ဒီကနေ့မနက် ပုဇွန်တောင် CB bank လုယက်ခံရမှုဖြစ်ပွါး၊ လုယက်သူတွေကိုဖမ်းမိ

မတ် ၁ – ၂၀၂၃
GG(VOM)

ရန်ကုန်၊ပုဇွန်တောင်မြို့နယ်၊ (၇) ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းက CB bank ကိုဒီနေ့ မတ်လ ၁ ရက်နေ့မနက်ပိုင်းက သေနတ်တုနဲ့ဝင်ရောက်လုယက်ခဲ့သူ ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

” ဖမ်းမိတာ အသက်မပြည့်သေးတဲ့ကလေးတွေတဲ့။သေနတ်နဲ့ဓားပါတယ်။ ဖမ်းမိလို့စစ်တော့ သေနတ်ကအတုလို့ပြောတယ်။မနက် ၁၀ နာရီကျော်လောက်မှာဖြစ်တာပါ”လို့ ပုဇွန်တောင်မြို့နယ်နေထိုင်သူတဦးကပြောပါတယ်။

ဘဏ်ထဲကို ဝင်ရောက်လုယက်ခဲ့သူတွေဟာ
အသက် ၁၅ နှစ်အရွယ် မောင်သူထူးအောင်ဆိုသူနဲ့ အသက်၁၄ နှစ်အရွယ် မောင်သန့်ဇင်အောင်ဆိုသူတို့ဖြစ်ပြီး ပုဇွန်တောင်မြို့နယ်နေထိုင်သူတွေဖြစ်တယ်လို့သိရပါတယ်။

လုယက်မှုကျူးလွန်သူနှစ်ယောက်ဟာ ပစ္စတိုသေနတ်အတု နဲ့ ဓါး ၂ ချောင်းကိုင်ဆောင်ကာ ခြိမ်းခြောက်ပြီး ဘဏ်ကောင်တာပေါ်က ငွေသိန်း ၆၅၀ လုယက်ဖို့ကြိုးစားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ငွေထုပ်ကိုယူပြီးထွက်ပြေးချိန် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်း လက်ရှိမှာ ရဲစခန်းကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရ၂၄ ရက်ကလည်း ရန်ကုန်၊ မြို့လယ် ဆာကူရာတာဝါ CB bank ကနေ ငွေထုတ်လာသူဆီက ငွေသိန်း ၃၀၀၀ လုယက်ခံလိုက်ရတာရှိပါတယ်။

နောက်ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကလည်း လှိုင်သာယာမြို့နယ်၊ ၆ ရပ်ကွက်၊သီရိမင်္ဂလာလမ်းက CB ဘဏ်ခွဲ လုယက်ခံရပြီး ငွေသားအချို့ပါသွားမှုရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #CBဘဏ်လုယက်မှု #လုယက်သူတွေဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW