ဘားအံမြို့က ကားကွင်းထဲမှာ ခရီးသည်တင်ကားပေါ်ကနေ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိ

မတ် ၁၃ -၂၀၂၃
SP( VOM)

ကရင်ပြည်နယ် ၊ ဘားအံမြို့ ၊ ခရီးသည်တင်ကားတွေ စုဝေးရပ်နားရာ ကားကြီးကွင်းထဲမှာ မနေ့ မတ် ၁၂ ရက် ညနေပိုင်းက ကား ၁ စီးပေါ်ကနေ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” ကားတွေထွက်ခါနီး ပုံမှန် စစ်ဆေးတာတွေရှိတယ် ၊ အခု ဖမ်းမိတာက သေနတ် ၊ ကျည်ဆံနဲ့ လက်ပစ်ဗုံးတွေကို သေတ္တာနဲ့ထည့်လာတာကို ဖမ်းမိတာဖြစ်တယ် “လို့ ကားသမား တယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံးနဲ့ နီးစပ်သူ တယောက်က ” သတင်းအရ ဖမ်းဆီးရမိတာဖြစ်တယ် ၊ ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတွေကတော့ တရုတ်စက်လက် သေနတ် ၁ လက် M-22 သေနတ် ၁ လက်၊ K-47 သေနတ် ၃ လက် ၊ M-16 သေနတ်၂ လက်၊ M-16 A-1 ၂ လက် ၊ AR-15 ၁ လက် Ekol Uzi ၄ လက် ၊ Sigsauer ပစ္စတို ၁ လက် ၊ Colt ပစ္စတို ၁ လက် ၊ Tafical Pro-2 ၁ လက် ၊ AK-SA 1911 ၁ လက် ၊ Glock ပစ္စတို ၁ လက် ၊ ၅.၅၆ ကျည် ၅၀၀၀ တောင့် ၊ AK-47 ကျည် ၅၀၀ တောင့် ၉ မမ ဘလိုင်းကျည် ၁၃၀ တောင့် ၇.၆၂ ကျည် ၉၀ တောင့် ၊ ပွိင့် ၃၈၀ ကျည် ၆၀၀ တောင့် ၊ ၉ မမ ကျည် ၄၀၀ တောင့် ၊ တရုတ် လက်ပစ်ဗုံး ၃ လုံး ၊ ၄၀ မမ ဗုံးသီး ၁၀ လုံး ၊စက်လက် ဘောက်ဝိုင်း ၂ ခု ၊ ၅.၅၆ ကော်ကျည်အိမ် ၆ ခု ၊ ၅.၅၆ သံကျည်အိမ်အရှည် ၁၇ ခု ၊ ၅.၅၆ သံကျည်အိမ်အတို ၄ ခု ၊ AK-47 ကျည်အိမ် ၆ ခု ၊ Scope(တစ်ပေ) ၁ ခု ၊ Scope(တစ်ပေ ၆ လက်မ) ၁ ခု ၊ Scope(၈ လက်မ) ၁ ခု ၊ Ekol ကျည်အိမ်အရှည် ၄ ခု စုစုပေါင်း ၂၉ မျိုး သိမ်းဆည်းရမိတာဖြစ်တယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရန်ကုန်တိုင်း ၊ တိုက်ကြီးမြို့နယ်မှာ အိမ်စီးကား ၁ စီးကို ပစ်ခတ်ဖမ်းဆီးရာကနေ လက်နက်ခဲယမ်းတွေ အများအပြား ဖမ်းဆီးရမိတာ ဖြစ်ခဲ့ပါသေးတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဘားအံ #လက်နက်ဖမ်းဆီးရရှိမှု

Related posts

Leave a Comment

VOM News

FREE
VIEW