မော်စကို၊ သြဂုတ်-၁၂-၂၀၂၃
မျိုးဆက်(VOM)
အနောက်အာဖရိကဒေသတွင်း အီကိုဝပ်စ်အဖွဲ့က နိုင်ဂျာမှာ စစ်ရေးအရ ကြားဝင်စွက်ဖက်ဖို့ စီစဉ်နေတာဟာ အချိန်ကာလကြာမြင့်တဲ့ထိ ထိပ်တိုက်ပဋိပက္ခတွေဖြစ်ပွားနိုင်ကြောင်း ရုရှားက သတိပေးပြောဆိုလိုက်ပါတယ်။
အဲဒီလိုစစ်ရေးအရ ဝင်ရောက်စွက်ဖက်မယ်ဆိုရင ဆာဟဲလ်ဒေသတခုလုံး မတည်မငြိမ်ဖြစ်ပေါ်လိမ့်မယ်လို့ ရှရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ နိုင်ဂျာအာဏာသိမ်းမှုကို ရုရှားက တရားဝင်ထောက်ခံမှုပြု ထုတ်ပြန်တာမရှိပါဘူး။
အီကိုဝပ်စ်နိုင်ငံတွေက စစ်ဘက်အရာရှိတွေဟာ ဒီနေ့တွေ့ဆုံဆွေးနွေးဖို့ရှိနေပြီး နိုင်ဂျာမှာ စစ်ရေးအရ စွက်ဖက်မှုဆိုင်ရာ အစီအစဉ်တွေကို ရေးဆွဲဖို့စီစဉ်ထားပါတယ်။
ဒါပေမယ့် ဖြုတ်ချခံရတဲ့ သမ္မတမိုဟာမက်ဘာဇိုရမ်ကို ရာထူးအာဏာပြန်လည်အပ်နှင်းရေး ထောက်ခံတဲ့ အမေရိကန်ကတော့ ရုရှားရဲ့ ဝဂ္ဂနာကြေးစားအဖွဲ့ဟာ နိုင်ဂျာမှ မတည်ငြိမ်မှုကို အခွင့်ကောင်းယူနေတယ်လို့ ပြောဆိုထားပါတယ်။
ပြင်သစ်နဲ့ အမေရိကန်တို့ဟာ နိုင်ဂျာမှာ စစ်အခြေစိုက်စခန်းတွေရှိနေပြီး ကျယ်ပြန့်တဲ့ဆာဟဲလ်ဒေသမှာ ဂျီဟတ်အုပ်စုတွေကို စစ်ဆင်ရေးပြုလုပ်ရာမှာ အသုံးပြုနေတာဖြစ်ပါတယ်။
အာဏာသိမ်းမှုအကျပ်အတည်းအတွက် သံတမန်ရေးအရ ဖြေရှင်းနည်းရှာဖို့ လမ်းစရှိနေဆဲဖြစ်ကြောင်း အီကိုဝပ်စ်အဖွဲ့က ပြောကြားထားပေမယ့် နောက်ဆုံးနည်းလမ်းကတော့ စစ်ရေးအရ ကြားဝင်တာဖြစ်ကြောင်း နိုင်ဂျီးရီးယားသမ္မတက ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref: BBC
#voiceofmyanmar #VOM #နိုင်ဂျာစစ်ရေးအရကြားဝင်မှု #ရုရှားသတိပေး