ထန်းတပင်မှာ မိုင်းနင်းမိပြီး လူတစ်ဦးသေဆုံး

ဇွန် ၁၈ – ၂၀၂၃
 
GG( VOM)
 
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ တောင်ငူ-မုပ္ပလင်လမ်းပိုင်း၊ သရက်တန်းရွာနားမှာ မိုင်းနင်းမိပြီး လူ ၁ ယောက် သေဆုံးပြီး ၁ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့မှု မနေ့ ဇွန်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
 
” မနေ့က နေ့လယ် ၁ နာရီလောက်မှာ မိုင်းနင်းမိတာ၊တစ်​​ယောက်က နေရာမှာပဲ ဆုံးတယ်၊နောက်တစ်ယောက်ကတော့ ဒဏ်ရာရလို့ ဆေးကုသမှုပေးနေတယ်လို့သိရတယ်။ ထန်းတပင်ဘက်က မကြာခဏတိုက်ပွဲကဖြစ်တော့ ရှောင်နေကြတဲ့သူတွေလို့ ပြောတယ်၊အခုလည်း သွားရင်းလာရင်း မိုင်းနင်းမိတဲ့သဘောပါ။ တိုက်ပွဲတွေကဖြစ်နေတော့ မိုင်းကတော့ ဘယ်အဖွဲ့ကထောင်တယ်ဆိုတာ ကျနော်တို့လည်း မပြောတတ်ပါဘူး “လို့ ထန်းတပင်မြို့ခံတစ်ဦးကပြောပါတယ်။
 
မိုင်းနင်းမိပြီးသေဆုံး ၊ ဒဏ်ရာရရှိခဲ့သူတွေဟာ ထန်းတပင်မြို့နယ်၊ မဲဖလံရွမှာာနေထိုင်သူတွေဖြစ်ပြီး သေဆုံးသူက အသက် ၆၀ အရွယ်ရှိ ဦးတင်ဆန်းဆိုသူ နဲ့ ဒဏ်ရာရသူကတော့ အသက် ၅၈ နှစ်အရွယ်ရှိ ဦးသန်းထွန်းဆိုသူ ဖြစ်တယ်လို့သိရပါတယ်။
 
လက်ရှိမှာ ဒဏ်ရာရရှိသူ အမျိုးသားကို ဆေးကုသမှုပေးနေကြောင်း၊ ထန်းတပင်မြို့နယ်မှာက ၂၀၂၃ ခုနှစ်ထဲမှာပင် မိုင်းနင်းမိလို့ ဒေသခံတွေ သေဆုံးတာ ၊ သေနတ်နဲ့ပစ်သတ်ခံရတာ၊ လက်နက်ကြီးကျလို့ သေဆုံးတာ ဒဏ်ရာရခဲ့သူ ၂၀ ယောက်ထက်မနည်းရှိခဲ့တယ်လို့သိရပါတယ်။
 
ထန်းတပင်မြို့နယ်မှာ ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားတာကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေလည်း ထောင်နဲ့ချီရှိတယ်လို့သိရပါတယ်။
 
#VOM #voiceofmyanmar #ထန်းတပင် #မိုင်းနင်မိပြီးလူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW