ရန်ကုန်မှာ ကားတစီး အရှိန်မထိန်းနိုင်ဘဲ ခြံစည်းရိုးဝင်တိုက်ရာကနေ မီးလောင်ပြီး ယာဥ်မောင်းသေဆုံး

မတ် ၁ – ၂၀၂၃
GG(VOM)

ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ် ၊သစ္စာလမ်း၊စာတိုက်မှတ်တိုင် မီးပွိုင့်အနီးမှာ အငှားယာဉ်တစီး မီးလောင်မှုဖြစ်ပြီး ယာဥ်မောင်းသေဆုံးခဲ့သလို ယာဥ်ပေါ်ပါသူ နောက်တဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ဖြစ်စဥ် မနေ့ ဖေဖော်ဝါရီ ၂၈ရက် ညပိုင်းကဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

မနေ့ ည ၈ နာရီခွဲဝန်းကျင်လောက်မှာ ကားကမောင်းလာရင်း အရှိန်လွန်ပြီး ခြံစည်းရိုးဝင်တိုက်မိရာကနေ ဂက်စ်အိုးပေါက်ကွဲကာ မီးလောင်ခဲ့တာဖြစ်ကြောင်း ဒဏ်ရာရသူကလည်း စိုးရိမ်ရတယ်လို့ သိရပါတယ်။

” ကျနော်တို့ရောက်တော့ ယာဥ်မောင်းက အခင်းနေရာမှာ သေဆုံးနေပြီ၊နောက်တယောက်ကလည်း အနီရောင်အဆင့်ပါ။ မီးလောင်တဲ့အချိန်ခဏလေးကို ဖြစ်သွားတာ၊ကားကအရှိန်မထိန်းနိုင်ဘဲ ခြံစည်းရိုးဝင်တိုက်မိပြီးCNGအိုးမီးလောင်ပေါက်ကွဲတာ “လို့ ကူညီမှုပေးခဲ့တဲ့ ရွှေရောင်တွဲလက်ပရဟိတအသင်း အဖွဲ့ဝင်တဦးပြောပြပါတယ်။

အငှားယာဥ်ဟာ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ချိန် ၁၀ မိနစ်ခန့်အတွင်း လူသေဆုံးတဲ့အထိ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားနောက်ပိုင်းလည်း ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရအမျိုးသားဟာ ခြေထောက်၊လက်တွေ ပြတ်ထွက်နေပြီး စိုးရိမ်ရ​ပြီး လက်ရှိမှာ စံပြဆေးရုံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဥ်ကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့နဲ့ ရွှေရောင်တွဲလက်ပရဟိတအသင်း အပါအဝင် လူမှုကူညီရေးအသင်းတွေက သွားရောက်မီးငြှိမ်းသတ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရန်ကုန်မှာ ကားတစီးမီးလောင်မှုရှိခဲ့ပေမယ့် လူထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ကားမီးလောင်ပေါက်ကွဲ #လူတဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW