကျိုးတဲ့တယောက်ကို ရန်ကုန်ဆေးရုံကြီးကို ပို့ခဲ့တယ်“ လို့ မေတ္တာရေစင် လူနာတင်ယာဉ်အသင်း (ဥက္ကံမြို့) တာဝန်ရှိသူတဦးကပြောပါတယ်။ အဲ့ဒီ့ဖြစ်စဉ်မှာ ဆိုင်ကယ်ပေါ်က အမျိုးသမီး ၁ ဦးသေဆုံးခဲ့တာဖြစ်ပြီး ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသား ၁ ဦး ပေါင်ကျိုးဒဏ်ရာ၊ ခရီးသည်တင်ယာဥ်မှ ယာဥ်နောက်လိုက် ၁ ဦး ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့တယ်လို့…

Read More

ဘုရားသုံးဆူက လဝက၊စည်ပင်၊စရဖရုံး အပါအဝင် ထွေ/အုပ်ရုံးတွေ မီးလောင်ပျက်ဆီးခဲ့

ဇန်နဝါရီ ၂၄ – ၂၀၂၃ GG(VOM) ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ် ၊ဘုရားသုံးဆူမြို့မှာ မနေ့ ဇန်နဝါရီ၂၃ ရက် ညပိုင်းက ဌာနဆိုင်ရာရုံး ၄ရုံး မီးလောင်ပျက်ဆီးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မြို့နယ်အထွေထွေအုပ်ချုပ်အုပ်ရေးဦးစီးဌာနရုံး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနရုံး၊ စည်ပင်သာ ယာရေးရုံးနဲ့ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံး(စရဖ) ရုံးတွေ မီးလောင်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာ ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ ” မနေ့ကည ၉ နာရီကျော်လောက်မှာ စုပေါင်းရုံးနေရာဝန်းထဲက ရုံးတွေမီးလောင်တယ်၊နောက်တော့ နှစ်ဘက်တိုက်ပွဲတွေဖြစ်တယ်။ ပစ်ခတ်တာတွေ၊လက်နက်ကြီးပစ်တာတွေ တညလုံးပဲ။ရုံး၄ခုလုံးကတော့ အကုန်ပျက်စီးသွားတာ၊ ပုံတွေလည်းတွေ့ရတယ်။ အဲ့ဒီနေရာက ဝန်ထမ်းတွေမရှိတော့ဘူး အဆောက်အဦကြီး သက်သက်ရှိတော့တဲ့နေရာပါ “လို့ ဒေသခံတဦးက ပြောပါတယ်။ အဲ့ဒီရုံးတွေ မီးရှို့ဖျက်ဆီးမှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာလို့ ဒေသခံတွေကဆိုပေမယ့် သူတို့အနေနဲ့ကတော့ ဘုရားသုံးဆူကိစ္စနဲ့ပတ်သက်လို့ အခုချိန်ထိ သတင်းထုတ်ပြန်တာမျိုးမရှိသေးတာကို တွေ့ရပါတယ်။ မနေ့ညက ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေထဲမှာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိနိုင်တယ်လို့ သိရပေမယ့်…

Read More

ကယ်လီဖိုးနီးယားမှာ နှစ်ရက်အတွင်း ဒုတိယအကြိမ်ပစ်ခတ်မှု လူခုနှစ်ဦး သေဆုံးပြန်

၀ါရှင်တန်၊ ဇန်နဝါရီ-၂၄-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၁ ဦးသေဆုံးပြီးနောက် နှစ်ရက်အကြာ ဇန်နဝါရီ ၂၃ ရက်မှာ နောက်ထပ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ခုနှစ်ဦး သေဆုံးသွားပါတယ်။ အဲဒီပစ်ခတ်မှုဟာ ဆန်ဖရန်စစ္စကိုမှ မိုင် ၃၀ အကွာရှိ ဟတ်ဖ်မွန်းဘေးဒေသရှိ နေရာနှစ်ခုမှာ ဇန်နဝါရီ ၂၃ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်သူဟာ အဆိုပါဒေသမှာနေထိုင်တဲ့ အသက် ၆၇ နှစ်အရွယ် ကျောင်ချွှန်လီဆိုသူဖြစ်ပြီး လက်ရှိမှာ သူ့ကိုရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန်သူတဦးတော့ ဆေးရုံမှာ ကုသမှုခံယူနေရပြီး အခြေအနေစိုးရိမ်ရကြောင်း၊ တိုက်ခိုက်သူကို အခင်းဖြစ်ရာနေရာမှာ ပစ္စတိုတစ်လက်နဲ့အတူ ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ အာရှနွယ်ဖွားအများစုနေထိုင်ရာ မွန်တာရီပါ့ခ်မှာ တရုတ်နှစ်သစ်ကူးကာလက ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရက်ပိုင်းအကြာမှာ ပြည်နယ်အတွင်း ဒုတိယအကြိမ် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး…

Read More
VOM News

FREE
VIEW