ရွှေလင်ဗန်းစက်မှုဇုန်က Sweety Home မွေ့ယာစက်ရုံ မီးလောင်မှု Level 3 အဆင့်နဲ့ငြိမ်းသတ်နေရ

မတ် ၂၉ – ၂၀၂၃
SN (VOM)

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်အတွင်း Sweety Home မွေ့ယာစက်ရုံ မီးလောင်မှု ဖြစ်ပွားလျက်ရှိပြီး Level 3 အဆင့်နဲ့ ငြှိမ်းသတ်နေရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

ဒီနေ့ မတ် ၂၉ ရက်၊ နေ့လယ် ၃ နာရီ ၂၇ မိနစ်ဝန်းကျင်ကစလို့ ရွှေလင်ဗန်းစက်မှုဇုန်၊ မောင်ကျန်သီးလမ်းမှာ မီးလောင်မှု ဖြစ်ပွားနေတာဖြစ်ပြီး မီးအရမ်းများတာကြောင့် သတင်းရရချင်းမှာ Level 2 ယာဉ်အုပ်စုနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး လက်ရှိမှာ Level 3 အဆင့် မီးငြှိမ်းသတ်နေရတယ်လို့ သိရပါတယ်။

“လှိုင်သာယာ ရွှေလင်ဗန်း စက်မှုဇုန်ထဲက Sweety Home မွေ့ယာ စက်ရုံ မီးလောင်နေတာပါ။ အခုလေးတင်လောင်တာ မိနစ် ၃၀ ဝန်းကျင်ပဲ ရှိပါသေးတယ်။ မီးက တော်တော်များတယ်။ အခုထိ လောင်နေတုန်းပဲ။” လို့ စက်မှုဇုန်အနီး နေထိုင်သူတဦးက ပြောပါတယ်။

မီးလောင်မှု ဖြစ်ရာနေရာကို မြို့နယ်အသီးသီးက မီးသတ်ယာဉ်တွေ သွားရောက် ငြှိမ်းသတ်နေရပြီး လက်ရှိအချိန်အထိ မီးထိန်းနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ရန်ကုန် #SweetHomeစက်ရုံမီးလောင်မှု

Related posts

VOM News

FREE
VIEW