မော်စကို၊ ဇူလိုင်-၁၁-၂၀၂၃
မျိုးဆက်(VOM)
လွန်ခဲ့တဲ့လက ၀ဂ္ဂနာကြေးစားစစ်သားအဖွဲ့ရဲ့ မအောင်မြင်တဲ့အာဏာသိမ်းမှုအပြီးမှာ အဖွဲ့ခေါင်ဆောင် ပရီဂိုဇင်ဟာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံခဲ့ကြောင်း ရုရှားသမ္မတနန်းတော်က ဇူလိုင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီလို ပူတင်နဲ့တွေ့ဆုံရာမှာ ပရီဂိုဇင်နဲ့အတူ ၀ဂ္ဂနာကြေးစားအဖွဲ့ တပ်မှူး ၃၅ ဦးပါ၀င်ကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ပြောပါတယ်။
ယူကရိန်းစစ်ပွဲအတွက် အားထုတ်မှုတွေနဲ့ ၀ဂ္ဂနာအဖွဲ့ရဲ့ ပုံကန်မှုတို့နဲ့ပတ်သက်ပြီး ရုရှားသမ္မတပူတင်က ဆွေးနွေးအကဲဖြတ်ခဲ့ကြောင်း ဒီမီထရီပက်စကော့ဗ်က ပြောပါတယ်။
၀ဂ္ဂနာအဖွဲ့ရဲ့ ဇွန် ၂၃ ရက်နေ့က ပုန်ကန်မှုဟာ ၂၄ နာရီသာ ကြာမြင့်ခဲ့ပါတယ်။
၀ဂ္ဂနာအဖွဲ့ဟာ ပုန်ကန်မှုအတွင်း ရုရှားမြို့တစ်မြို့ကို သိမ်းပိုက်ထိမ်းချုပ်ခဲ့ပြီးနောက် ပုန်ကန်မှုအဆုံသတ်ဖို့ သဘောတူညီချက်အရ ပရီဂိုဇင်ဟာ ဘီလာရုစ်ကို ပြောင်းရွှေ့နေထိုင်မယ်လို့ သဘောတူခဲ့ပါတယ်။
၀ဂ္ဂနာကြေးစားအဖွဲ့နဲ့ ရုရှားစစ်တပ်တို့အကြား အဲဒီမတိုင်မီ လူသိရှင်ကြား အပြန်အလှန်ဝေဖန်ပြောဆိုမှုတွေ ဖြစ်ပွားခဲ့ပြီး ၀ဂ္ဂနာအဖွဲ့အတွက် လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးဖို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ပျက်ကွက်ကြောင်း ပရီဂိုဇင်က စွပ်စွဲပြောဆိုထားပါတယ်။
Ref:BBC
#voiceofmyanmar #VOM #မော်စကို