မြန်မာပြည်သူတွေအတွက် ဂျပန်အစိုးရက ဒေါ်လာသန်း ၆၀ ကျော်ဖိုးရှိ လူသားချင်းစာနာမှု အကူအညီပေးမည်

တိုကျို၊ မတ်-၁-၂၀၂၃
မျိုးဆက်(VOM)

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ဒေါ်လာသန်း ၆၀ ကျော်ပေးရန် ဖေဖော်ဝါရီ ၂၈ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေဟာ အရေးတကြီးကိစ္စရပ်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ဂျပန်အစိုးရကပြောပါတယ်။

ဂျပန်အစိုးရအနေနဲ့ ဒီထောက်ပံ့မှုတွေကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး( UNHCR) အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး မြန်မာပြည်သူတွေအတွက် ဆေးဝါးနဲ့ အစားအသောက်တွေ ထောက်ပံ့ဖို့ စီစဉ်နေပါတယ်။

အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ဂျပန်နိုင်ငံက အကူအညီတွေ ဆက်လက်ပံ့ပိုပေးသွားမယ်လို့ ဂျပန်နိုင်ငံခြားရေး၀န်ကြီး ဟာယာရှိင်္ယိုရှီမာဆာ ကပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် နှစ်နှစ်အကြာမှာ နစကက အရေးပေါ်အခြေအနေကို နောက်ထပ်ခြောက်လ သက်တမ်းတိုးခဲ့့ပါတယ်။

Ref: NHK
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW