ဗြိတိသျှ တော်လှန်ရေးဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင် သခင်ကြီး (ခ)ဦးစံမြင့် ကွယ်လွန်

ဇူလိုင် ၂၄ – ၂၀၂၃
GG(VOM)

မြန်မာရုပ်ရှင်လောကရဲ ဗြိတိသျှတော်လှန်ဇာတ်ကားတွေမှာ သခင်ကြီး (ခေါ်)မောင်မင်းလူကလေးအဖြစ် လူသိများတဲ့ ဝါရင့်ဇာတ်ပို့သရုပ်ဆောင် ဦးစံမြင့်ဟာ ဒီနေ့ဇူလိုင် ၂၄ ရက် နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

” ဒီနေ့ ၁၂နာရီ ၂၀ မှာ ပဲခူးက နေအိမ်မှာပဲ ကွယ်လွန်သွားတာပါ။လူကြီးရောဂါနဲ့လို့ သိရပါတယ်၊ တကယ့်သရုပ်ဆောင်ကောင်းတစ်ယောက် ဆုံးရှုံးရတာပဲ ၊ကျနော်တို့ ထပ်တူဝမ်းနည်းရပါတယ်၊သူက အရင်ကတည်းကလည်း ကျန်းမာရေးက သိပ်မကောင်းဘူး “လို့ မိသားစုနဲ့ရင်းနှီးတဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးကပြောပါတယ်။

ဦးစံမြင့်ဟာ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာဟာ မြန်မာ့ရုပ်ရှင် အဖြူအမဲရုပ်ရှင်ရိုက်ကွင်းခေတ်ကတည်းက လုပ်ကိုင်ခဲ့တာဖြစ်ပြီး အနုပညာလုပ်သက်အနေနဲ့ နှစ်ပေါင်း ၄၀ အနည်းဆုံးရှိတယ်လို့ သိရပါတယ်။

အနုပညာလောက သက်တမ်းတလျှောက် အင်္ဂလိပ်-မြန်မာ ဖက်စပ်တော်လှန်ရေးဇာတ်ဝင်ခန်းဇာတ်ကားတွေမှာ အင်္ဂလိပ်အရာရှိမင်းအဖြစ် အဓိကသရုပ်ဆောင်ခဲ့ပြီး လူသိများထင်ရှားခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဇာတ်ပို့သရုပ်ဆောင်ဟာ ဦးစံမြင့်ဟာ လက်ရှိ ကွယ်လွန်ချိန်မှာတော့ အသက်အရွယ်အားဖြင့် ၉၄ နှစ် ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သရုပ်ဆောင်ဦးစံမြင့် #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW