ပြင်သစ်သံအမတ်ကို နိုင်ဂျာအာဏာသိမ်းခေါင်းဆောင်တွေ နှင်ထုတ်

နီယာမေ၊ သြဂုတ်-၂၆-၂၀၂၃
မျိုးဆက်(VOM)

ပြင်သစ်နဲ့နိုင်ဂျာဆက်ဆံရေး လျှင်မြန်စွာဆက်လက်ဆိုးရွားနေချိန်မှာ ပြင်သစ်သံအမတ်ကို နိုင်ငံတွင်းကနေ ၄၈ နာရီအတွင်းထွက်ခွာဖို့ နိုင်ဂျာအာဏာပိုင်တွေက သြဂုတ် ၂၅ ရက်မှာ အမိန့်ထုတ်လိုက်ပါတယ်။

ပြင်သစ်သံအမတ် ဆိုဗေးနီလိဒ်ဟာ နိုင်ဂျာနိုင်ငံခြာရေးဝန်ကြီးနဲ့တွေ့ဆုံဖို့ ဖိတ်ကြားချက်ကို ငြင်းဆိုခဲ့ကြောင်း နိုင်ဂျာအာဏာပိုင်တွေကပြောပါတယ်။ သံအမတ်နဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့်တွေဟာ တရားဝင် ရွေးကောက်ခံထားတဲ့ နိုင်ဂျာတာဝန်ရှိသူတွေထံမှာသာရှိကြောင်း ပြင်သစ်က တုံ့ပြန်ပြောဆိုထားပါတယ်။

ပြင်သစ်နိုင်ငံဟာ နိုင်ဂျာမှာ ဇူလိုင်လကဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုကို ရှုတ်ချထားပြီး ရွေးကောက်ခံသမ္မတ ဘာဇိုအမ်ကို အာဏာပြန်လည်အပ်နှင်းဖို့ နိုင်ဂျာအာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။

နိုင်ဂျာအာဏာသိမ်းခေါင်းဆောင်တွေကတော့ လာမယ့်သုံးနှစ်အတွင်းအရပ်အသားအုပ်ချုပ်ရေးကို ပြန်လည်လွှဲပြောင်းပေးမှာဖြစ်ကြောင်း လွန်ခဲ့တဲ့ သီတင်းပတ်က ကတိပြုပြောဆိုထားပါတယ်။

အနောက်အာဖရိကဒေသ အီကိုဝပ်စ်အဖွဲ့ကတော့ ဆွေးနွေးပွဲတွေမအောင်မြင်ပါက စစ်ရေးအရကြားဝင်မယ်လို့ ခြိမ်းခြောက်ထားပြီး နိုင်ဂျာအနေနဲ့ စစ်ပွဲကိုမလိုလားပေမယ့် ဘယ်လိုကျူးကျော်မှုမျိုးကိုမဆို ခုခံကာကွယ်သွားမှာဖြစ်ကြောင်း နိုင်ဂျာအာဏာသိမ်း ခေါင်းဆောင်တွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ပြင်သစ်သံအမတ် #နိုင်ဂျာအာဏာသိမ်းခေါင်းဆောင်တွေ #နှင်ထုတ်

Related posts

Leave a Comment

VOM News

FREE
VIEW