နေပြည်တော်ရှိ မန္တလေးပါရာဒိုက်စားသောက်ဆိုင်အနီးမှာ ပေါက်ကွဲမှုဖြစ်ပွါး

  မတ် ၁-၂၀၂၃ Voice Of Myanmar(VOM) နေပြည်တော်ရှိ မန္တလေးပါရာဒိုက်စားသောက်ဆိုင်မှာ ဒီကနေ့ ည ၈ နာရီက ပေါက်ကွဲမှုဖြစ်တဲ့အသံတခုကြားခဲ့ရတယ်လို့ ဆိုင်ရဲ့ပတ်ဝန်းကျင်ပြောစကားသိရပါတယ်။ “ဆိုင်ရဲ့အနောက်ဖက်လမ်းကြားက အသံကြားရတာပဲ ၈ နာရီဝန်းကျင်လောက်ကကြားရတာပေါ့နော်၊အခုတော့လုံခြုံရေးတွေရောက်နေပြီး ပိတ်ဆို့စစ်ဆေးမှုတွေလုပ်နေတာ တွေ့ရတယ် “လို့ မန္တလေးပါရာဒိုက်အနီးနေထိုင်သူအချို့ကပြောပါတယ်။ ဆိုင်အနီးအနား ပတ်ဝန်ူကျင်နေထိုင်သူတွေရဲ့ ပြောဆိုချက်အရတော့ ဂတ်စ်အိုးကွဲတာလို့ သိရပေမယ့် VOMအနေနဲ့ အတည်ပြုနေဆဲဖြစ်ပါတယ်။ မနေ့ ဖေဖော်ဝါရီ ၂၈ရက် ညနေပိုင်းကလည်း နေပြည်တော်၊ရွှေကြာပင်ရပ်ကွက်၊မြစ်ငယ်လမ်းရှိ ဦးမြတ်ငြိမ်း(ကြံ့ခိုင်ရေးအစိုးရလက်ထက် အမျိုးသားလွှတ်တော်ဒု ဥက္ကဋ္ဌဟောင်း)ရဲ့နေအိမ်အနီးမှာ ပေါက်ကွဲမှုဖြစ်ပွါးခဲ့သေးတယ်လို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #နေပြည်တော် #ပေါက်ကွဲမှု

Read More

ထိုင်း တောင်ပိုင်းမှာ အထောက်အထားမဲ့သူတွေအပါအဝင် မြန်မာလုပ်သား(၁၁၈)ဦး ဖမ်းဆီးခံရ

မတ်၊၁-၂၀၂၃ MM(VOM) ထိုင်းနိုင်ငံတောင်ပိုင်း၊ ပရာကျွတ်ခီရီခန်ခရိုင်မှာ မနေ့ ဖေဖော်ဝါရီ(၂၈)ရက်က နိုင်ငံသားအထောက်အထားမဲ့သူတွေအပါအဝင် တရားမဝင်လာရောက်တဲ့ မြန်မာအလုပ်သမား(၁၁၈)ယောက်ကို ထိုင်းရဲတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီ မြန်မာအလုပ်သမား(၁၁၈)ယောက်ထဲက(၁၀၆) ယောက်ကို ပရာကျွတ် ခီရီခန်ခရိုင်ဘန့်စဖန်းဒေသ ဖက်က ဆန်လမ်းမဘေးမှာရပ်တန့်ထားတဲ့(၆)ဘီးတပ်အလုံပိတ် ကုန်တင်ကား(၁) စီးပေါ်ကနေ ဒေသခံတွေရဲ့သတင်းပေးချက်အရ ထိုင်းရဲတပ်ဖွဲ့ကသွားရောက်ဖမ်းမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ကျန်တဲ့(၁၂) ယောက်ကိုတော့ ပရာကျွတ်ခီရီခန်ခရိုင်၊ ဟွေ့စိုင်းဒေသမှာရှိတဲ့ နာနတ်သီးခြံထဲမှာ ပုန်းနေ နေတာကို နယ်ခြားစောင့် ထိုင်းရဲတပ်ဖွဲ့ကတွေ့ရှိကာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းမိတဲ့ မြန်မာအလုပ်သမား (၁၁၈)ယောက်ထဲက အများစုဟာ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းကလာတဲ့သူတွေလည်းပါတယ်လို့ သိရပါတယ်။ ”အထောက်အထာမဲ့သူတွေလည်းပါတယ် ၊ အများစုက ရခိုင်ပြည်နယ်ကလာတာတဲ့ ၊ အရင်ဆုံးအဖမ်းခံရတဲ့ ၁၀၆ ယောက်က တနေရာ၊ သူတို့တွေကို သတင်းအရ သွားဖမ်းမိတာတဲ့၊ နောက်ထပ် ၁၂ ယောက်က သက်သက်နေရာပါ၊ နာနတ်သီးခြံထဲမှာ ပုန်းနေတာကို သွားဖမ်းတာ အားလုံး…

Read More

ရွှေပြည်သာက တရုတ်နိုင်ငံသားပိုင် စက်ရုံ၂ရုံ ပိတ်သိမ်းလိုက်လို့ အလုပ်သမား ၂၀၀၀ ကျော် အလုပ်ပြုတ်

မတ် ၁ – ၂၀၂၃ GG(VOM) ရန်ကုန် ၊ရွှေပြည်သာမြို့နယ်ထဲက ဝါးတစ်ရာစက်မှုဇုန်မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံ ၂ရုံ ပိတ်သိမ်းလိုက်တာကြောင့် အလုပ်သမား၂၀၀၀ ကျော်ခန့် အလုပ်လက်မဲ့ဖြစ်ကုန်တယ်လို့ သိရပါတယ် ။ ပိတ်သိမ်းလိုက်တဲ့စက်ရုံတွေကတော့ GTIGနဲ့ GY Sen ကုမ္ပဏီတွေဖြစ်ပြီး ကုမ္ပဏီ၂ခုလုံးကတော့ Primark Brandကို ချုပ်လုပ်ကြတာဖြစ်ပြီး စက်ရုံတရုံမှာ အလုပ်သမား ၁၀၀၀ ကျော်ရှိကြောင်း ၊စက်ရုံကိုတော့ မနေ့ ဖေဖော်ဝါရီ၂၈ ရက်နေ့မှာပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ” ရွှေပြည်သာ ရဲ့ ဝါးတရာစက်မှူဇုန်မှာ အလုပ်သမား ထောင်ကျော်ရှိတဲ့စက်ရုံ နှစ်ရုံပိတ်သိမ်းပါမယ်။နှစ်ရုံလုံးက တရုပ်လုပ်ငန်းရှင်တွေ ပိုင်ကြတာ။ချုပ်တာလည်း အတူတူပဲ။နှစ်ရုံလုံး Primark brandကိုပဲ ချုပ်တာဖြစ်ပါတယ်။လုပ်ငန်းပိတ်သိမ်းတဲ့အခါ Gysan စက်ရုံဘက်က သမဂ္ဂနဲ့ WCCမှာစာချုပ် ချုပ်ပေးခဲ့တယ်။ “လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM အဖွဲ့ တာဝန်ရှိသူကပြောပါတယ်။ Gysen…

Read More

မြန်မာပြည်သူတွေအတွက် ဂျပန်အစိုးရက ဒေါ်လာသန်း ၆၀ ကျော်ဖိုးရှိ လူသားချင်းစာနာမှု အကူအညီပေးမည်

တိုကျို၊ မတ်-၁-၂၀၂၃ မျိုးဆက်(VOM) ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ဒေါ်လာသန်း ၆၀ ကျော်ပေးရန် ဖေဖော်ဝါရီ ၂၈ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေဟာ အရေးတကြီးကိစ္စရပ်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ဂျပန်အစိုးရကပြောပါတယ်။ ဂျပန်အစိုးရအနေနဲ့ ဒီထောက်ပံ့မှုတွေကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး( UNHCR) အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး မြန်မာပြည်သူတွေအတွက် ဆေးဝါးနဲ့ အစားအသောက်တွေ ထောက်ပံ့ဖို့ စီစဉ်နေပါတယ်။ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ဂျပန်နိုင်ငံက အကူအညီတွေ ဆက်လက်ပံ့ပိုပေးသွားမယ်လို့ ဂျပန်နိုင်ငံခြားရေး၀န်ကြီး ဟာယာရှိင်္ယိုရှီမာဆာ ကပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် နှစ်နှစ်အကြာမှာ နစကက အရေးပေါ်အခြေအနေကို နောက်ထပ်ခြောက်လ သက်တမ်းတိုးခဲ့့ပါတယ်။ Ref: NHK #voiceofmyanmar #VOM #တိုကျို

Read More

မောင်လမြိုင်မှာ နေအိမ်၄လုံးမီးလောင်ပြီး ၄နှစ်အရွယ်ကလေးငယ်နဲ့ အဖိုးဖြစ်သူ မီးလောင်သေဆုံး

မတ် ၁ – ၂၀၂၃ GG(VOM) မော်လမြိုင်မြို့ ၊လိူင်ရပ် ကွက်၊ဘဲကုန်စျေး အနောက်ဘက် မီးလောင်မှုဖြစ်ပြီး ကလေးတ​ယောက်နဲ့ အသက်ကြီးအမျိုးသားတယောက် မီးလောင်သေဆုံးခဲ့တယ်လို့သိရပါတယ်။ ဒီနေ့ မတ်လ ၁ ရက်နေ့ ၊နေ့လယ်၂ နာရီ ၄၀ လောက်မှာ မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး မီးလောင်မှုကြောင့် ပျဥ်ထောင် နေအိမ် ၄ လုံးမီးလောင်ပျက်စီးကာ လူသေဆုံးမှုပါရှိခဲ့တာဖြစ်ပါတယ်။ ” ကလေး ၁ယောက်နဲ့အဖိုးကြီးတယောက်သေတယ်၊အဲ့ဒါတအိမ်ထဲက ပဲသေတာပါ။ကျန်တဲ့ထိခိုက်ဒဏ်ရာရသူတော့မရှိဘူး။ အခုထိ မီးလောင်ပြင်ကယ်ဆယ်ရေးမှာပဲရှိနေတယ် ၊ဘာကြောင့်မီးလောင်လဲတော့မသိသေးပါဘူး။ဝါယာရှော့ဖြစ်ဖို့တော့များတယ် “လို့ ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌကပြောပါတယ် ။ သေဆုံးတဲ့ကလေးဟာ ရင်ခွင်ပိုက်အရွယ် အသက် ၄ နှစ်ဖြစ်ပြီး အဖိုးအိုကတော့ လေဖြတ်ထားတဲ့သူ ဖြစ်ကြောင်း သေဆုံးရုပ်အလောင်းတွေကို မော်လမြိုင်ဆေးရုံကိုပို့ဆောင်ဖို့လုပ်နေတယ်လို့ ကနဦးသိရပါတယ်။ မီးလောင်ပြင်ကို မော်လမြိုင်ကမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ ဒေသခံပရဟိတအသင်းတွေက ဝိုင်းဝန်းမီးငြှိမ်းသတ်ကာ ကူညီကယ်ဆယ်ရေးလုပ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ Photo – နတ်သား #voiceofmyanmar #VOM…

Read More

ဂရိမှာ ရထားနှစ်စင်း ခေါင်းချင်းဆိုင်၀င်တိုက်မှုကြောင့် ၃၂ ဦးသေဆုံး

အေသင်၊ မတ်-၁-၂၀၂၃ မျိုးဆက်(VOM) ဂရိနိုင်ငံမြောက်ပိုင်းမှာ ဖေဖော်ဝါရီ ၂၈ ရက်ကဖြစ်ပွားခဲ့တဲ့ ရထားနှစ်စင်းခေါင်းချင်းဆိုင်တိုက်မိမှုကြောင့် လူ ၃၂ ဦးသေဆုံးသွားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ အဲဒီမတော်တဆမှုဟာ လာရစ်ဆာမြို့အနီးမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူဒါဇင်များစွာ ဒဏ်ရာရရှိခဲ့ကာ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးသမားတွေက ညလုံးပေါက် ရှာဖွေမှုများလုပ်ဆောင်နေပါတယ်။ မီးသတ်သမား ၁၅၀ ဦးနဲ့ လူနာတင်ယာဉ် အစီး ၄၀ ခန့်အခင်းဖြစ်ရာနေရာမှာ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပြီး အပျက်အစီးတွေကို ဖယ်ရှားဖို့အတွက် ကရိန်းတွေကိုအသုံးပြုလုပ်ဆောင်နေရကြောင်း အရေးပေါ်၀န်ဆောင်မှုဌာနကပြောပါတယ်။ ကုန်တင်ရထားနဲ့ ခရီးသည်တင်ရထားတိုက်မိမှုကြောင့် ခရီးသည်တင်ရထားရဲ့ ရှေ့တွဲလေးတွဲ လမ်းချော်သွားပြီး ပထမဆုံးနှစ်တွဲကတော့ လုံး၀နီးပါး ပျက်စီးသွားသည်အထိ မီးလောင်ကျွမ်းသွားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ ခရီးသည်တင်ရထားပေါ်မှာ လူ ၃၅၀ ကျော်လိုက်ပါခဲ့ပြီး ရထားနှစ်စင်းတိုက်မိတဲ့ အကြောင်းရင်းကတော့ ရှင်းလင်းစွာမသိရသေးကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ Ref: BBC Photo: Reuters #voiceofmyanmar #VOM…

Read More

နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဒုက္ကဋ္ဌဟောင်းနေအိမ်မှာ ပေါက်ကွဲမှုဖြစ်ပွါးခဲ့

မတ် ၁-၂၀၂၃ Voice Of Myanmar(VOM) နေပြည်တော်၊ရွှေကြာပင်ရပ်ကွက်၊မြစ်ငယ်လမ်းရှိ ယခင် ကြံခိုင်ရေးအစိုးရလက်ထက်က အမျိုးသားလွှတ်တော် ဒုက္ကဋ္ဌဟောင်း ဦးမြတ်ငြိမ်းရဲ့ နေအိမ်မှာ မနေ့ ဖေဖော်ဝါရီ ၂၈ရက် ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွါးခဲ့တယ်လို့ နေပြည်တော်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ မနေ့ ညနေ ၆း၃၀ နာရီခန့်က ဗုံးနဲ့ လာရောက်ပစ်ခတ်သွားတာဖြစ်ပြီး နေအိမ်မှာ အိမ်စောင့်သာရှိတာကြာင့် အထိအခိုက်၊အပျက်အစီးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #နေပြည်တော် #ပေါက်ကွဲမှု

Read More

မြောင်းမြမှာ ခရီးသည်တင် ရေယာဉ်(၁)စီး နစ်မြုပ်ပြီး ကလေး(၂)ဦးအပါအဝင် (၄)ဦးပျောက်ဆုံးနေ

မတ်လ၊ ၁-၂၀၂၃ MM(VOM) ဧရာဝတီတိုင်း၊ မြောင်းမြခရိုင် ၊ မြောင်းမြမြို့နယ်မှာ ဒီနေ့ မနက်ပိုင်းက ခရီးသည်တင်ရှပ်ပြေးရေယာဉ်(၁)စီးနစ် နစ်မြုပ်ပြီးကလေး(၂)ယောက်အပါအဝင် ခရီးသည်(၄)ယောက်ပျောက်ဆုံးနေတယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ဒေသခံ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။ ဒီနေ့ မတ်လ ၁ ရက်က မနက်ပိုင်းက လှိုင်းရာဇာ (၂)ရှပ်ပြေးခရီးသည်တင်ရေယာဉ်ဟာ ပြင်ရွာကျေးရွာကို ဘိလပ်မြေအိတ်တွေ ကုန်ချဖို့ ကမ်းဆိပ်ကို ကပ်တဲ့အချိန် ရေယာဉ် ပွင့်ထွက်ပြီး ရေတွေဝင်ကာ နစ်မြုပ်သွားတာလို့ သိရပါတယ်။ ”နစ်မြုပ်သွားတဲ့ယာဉ်က လှိုင်းရာဇာ(၂)ပါ ၊ ရေယာဉ်ပေါ် မှာ ပါလာတဲ့ ဘိလပ်မြေအိတ်တွေချဖို့ ကမ်းကို ကပ်ရင်း ရုတ်တရက် နစ်မြုပ်သွားတာ၊ ခရီးသွား ၄ ယောက် ပျောက်နေတယ် ၊ရဲတပ်ဖွဲ့ ၊ မီးသတ်တပ်ဖွဲ့တွေနဲ့ ပရဟိတအဖွဲ့တွေ ရှာဖွေကယ်ဆယ်ရေးတွေလုပ်နေတယ်၊ နေ့လယ် ၁ နာရီအထိတော့ ပျောက်နေတဲ့သူတွေကို တယောက်မှ ပြန်မတွေ့သေးဘူး။”လို့ ရှာဖွေကယ်ဆယ်ရေး…

Read More

ဒီကနေ့မနက် ပုဇွန်တောင် CB bank လုယက်ခံရမှုဖြစ်ပွါး၊ လုယက်သူတွေကိုဖမ်းမိ

မတ် ၁ – ၂၀၂၃ GG(VOM) ရန်ကုန်၊ပုဇွန်တောင်မြို့နယ်၊ (၇) ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းက CB bank ကိုဒီနေ့ မတ်လ ၁ ရက်နေ့မနက်ပိုင်းက သေနတ်တုနဲ့ဝင်ရောက်လုယက်ခဲ့သူ ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ” ဖမ်းမိတာ အသက်မပြည့်သေးတဲ့ကလေးတွေတဲ့။သေနတ်နဲ့ဓားပါတယ်။ ဖမ်းမိလို့စစ်တော့ သေနတ်ကအတုလို့ပြောတယ်။မနက် ၁၀ နာရီကျော်လောက်မှာဖြစ်တာပါ”လို့ ပုဇွန်တောင်မြို့နယ်နေထိုင်သူတဦးကပြောပါတယ်။ ဘဏ်ထဲကို ဝင်ရောက်လုယက်ခဲ့သူတွေဟာ အသက် ၁၅ နှစ်အရွယ် မောင်သူထူးအောင်ဆိုသူနဲ့ အသက်၁၄ နှစ်အရွယ် မောင်သန့်ဇင်အောင်ဆိုသူတို့ဖြစ်ပြီး ပုဇွန်တောင်မြို့နယ်နေထိုင်သူတွေဖြစ်တယ်လို့သိရပါတယ်။ လုယက်မှုကျူးလွန်သူနှစ်ယောက်ဟာ ပစ္စတိုသေနတ်အတု နဲ့ ဓါး ၂ ချောင်းကိုင်ဆောင်ကာ ခြိမ်းခြောက်ပြီး ဘဏ်ကောင်တာပေါ်က ငွေသိန်း ၆၅၀ လုယက်ဖို့ကြိုးစားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ငွေထုပ်ကိုယူပြီးထွက်ပြေးချိန် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်း လက်ရှိမှာ ရဲစခန်းကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရ၂၄ ရက်ကလည်း…

Read More

နိုင်ငံပေါင်း ၃၀ ပါ၀င်တဲ့ အာရှရဲ့အကြီးဆုံး ကော်ဘရာဂိုးစစ်ရေးလေ့ကျင့်မှု ထိုင်းမှာစတင်နေ

ဘန်ကောက်၊ မတ်-၁-၂၀၂၃ မျိုးဆက်(VOM) အာရှရဲ့အကြီးဆုံး နှစ်စဉ်စစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ကော်ဘရာဂိုး စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၂၈ ရက်က စတင်ပြုလုပ်နေပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်အပါအ၀င် နိုင်ငံပေါင်း ၃၀ မှ တပ်ဖွဲ့၀င်ပေါင်း ၇၄၀၀ ပါ၀င်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မကြာသေးမီနှစ်များအတွင်း လေ့ကျင့်မှုအရွယ်အစားကို လျှော့ချခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အကြီးစားစစ်ရေးလေ့ကျင့်မှုလည်းဖြစ်ပါတယ်။ လက်ရှိစစ်ရေးလေ့ကျင့်မှုမှာ အာကာသအတွင်းတိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့ စစ်ရေးလေ့ကျင့်မှုတွေလည်းပါ၀င်ပြီး ပါ၀င်တဲ့နိုင်ငံတွေအနေနဲ့ ဂြိုဟ်တုတွေကို ကာကွယ်ဖို့အတွက် နိုင်ငံအများအပြားနဲ့ဆောင်ရွက်နေတဲ့ လုပ်ထုံးလုပ်နည်းတွေကိုလည်း အတည်ပြုသွားမှာဖြစ်ပါတယ်။ ကော်ဘရာဂိုးစစ်ရေးလေ့ကျင့်မှုဟာ မိမိတို့ရဲ့ဘုံအကျိုးစီးပွားကို မြှင့်တင်ပြီး မဟာမိတ်တွေနဲ့ အပြန်အလှန် အကျိုးပြုနိုင်မှာဖြစ်ကာ လွတ်လပ်တဲ့ အင်ဒို-ပစိဖိတ်ဒေသဖြစ်ဖို့အတွက် အထောက်အကူဖြစ်စေမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရောဘတ်ဂေါ့ဒက်က ပြောပါတယ်။ ဒါ့အပြင် အမေရိကန်စစ်ဘက်အနေနဲ့ အာရှနိုင်ငံတွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့ အရေးကြီးကြောင်း အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်၏သြဇာလွှမ်းမိုးမှုမြင့်တင်နေတာတွေကို ကိုးကားပြီး သူက…

Read More
VOM News

FREE
VIEW