၂၀၂၂ခုနှစ်အတွင်း ဧရာဝတီတိုင်းမှာ သဘာဝဘေး(၅၈၆)ကြိမ်ဖြစ်ခဲ့ပြီး လူ (၂၁)ဦးသေဆုံး၊ (၁၁၃၈၆)ဦး သဘာဝဘေးဒဏ်ခံစားခဲ့ရ

ဇန်နဝါရီ ၊ ၂၄-၂၀၂၃
MM(VOM)

ဧရာဝတီတိုင်းမှာ ပြီးတဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ကနေ ဒီဇင်ဘာလအထိ (၁)နှစ်ကာလအတွင်း သဘာဝဘေးအန္တရာယ် (၅၈၆)ကြိမ်ဖြစ်ပွားခဲ့ပြီး လူ (၂၁)ယောက် သေဆုံးကာ အိမ်ထောင်စု (၂၈၆၅)စုက လူ (၁၁၃၈၆)ယောက် သဘာဝဘေးဒဏ်ခံစားခဲ့ကတယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ် ။

”ပြီးခဲ့တဲ့ (၁)နှစ်အတွင်း သဘာဝဘေးတွေထဲမှာ လေပြင်းတိုက်ခတ်တဲ့ သဘာဝဘေးက အများဆုံးဖြစ်ခဲ့တယ် ၊ လေပြင်းဘေး (၁၉၆)ကြိမ် ဖြစ်ခဲ့တာပါ ၊ သဘာဝဘေး အကြိမ်ရေ အားလုံးထဲကနေ အိမ်ထောင်စု (၂၈၆၅)စု လူဦးရေ (၁၁၃၈၆)ယောက် သဘာဝဘေး ဒဏ်ကိုခံစားခဲ့ရတယ် ၊ လူ (၂၁)ယောက်သေဆုံးခဲ့တယ်လို့ သိရတယ် ၊ ထောက်ပံ့တာတွေလည်း မနည်းလုပ်ခဲ့ရတယ်၊ သေဆုံးသူတွေထဲမှာတော့ လေပြင်းတိုက်ခတ်လို့ သေဆုံးတာ ၊ တောဆင်ရိုင်း ဘေးတိုက်ခိုက်လို့ သေဆုံးတာ၊ မိကျောင်းကိုက်လို့ သေဆုံးခဲ့ရတာပါ။”လို့ တာဝန်ရှိသူ တယောက်ကပြောပါတယ်။

ဧရာဝတီ တစ်တိုင်းလုံး အတိုင်းအတာနဲ့ သဘာဘေးအန္တရာယ် (၅၈၆)ကြိမ် ဖြစ်ပွားခဲ့တဲ့အထဲမှာ လေပြင်းတိုက်ခတ်မှု (၁၉၆)ကြိမ် ၊ မီးဘေး ၊ ကမ်းပြိုဘေး ၊ မိုးကြိုးဘေး ၊ တောဆင်ရိုင်းဘေး ၊ မိကျောင်းအန္တရာယ်ပြုခံရတဲ့ဘေး စတဲ့ သဘာဝဘေးအန္တရာယ်အကြိမ်ရေ (၃၉၀)အထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေထဲမှာ
ပုသိမ်ခရိုင် ၊ လပွတ္တာခရိုင် ၊ မြောင်းမြခရိုင်တွေထဲက မြို့နယ်တွေနဲ့ မြို့နယ်ခွဲတွေမှာ အများဆုံးဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

သဘာဝဘေးသင့်သူတွေကို ဆန်ရိက္ခာနဲ့ အိမ်ဆောက် ပစ္စည်းဖိုးငွေကျပ် (၁၇၅၃၃၆၄၀၀)နဲ့
ကယ်ဆယ်ရေးပစ္စည်း ငွေကျပ် (၄၃၉၅၁၉၃၀)စုစုပေါင်း ငွေကျပ် (၂၁၉၂၈၈၃၃၀) ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သဘာဘေးအန္တရာယ် မဖြစ်ပွားခင်က သဘာဝဘေးကာကွယ်ရေးလုပ်ငန်းတွေအတွက် ငွေကျပ် (၂၂၇၀၉ ၅၅၀၀)ဖိုးအသုံးပြုကာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ ဧရာဝတီတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW