ကဗျာဆရာ၊ စာရေးဆရာ၊ ဇာတ်ညွှန်းဆရာ အကယ်ဒမီ မြင့်ဦးဦးမြင့် ကွယ်လွန်

ဩဂုတ် ၁၂ – ၂၀၂၃
SN +KT (VOM)

ကြိုးကြာတောင်ပံခတ်သံ ဇာတ်ကားနဲ့ ဇာတ်ညွှန်းအကယ်ဒမီဆု ရရှိခဲ့သူ ကဗျာဆရာ၊ စာရေးဆရာ၊ ဇာတ်ညွှန်းဆရာ ဦးမြင့်ဦး (ခေါ်) အကယ်ဒမီမြင့်ဦးဦးမြင့်ဟာ ဒီနေ့ ဩဂုတ် ၁၂ ရက် မနက်ပိုင်းက ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ သိရပါတယ်။

အကယ်ဒမီမြင့်ဦးဦးမြင့်ဟာ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါဝေဒနာကို ခံစားနေရတာဖြစ်ပြီး ဒီနေ့မနက် ၁၂ နာရီခွဲအချိန်က ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)နေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်သူရဲ့ ဆန္ဒအတိုင်း ရေဝေးသုဿန်မှာ နေ့ချင်းပြီး မီးသင်္ဂြိုဟ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

“စောစောစီးစီးကြားရတဲ့သတင်း စိတ်မကောင်းဘူး ဦးရယ်၊ မိသားစုနဲ့ထပ်တူခံစားရပါတယ်။ ကောင်းရာဘုံဘဝရောက်ပါစေလို့ပဲ ဆုတောင်းပေးပါရစေ ဦးရေ”လို့ သရုပ်ဆောင် လင်းဇာနည်ဇော်က သူမရဲ့လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

အကယ်ဒမီမြင့်ဦးဦးမြင့်ဟာ ဇာတ်ညွှန်းများစွာ၊ ကဗျာများစွာနဲ့ စာပေများစွာကို ရေးသားခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် (၆၇) နှစ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အကယ်ဒမီမြင့်ဦးဦးမြင့် #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW