နွားထိုးကြီးမှာ ကျေးရွာအုပ်/မှုး လင်မယား အပါအဝင် ၄ ယောက်အသတ်ခံရ၊ အခင်းဖြစ်နေရာကိုသွားတဲ့ ရဲ ၄ ဦး မိုင်းထိ

သြဂုတ် ၁၂ -၂၀၂၃ SP (VOM) မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ၊ ကြောင်နံကျေးရွာမှာ မနေ့ သြဂုတ် ၁၁ ရက် ည ၉ နာရီဝန်းကျင်က လေးလောင်ပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပြီး သွားရောက်စစ်ဆေးတဲ့ ရဲတွေ မိုင်းထိမှန်လို့ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” အသတ်ခံရလို့ သေဆုံးသူတွေက ကြောင်နံကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းဖေ ၆၃ နှစ် ၊ သူ့မိန်းမ ဒေါ်မိုး၆၇နှစ်၊ ဦးရဲမြင့် ၆၇ နှစ်၊ ဒေါ်အေးခိုင် ၅၄ နှစ်တို့ဖြစ်တယ် “လို့ ကြောင်နံရွာခံ တယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ သေဆုံးသူတွေကို လူမှုကူညီရေးအသင်းကားနဲ့ နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်သယ်ယူတဲ့အခါ နွားထိုးကြီးမြို့ရဲ့ အနောက်ဘက် ၁ မိုင်ခွဲခန့်နေရာအရောက်မှာ လမ်းဘေးမိုင်းပေါက်ကွဲမှုဖြစ်ပြီး…

Read More

ပုသိမ်မှာ အဆောက်အဦပြိုကျမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

သြဂုတ်၊ ၁၂-၂၀၁၃ MM (VOM) ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ သစ်ပုတ်ကုန်းကျေးရွာမှာ ဒီနေ့ သြဂုတ် ၁၂ ရက် မနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဆောက်လုပ်ဆဲအဆောက်အဦ ပြိုကျမှုဖြစ်ပွားပြီး လူ(၁) ဦးသေဆုံးခဲ့ပြီး (၄)ဦးဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ ”အဆောက်အဦပြိုကျမှုဖြစ်စဉ်ကြောင့် အမျိုးသားတစ်ဦးက တစ်ခါတည်းသေဆုံးသွားတယ်၊ အမျိုးသားတစ်ဦးက စိုးရိမ်ရတဲ့အခြေအနေထိခိုက်ဒဏ်ရာရရှိခဲ့တာ၊ အခုညနေပိုင်းအထိ သတိမရသေးဘူး၊ ကျန်တဲ့အမျိုးသား ၃ ဦးက ထိခိုက်ဒဏ်ရာတွေရရှိတယ်၊သူတို့ကတော့ မစိုးရိမ်ရဘူး၊ သေဆုံးသူတွေ ဒဏ်ရာရရှိသူတွေက အဆောက်အဦ ဆောက်လုပ်တဲါလုပ်သားတွေပဲ”လို့ တာဝန်ရှိသူနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ အဲ့ဒီ ဖြစ်စဉ်ကို ပုသိမ်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ကို ရဲတပ်ဖွဲ့နဲ့ တပ်ကသွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို လူမှုကူညီရေးအသင်းကားနဲ့ ပုသိမ်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ Photo…

Read More

မတ္တရာနယ်က ရွှေတံတား လူမှုကူညီရေးအသင်း ဥက္ကဌ ပစ်သတ်ခံရ

သြဂုတ် ၁၂-၂၀၂၃ SP ( VOM) မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ လမိုင်းကျေးရွာအုပ်စု ၊ ကျောက်တံတားကျေးရွာမှာ ရှိတဲ့ ရွှေတံတား လူမှုကူညီရေးအသင်း ဥက္ကဌ ဖြစ်သူဟာ ဒီနေ့မနက်ပိုင်းက အဲ့ဒီအသင်းရုံးရှေ့မှာရှိနေချိန် ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ” ပစ်သတ်ခံရသူဟာ လူမှုကူညီရေးအသင်း ဥက္ကဌ ဖြစ်တယ် ၊ သူ့နာမည်က ဦးမြင့် အသက် ၆၆ နှစ်ဖြစ်တယ် ၊ ဒီမနက် ၇ နာရီဝန်းကျင်က သူရဲ့အသင်းရုံးရှေ့မှာ ထိုင်နေတုန်း ပစ်သတ်သွားတာဖြစ်တယ် “လို့ ကျောက်တံတားရွာခံ တယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး မတ္တရာမြို့နယ်ရဲတပ်ဖွဲ့ ရုံးနဲ့ နီးစပ်သူတယောက်က ” ရွှေတံတား လူမှုကူညီရေးအသင်း ဥက္ကဌက သူ့ရုံးရှေ့မှာ ရှိနေစဥ် အမည်မသိ ( စုံစမ်းဆဲ) သေနတ်သမား ၄ ယောက်က…

Read More

ဟာဝိုင်အီမှာ အကြီးအကျယ်လောင်နေတဲ့ တောမီးကြောင့် သေဆုံးသူ (၈၀) ကျော်ထိရှိလာ၊ လူ (၁၀၀၀) ကျော်ပျောက်ဆုံးနေ

ဝါရှင်တန်၊ သြဂုတ်-၁၂-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ ဟာဝိုင်အီပြည်နယ်မှာ အကြီးအကျယ်လောင်ကျွမ်းနေတဲ့တောမီးကြောင့် သေဆုံးသူ ၈၀ ကျော်ထိ ရှိလာပြီး ၁၀၀၀ ကျော်ပျောက်ဆုံးနေပါတယ်။ ဒါဟာ ပြည်နယ်သမိုင်းမှာ အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ်တခုဖြစ်ပြီး ၂၀၁၈ ခုနှစ် ကယ်လီဖိုးနီးယားတောမီးပြီးရင် အဆိုးဆုံးဖြစ်ကာ သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ တောမီးဟာ ကာနာပါလီမြို့နဲ့ နီးကပ်လာတာနဲ့အမျှ မာအီကျွန်းမှာ နောက်ထပ် ဘေးလွတ်ရာရွှေ့ပြောင်းပေးမှုတွေ လုပ်ဆောင်နေရပါတယ်။ မာအီအနောက်ဘက်ရှိ လဟိုင်းနားမြို့ကို ဝင်ရောက်ခွင့်ကန့်သတ်ထားပေမယ့် ဒေသခံတွေကို ခေတ္တလာရောက်ခွင့်ပြုပြီးနောက် အခုလိုက် ရွှေ့ပြောင်းဖို့ အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။ လဟိုင်းနားနဲ့ကာနာပါလီတည်ရှိတဲ့ မာအီအနောက်ပိုင်းမှာ လျှပ်စစ်ဓါတ်အားနဲ့ ရေပြတ်တောက်နေပြီး ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ မာအီကျွန်းရှိ တောမီးကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်ပြုပြင်တည်ဆောက်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူရမှာဖြစ်ကြောင်း အာဏာပိုင်တွေက သတိပေးထားပြီး လဟိုင်းနားမြို့တမြို့မှာပင် အဆောက်အအုံ ၁၀၀၀ ကျော်ပျက်စီးခဲ့ကြောင်း သိရသည်။…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၁၂ ရက်)

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၁၂ ရက်) Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၅၄၀ ကျပ် ဝယ်ဈေး – ၃၄၆၀ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၆၁၀ ကျပ် ဝယ်ဈေး – ၂၅၃၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၅၀ ကျပ် ဝယ်ဈေး – ၃၇၂၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၇၈ ကျပ် ဝယ်ဈေး – ၉၇.၇၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၇၄ ကျပ် ဝယ်ဈေး – ၇၄၃ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၁ ကျပ် ဝယ်ဈေး –…

Read More

နိုင်ဂျာမှာ စစ်ရေးအရကြားဝင်မှု ရုရှားသတိပေး၊ အီကိုဝပ်စ်အဖွဲ့ စစ်ဘက်အရာရှိတွေ စစ်ရေးအစီအစဉ်ရေးဆွဲဖို့ စီစဉ်နေ

မော်စကို၊ သြဂုတ်-၁၂-၂၀၂၃ မျိုးဆက်(VOM) အနောက်အာဖရိကဒေသတွင်း အီကိုဝပ်စ်အဖွဲ့က နိုင်ဂျာမှာ စစ်ရေးအရ ကြားဝင်စွက်ဖက်ဖို့ စီစဉ်နေတာဟာ အချိန်ကာလကြာမြင့်တဲ့ထိ ထိပ်တိုက်ပဋိပက္ခတွေဖြစ်ပွားနိုင်ကြောင်း ရုရှားက သတိပေးပြောဆိုလိုက်ပါတယ်။ အဲဒီလိုစစ်ရေးအရ ဝင်ရောက်စွက်ဖက်မယ်ဆိုရင ဆာဟဲလ်ဒေသတခုလုံး မတည်မငြိမ်ဖြစ်ပေါ်လိမ့်မယ်လို့ ရှရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ နိုင်ဂျာအာဏာသိမ်းမှုကို ရုရှားက တရားဝင်ထောက်ခံမှုပြု ထုတ်ပြန်တာမရှိပါဘူး။ အီကိုဝပ်စ်နိုင်ငံတွေက စစ်ဘက်အရာရှိတွေဟာ ဒီနေ့တွေ့ဆုံဆွေးနွေးဖို့ရှိနေပြီး နိုင်ဂျာမှာ စစ်ရေးအရ စွက်ဖက်မှုဆိုင်ရာ အစီအစဉ်တွေကို ရေးဆွဲဖို့စီစဉ်ထားပါတယ်။ ဒါပေမယ့် ဖြုတ်ချခံရတဲ့ သမ္မတမိုဟာမက်ဘာဇိုရမ်ကို ရာထူးအာဏာပြန်လည်အပ်နှင်းရေး ထောက်ခံတဲ့ အမေရိကန်ကတော့ ရုရှားရဲ့ ဝဂ္ဂနာကြေးစားအဖွဲ့ဟာ နိုင်ဂျာမှ မတည်ငြိမ်မှုကို အခွင့်ကောင်းယူနေတယ်လို့ ပြောဆိုထားပါတယ်။ ပြင်သစ်နဲ့ အမေရိကန်တို့ဟာ နိုင်ဂျာမှာ စစ်အခြေစိုက်စခန်းတွေရှိနေပြီး ကျယ်ပြန့်တဲ့ဆာဟဲလ်ဒေသမှာ ဂျီဟတ်အုပ်စုတွေကို စစ်ဆင်ရေးပြုလုပ်ရာမှာ အသုံးပြုနေတာဖြစ်ပါတယ်။ အာဏာသိမ်းမှုအကျပ်အတည်းအတွက် သံတမန်ရေးအရ ဖြေရှင်းနည်းရှာဖို့ လမ်းစရှိနေဆဲဖြစ်ကြောင်း အီကိုဝပ်စ်အဖွဲ့က ပြောကြားထားပေမယ့် နောက်ဆုံးနည်းလမ်းကတော့ စစ်ရေးအရ ကြားဝင်တာဖြစ်ကြောင်း…

Read More

ယနေ့ ရွှေဈေး (သြဂုတ်-၁၂ ရက်)

ယနေ့ ရွှေဈေး (သြဂုတ်-၁၂ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၁၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၃၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #Voiceofmyanmar # VOM #Dailygoldprice #ယနေ့ ရွှေဈေး #သြဂုတ်-၁၂ ရက်

Read More

တမူး နယ်စပ်ကုန်သွယ်ရေး နာလန်မထူနိုင်သေး

သြဂုတ် ၁၂ -၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ခမ်းပတ်(မြို့နယ်ခွဲ)မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် တမူး – ကလေး – မုံရွာ ကားတွေ အသွားအလာ မရှိသေးတာကြောင့် မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ အခုထိ ပြန်လည် နာလန်မထူနိုင်သေးဘူးလို့ နယ်စပ်ကုန်သည်ကြီးအဖွဲ့ ဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ မေလကစလို့ အိန္ဒိယနယ်စပ်ဘက်က လူမျိုးရေး ပဋိပက္ခတွေဖြစ်တယ် ၊ အဲ့ဒီ လူမျိုးရေးလှိုင်းက နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်ရပ်တန့်စေခဲ့တယ် ၊ နောက်ပြီး လုပ်ငန်းတွေ ပြန်စဖို့ နှစ်ဘက်သဘောတူတဲ့အခါ တမူးနယ်ဘက်က လစဥ်လိုလို တိုက်ပွဲတွေဖြစ်နေတယ် ၊ အဲ့ဒါကြောင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ နာလန်မထူ ဖြစ်ရတာ”လို့ မိုးရေးမြို့ခံကုန်သည် ဦးဂျမားက VOM ကို…

Read More

This Day in History : August-12

This Day in History : August-12 Voice of Myanmar အရှေ့ဂျာမနီသည် စစ်အေးတိုက်ပွဲ၏ သင်္ကေတတစ်ခုအဖြစ် အရှေ့ဘာလင်နှင့် အနောက်ဘာလင်ကို ၁၉၈၉ ခုနှစ်ထိ ပိုင်းခြားထားသည့် ဘာလင်တံတိုင်းကြီးကို ၁၉၆၁ ခုနှစ် သြဂုတ် ၁၂ ရက်တွင် စတင်တည်ဆောက်ခဲ့သည်။ #voiceofmyanmar # VOM # thisdayin #history # သမိုင်းထဲကဒီနေ့

Read More

ကဗျာဆရာ၊ စာရေးဆရာ၊ ဇာတ်ညွှန်းဆရာ အကယ်ဒမီ မြင့်ဦးဦးမြင့် ကွယ်လွန်

ဩဂုတ် ၁၂ – ၂၀၂၃ SN +KT (VOM) ကြိုးကြာတောင်ပံခတ်သံ ဇာတ်ကားနဲ့ ဇာတ်ညွှန်းအကယ်ဒမီဆု ရရှိခဲ့သူ ကဗျာဆရာ၊ စာရေးဆရာ၊ ဇာတ်ညွှန်းဆရာ ဦးမြင့်ဦး (ခေါ်) အကယ်ဒမီမြင့်ဦးဦးမြင့်ဟာ ဒီနေ့ ဩဂုတ် ၁၂ ရက် မနက်ပိုင်းက ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ သိရပါတယ်။ အကယ်ဒမီမြင့်ဦးဦးမြင့်ဟာ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါဝေဒနာကို ခံစားနေရတာဖြစ်ပြီး ဒီနေ့မနက် ၁၂ နာရီခွဲအချိန်က ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)နေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်သူရဲ့ ဆန္ဒအတိုင်း ရေဝေးသုဿန်မှာ နေ့ချင်းပြီး မီးသင်္ဂြိုဟ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ “စောစောစီးစီးကြားရတဲ့သတင်း စိတ်မကောင်းဘူး ဦးရယ်၊ မိသားစုနဲ့ထပ်တူခံစားရပါတယ်။ ကောင်းရာဘုံဘဝရောက်ပါစေလို့ပဲ ဆုတောင်းပေးပါရစေ ဦးရေ”လို့ သရုပ်ဆောင် လင်းဇာနည်ဇော်က သူမရဲ့လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ အကယ်ဒမီမြင့်ဦးဦးမြင့်ဟာ ဇာတ်ညွှန်းများစွာ၊ ကဗျာများစွာနဲ့ စာပေများစွာကို ရေးသားခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး…

Read More
VOM News

FREE
VIEW