နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဒုက္ကဋ္ဌဟောင်းနေအိမ်မှာ ပေါက်ကွဲမှုဖြစ်ပွါးခဲ့

မတ် ၁-၂၀၂၃
Voice Of Myanmar(VOM)

နေပြည်တော်၊ရွှေကြာပင်ရပ်ကွက်၊မြစ်ငယ်လမ်းရှိ ယခင် ကြံခိုင်ရေးအစိုးရလက်ထက်က အမျိုးသားလွှတ်တော် ဒုက္ကဋ္ဌဟောင်း ဦးမြတ်ငြိမ်းရဲ့ နေအိမ်မှာ မနေ့ ဖေဖော်ဝါရီ ၂၈ရက် ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွါးခဲ့တယ်လို့ နေပြည်တော်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

မနေ့ ညနေ ၆း၃၀ နာရီခန့်က ဗုံးနဲ့ လာရောက်ပစ်ခတ်သွားတာဖြစ်ပြီး နေအိမ်မှာ အိမ်စောင့်သာရှိတာကြာင့် အထိအခိုက်၊အပျက်အစီးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW