မောင်လမြိုင်မှာ နေအိမ်၄လုံးမီးလောင်ပြီး ၄နှစ်အရွယ်ကလေးငယ်နဲ့ အဖိုးဖြစ်သူ မီးလောင်သေဆုံး

မတ် ၁ – ၂၀၂၃
GG(VOM)

မော်လမြိုင်မြို့ ၊လိူင်ရပ် ကွက်၊ဘဲကုန်စျေး အနောက်ဘက် မီးလောင်မှုဖြစ်ပြီး ကလေးတ​ယောက်နဲ့ အသက်ကြီးအမျိုးသားတယောက် မီးလောင်သေဆုံးခဲ့တယ်လို့သိရပါတယ်။

ဒီနေ့ မတ်လ ၁ ရက်နေ့ ၊နေ့လယ်၂ နာရီ ၄၀ လောက်မှာ မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး မီးလောင်မှုကြောင့် ပျဥ်ထောင် နေအိမ် ၄ လုံးမီးလောင်ပျက်စီးကာ လူသေဆုံးမှုပါရှိခဲ့တာဖြစ်ပါတယ်။

” ကလေး ၁ယောက်နဲ့အဖိုးကြီးတယောက်သေတယ်၊အဲ့ဒါတအိမ်ထဲက ပဲသေတာပါ။ကျန်တဲ့ထိခိုက်ဒဏ်ရာရသူတော့မရှိဘူး။ အခုထိ မီးလောင်ပြင်ကယ်ဆယ်ရေးမှာပဲရှိနေတယ် ၊ဘာကြောင့်မီးလောင်လဲတော့မသိသေးပါဘူး။ဝါယာရှော့ဖြစ်ဖို့တော့များတယ် “လို့ ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌကပြောပါတယ် ။

သေဆုံးတဲ့ကလေးဟာ ရင်ခွင်ပိုက်အရွယ် အသက် ၄ နှစ်ဖြစ်ပြီး အဖိုးအိုကတော့ လေဖြတ်ထားတဲ့သူ ဖြစ်ကြောင်း သေဆုံးရုပ်အလောင်းတွေကို မော်လမြိုင်ဆေးရုံကိုပို့ဆောင်ဖို့လုပ်နေတယ်လို့ ကနဦးသိရပါတယ်။

မီးလောင်ပြင်ကို မော်လမြိုင်ကမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ ဒေသခံပရဟိတအသင်းတွေက ဝိုင်းဝန်းမီးငြှိမ်းသတ်ကာ ကူညီကယ်ဆယ်ရေးလုပ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

Photo – နတ်သား
#voiceofmyanmar #VOM #မော်လမြိုင် #မီးလောင်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW