ဇေကမ္ဘာဝင်း ခရေရိပ်သာတွင် လေဆိပ် အထွေထွေမန်နေဂျာတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

ဇွန် ၂၀ ၊၂၀၂၃
KK(VOM)

မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း၊ ခရေရိပ်သာလမ်းသွယ်မှာ မနေ့ည ခြောက်နာရီကျော်က လေဆိပ် အထွေထွေ မန်နေဂျာတစ်ဦး အလုပ်ကနေ နေအိမ်ကိုပြန်လာတဲ့အချိန် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုပ်ငန်းကုမ္မဏီ(YACL) က အထွေထွေ မန်နေဂျာ ဦးရဲနိုင်ဟာ အလုပ်ကနေ၊ အိမ်ကိုကားနဲ့ ပြန်လာတဲ့အချိန် ဆိုင်ကယ်နဲ့ လာရောက်ပစ်ခတ်လုပ်ကြံခံရတာဖြစ်တယ်လို့ ဇေကမ္ဘာဝင်းအတွင်း နေထိုင်သူတစ်ဦးက VOM ကိုပြောပါတယ်။

“လေဆိပ်ကနေ အိမ်ကိုကားနဲ့ပြန်လာတဲ့အချိန် ပစ်သွားတာ ချက်ချင်းမသေဘူး ဆေးရုံပို့ဖို့လုပ်သေးတယ်။ လူနာတင်ကားပေါ်မှာပဲ ဆုံးသွားတာ “လို့ မျက်မြင်တဦး ပြောပါတယ်။

ဦးရဲနိုင်ဟာ စစ်တပ်က အငြိမ်းစားယူထားသူတစ်ဦးဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက VO
M ကိုပြောပါတယ်။

“အပစ်ခံရတဲ့ သူက ဗိုလ်မှုးဟောင်းလို့လည်း ပြောတယ်။ လေတပ်အရာရှိချုပ်လို့လည်း ပြောတယ်။ တပ်က ထွက်ထားတာတော့သိတယ်။ ရာထူးကိုမသိဘူး။ လက်ရှိ လေဆိပ်မှာ လုပ်နေတာ” လို့ ပြောပါတယ်။

သေဆုံးသူမှာ စစ်တပ်မှ အငြိမ်းစားဗိုလ်မှုးရဲနိူင်ဖြစ်ပြီး၊ လေဆိပ် လုံခြုံရေးအရာရှိချုပ်လို့ ပြောဆိုမှုတွေရှိနေပေမဲ့ VOM အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ပစ်ခတ်မှု့ဖြစ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်လာကာ အခင်းဖြစ်ရာနေရာက ကျည်ခွံများကို သိမ်းဆည်းပြီး ဇေကမ္ဘာဝင်းအတွင်း ရှာဖွေစစ်ဆေးခဲ့တယ်လို့ အိမ်ရာအတွင်း နေထိုင်သူတွေဆီက သိရပါတယ်။

မနေ့ညကလည်း သာကေတမြို့နယ် ၆/ အရှေ့ရပ်ကွက် ရှုခင်းသာလမ်းနဲ့ အောင်သုခလမ်းထောင့်မှာရှိတဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးလည်း ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

#VOM
#VOICEofMyanmar
#ဇေကမ္ဘာ
#YACL

Related posts

Leave a Comment

VOM News

FREE
VIEW