နိုင်ငံပေါင်း ၃၀ ပါ၀င်တဲ့ အာရှရဲ့အကြီးဆုံး ကော်ဘရာဂိုးစစ်ရေးလေ့ကျင့်မှု ထိုင်းမှာစတင်နေ

ဘန်ကောက်၊ မတ်-၁-၂၀၂၃
မျိုးဆက်(VOM)

အာရှရဲ့အကြီးဆုံး နှစ်စဉ်စစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ကော်ဘရာဂိုး စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၂၈ ရက်က စတင်ပြုလုပ်နေပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်အပါအ၀င် နိုင်ငံပေါင်း ၃၀ မှ တပ်ဖွဲ့၀င်ပေါင်း ၇၄၀၀ ပါ၀င်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မကြာသေးမီနှစ်များအတွင်း လေ့ကျင့်မှုအရွယ်အစားကို လျှော့ချခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အကြီးစားစစ်ရေးလေ့ကျင့်မှုလည်းဖြစ်ပါတယ်။

လက်ရှိစစ်ရေးလေ့ကျင့်မှုမှာ အာကာသအတွင်းတိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့ စစ်ရေးလေ့ကျင့်မှုတွေလည်းပါ၀င်ပြီး ပါ၀င်တဲ့နိုင်ငံတွေအနေနဲ့ ဂြိုဟ်တုတွေကို ကာကွယ်ဖို့အတွက် နိုင်ငံအများအပြားနဲ့ဆောင်ရွက်နေတဲ့ လုပ်ထုံးလုပ်နည်းတွေကိုလည်း အတည်ပြုသွားမှာဖြစ်ပါတယ်။

ကော်ဘရာဂိုးစစ်ရေးလေ့ကျင့်မှုဟာ မိမိတို့ရဲ့ဘုံအကျိုးစီးပွားကို မြှင့်တင်ပြီး မဟာမိတ်တွေနဲ့ အပြန်အလှန် အကျိုးပြုနိုင်မှာဖြစ်ကာ လွတ်လပ်တဲ့ အင်ဒို-ပစိဖိတ်ဒေသဖြစ်ဖို့အတွက် အထောက်အကူဖြစ်စေမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရောဘတ်ဂေါ့ဒက်က ပြောပါတယ်။

ဒါ့အပြင် အမေရိကန်စစ်ဘက်အနေနဲ့ အာရှနိုင်ငံတွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့ အရေးကြီးကြောင်း အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်၏သြဇာလွှမ်းမိုးမှုမြင့်တင်နေတာတွေကို ကိုးကားပြီး သူက ပြောပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW