အီသီယိုးပီးယား အမ်ဟာရာဒေသမှာ အရပ်သား တွေကို အစိုးရတပ်တွေ သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲ

မျိုးဆက်(VOM)
အာဒစ်အာဘာဘာ၊ စက်တင်ဘာ-၈

ဒေသခံပြည်သူ့စစ် တွေနဲ့စစ်တပ်အကြား တိုက်ပွဲ တွေ ဆက်လက်ဖြစ်ပွားနေတဲ့ အီသီယိုးပီးယားနိုင်ငံ အမ်ဟာရာဒေသမှာ အရပ်သားဒါဇင်များစွာကို အစိုးရတပ်ဖွဲ့၀င် တွေကသတ်ဖြတ်ခဲ့ကြောင်း အီသီယိုးပီးယား အတိုက်အခံအဖွဲ့က စွပ်စွဲလိုက်ပါတယ်။

မာဂျီတီဟုခေါ်တဲ့ မြို့ငယ်မှာ အစိုးရတပ်တွေဟာ နေအိမ်အတွင်းရှိ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုများအပါအ၀င် အရပ်သား ၂၉ ဦးကို သတ်ဖြတ်ခဲ့ကြောင်း အီးနတ်ပါတီက ထုတ်ပြန်ထားပါတယ်။

ဒေသတွင်း အခြားနေရာနှစ်ခုမှာလည်း မောင်းသူမဲ့လေယာဉ်နဲ့တိုက်ခိုက်မှုအတွင်း အရပ်သား ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း အဲဒီပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက် ပြီး အီသီယိုးပီးယားအစိုးရက မှတ်ချက်ပြုပြောဆိုခြင်းမရှိသေးပါဘူး။ အမ်ဟာရာဒေသရှိ ပြည်သူ့စစ်အဖွဲ့တဖွဲ့ကို အစိုးရကဖျက်သိမ်းဖို့ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်ကြောင့် ဒေသတွင်းမှာ တင်းမာမှု တွေမြင့်တက်နေပြီး လအတန်ကြာ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

သြဂုတ်အစောပိုင်းမှာ ဒေသခံပြည်သူ့စစ်တွေဟာ ဒေသရှိ အဓိကမြို့ကြီးများကို ၀ငျရောကျခဲ့ပွီး လေဆိပ်တခုကိုလည်း ခေတ္တထိန်းချုပ်ခဲ့ကြပါတယ်။။ မြို့ပြတိုက်ပွဲ တွေကြောင့် လူပေါင်းများစွာသေဆုံးခဲ့ကြောင်း အကူအညီပေးရေးအဖွဲ့ တွေကထုတ်ပြန်ထားပါတယ်။

Ref:BBC
#voiceofmyanmar #vom အီသီယိုးပီးယား# အမ်ဟာရာဒေသ #အရပ်သားသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW