ကီတို၊ ဇူလိုင်-၂၆-၂၀၂၃
မျိုးဆက်(VOM)
အီကွေဒေါနိုင်ငံရှိ အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေက ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားတဲ့ အကျဉ်းထောင်၀န်ထမ်းတွေကို ကယ်တင်နိုင်ရေးအတွက် အကြီးစားစစ်ဆင်ရေးတရပ်ပြုလုပ်နေကြောင်း ပြည်ထဲရေး၀န်ကြီးဌာနက ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ဂိုင်ယာကွေးဆိပ်ကမ်းမြို့ရှိ အကျဉ်းထောင်မှာ ပြိုင်ဘက်ဂိုဏ်းတွေပဋိပက္ခဖြစ်ပွားမှုကြောင့် လူခြောက်ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိသွားတဲ့ အကြမ်းဖက်မှုတွေအပြီး ရက်အနည်းငယ်အကြာမှာ အကျဉ်းထောင်တွေမှာ လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးပြုလုပ်နေတာဖြစ်ပါတယ်။
အကျဉ်းထောင်(၅)ခုထက်မနည်းမှာ အကျဉ်းထောင်၀န်ထမ်းအများအပြား ဖမ်းဆီးခံထားရကြောင်း အီကွေဒေါအကျဉ်းဦးစီးဌာနက ထုတ်ပြန်ထားပြီး ဖမ်းဆီးခံထားရတဲ့ ဓါးစာခံအရေအတွက်ကို တိကျစွာထုတ်ပြန်ခြင်းမရှိပါဘူး။
အီကွေဒေါသမ္မတ ဂူလာမိုလက်ဆိုက အကျဉ်းထောင်တွေမှာ အရေးပေါ်အခြေအနေကို အစောပိုင်းမှာ ကြေညာထားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့၀င် ထောင်ပေါင်းများစွာကို ဖြန့်ကြက်ချထားပြီးဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။
လုံခြုံရေးတပ်ဖွဲ့၀င်တွေဟာ အကျဉ်းထောင်ကို ထိန်းချုပ်ထားကြောင်း ပြည်ထဲရေး၀န်ကြီးဇာပါတာက ထုတ်ဖော်ပြောကြားထားပေမယ့် ဓါးစာခံအဖြစ်ဖမ်းဆီးခံထားရတံ့ အကျဉ်းထောင်၀န်ထမ်းတွေ လွတ်မြောက်ခြင်းရှိမရှိ မသိရသေးပါဘူး။
Ref: BBC
#voiceofmyanmar #VOM #ကီတို