ကယ်လီဖိုးနီးယားမှာ နှစ်ရက်အတွင်း ဒုတိယအကြိမ်ပစ်ခတ်မှု လူခုနှစ်ဦး သေဆုံးပြန်

၀ါရှင်တန်၊ ဇန်နဝါရီ-၂၄-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၁ ဦးသေဆုံးပြီးနောက် နှစ်ရက်အကြာ ဇန်နဝါရီ ၂၃ ရက်မှာ နောက်ထပ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ခုနှစ်ဦး သေဆုံးသွားပါတယ်။

အဲဒီပစ်ခတ်မှုဟာ ဆန်ဖရန်စစ္စကိုမှ မိုင် ၃၀ အကွာရှိ ဟတ်ဖ်မွန်းဘေးဒေသရှိ နေရာနှစ်ခုမှာ ဇန်နဝါရီ ၂၃ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်သူဟာ အဆိုပါဒေသမှာနေထိုင်တဲ့ အသက် ၆၇ နှစ်အရွယ် ကျောင်ချွှန်လီဆိုသူဖြစ်ပြီး လက်ရှိမှာ သူ့ကိုရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန်သူတဦးတော့ ဆေးရုံမှာ ကုသမှုခံယူနေရပြီး အခြေအနေစိုးရိမ်ရကြောင်း၊ တိုက်ခိုက်သူကို အခင်းဖြစ်ရာနေရာမှာ ပစ္စတိုတစ်လက်နဲ့အတူ ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။

အာရှနွယ်ဖွားအများစုနေထိုင်ရာ မွန်တာရီပါ့ခ်မှာ တရုတ်နှစ်သစ်ကူးကာလက ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရက်ပိုင်းအကြာမှာ ပြည်နယ်အတွင်း ဒုတိယအကြိမ် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘယ်လိုရည်ရွယ်ချက်နဲ့တိုက်ခိုက်တယ်ဆိုတာကို တာ၀န်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ကိဗ်ယက်

Related posts

Leave a Comment

VOM News

FREE
VIEW