ယနေ့ ရွှေဈေး (စက်တင်ဘာ- ၉ ရက်၊ ညနေ ၅ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၁၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၅၂၀၀၀ ကျပ် ဝယ်ဈေး ၃၂၀၂၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read MoreDay: September 9, 2023
လှိုင်သာယာက ၃ လောင်းပြိုင် လူသတ်မှုကျူးလွန်သူကို ဖမ်းမိပြီ
စက်တင်ဘာ ၉ – ၂၀၂၃ SP + SN (VOM) ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်က သုံးလောင်းပြိုင် လူသတ်မှု ကျူးလွန်သူကို မနေ့ စက်တင်ဘာ ၈ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၁၈) ရပ်ကွက်၊ အနန္တသူရိယလမ်းရှိ နေအိမ်တအိမ်မှာ အသက် ၅၉ အရွယ် အိမ်ရှင်အမျိုးသား၊ အသက် ၅၂ နှစ်အရွယ် သူရဲ့ဇနီးနဲ့ အသက် ၉ နှစ်အရွယ် သားဖြစ်သူတို့ ဓါးဒဏ်ရာတွေနဲ့ သေဆုံးခဲ့မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကနဦးစစ်ဆေးချက်အရ ပြစ်မှုကျူးလွန်သူ အမျိုးသားဟာ သတ်ဖြတ်ခံရတဲ့ မိသားစုဆီက ငွေကျပ် ၂ သိန်း ချေးယူတာမှာ မရတာကြောင့် ကလေးငယ်အပါအဝင် မိသားစုဝင် ၃…
Read Moreတရုတ်အစိုးရ ဝန်ထမ်းတွေကို iPhone အသုံးပြုခွင့်ပိတ်ပင်မှုကြောင့် Apple ရဲ့ရှယ်ယာတွေ ကျဆင်း
ပေကျင်း၊ စက်တင်ဘာ-၉-၂၀၂၃ မျိုးဆက်(VOM) တရုတ်အစိုးရဝန်ထမ်းတွေကို iPhoen အသုံးပြုခွင့်ပိတ်ပင်ထားကြောင်း သတင်းတွေထွက်ပေါ်ပြီးနောက် အမေရိကန်အခြေစိုက် Apple ကုမ္ပဏီရဲ့အစုရှယ်ယာတန်ဖိုးဟာ ဒုတိယမြောက်နေ့အဖြစ် ကျဆင်းနေပါတယ်။ ကုမ္ပဏီရဲ့ အစုရှယ်ယာတန်ဖိုးသည် လွန်ခဲ့တဲ့ နှစ်ရက်အတွင်း ၆ ရာခိုင်နှုန်း သို့မဟုတ် ဒေါ်လာ ၂၀၀ ဘီလီယံနီးပါးထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ နည်းပညာကုမ္ပဏီကြီး Apple ရဲ့ တတိယအကြီးဆုံးဈေးကွက်ဖြစ်ပြီး ယမန်နှစ်က ကုမ္ပဏီ စုစုပေါင်းဝင်ငွေရဲ့ ၁၈ ရာခိုင်နှုန်းထိ ရှိခဲ့ပါတယ်။ တရုတ်အစိုးရဟာ အစိုးရဝန်ထမ်းတွေ ရုံးသို့ အိုင်ဖုန်းတွေယူဆောင်လာခြင်း သို့မဟုတ် အလုပ်အတွက် အသုံးမပြုဖို့ အမိန့်ထုတ်ထားကြောင်း အမေရိကန်အခြေစိုက် ဝေါလ်စရိဂျာနယ်က စက်တင်ဘာ ၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံပိုင်ကုမ္ပဏီတွေ အစိုးရကျောထောက်နောက်ခံပေးထားတဲ့ အေဂျင်စီတွေရှိ အလုပ်သမားတွေကိုလည်း အိုင်ဖုန်းအသုံးပြုခွင့် ပိတ်ပင်ဖွယ်ရှိကြောင်း ဘလွန်းဘာ့ဂ်သတင်းဌာနကလည်း ဖော်ပြထားခဲ့ပါတယ်။ အဲဒီသတင်းတွေနဲ့ပတ်သက်ပြီး တရုတ်အစိုးရဘက်က ထုတ်ပြန်ပြောဆိုမှုမျိုးမရှိသေးပါဘူး။…
Read Moreတောင်ကိုရီးယားက မြန်မာတွေ သာမန်နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို ပုံမှန်အတိုင်း ပြန်လုပ်ပေးမယ်လို့ အသိပေးထား
စက်တင်ဘာ ၉ – ၂၀၂၃ SN (VOM) တောင်ကိုရီးယားရောက် မြန်မာတွေအတွက် သာမန် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားခြင်းကို လာမယ့် စက်တင်ဘာ ၁၁ ရက်မှ စတင်ကာ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုးလ်မြို့ရှိ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေး ကြေညာထားပါတယ်။ သာမန်နိုင်ငံကူးလက်မှတ် လျှောက်ထားမှုတွေ အဆင်ပြေချောမွေ့စေဖို့အတွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့စက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့မှစတင်ကာ အဲ့ဒီ့လုပ်ငန်းစဉ်ကို ယာယီ ရပ်ဆိုင်းထားခဲ့တာဖြစ်ပြီး လက်ရှိမှာ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းတွေ ပြီးစီးသွားပြီဖြစ်တာကြောင့် စက်တင်ဘာ ၁၁ ရက်မှစတင်ကာ လုပ်ငန်းတွေကို ပုံမှန်အတိုင်း ပြန်လည် ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ “ပြန်ဖွင့်ပေးတာ ကောင်းပါတယ်။ ဒီမှာက လုပ်ကိုင်စားဖို့ ဘယ်လိုမှ အဆင်ပြေတာမဟုတ်ဘူးလေ။ အဲ့ဒီတော့ နိုင်ငံခြားထွက်မှ ရမယ့်သူတွေအတွက်…
Read Moreမုံရွာ – ဂန့်ဂေါ ချင်းတောင်ကားလမ်းမှာ မြေပြိုကျလို့ ကားတွေ ရာနဲ့ချီပြီး ပိတ်မိနေ
စက်တင်ဘာ ၊ ၉ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ်ထဲမှာရှိတဲ့ ဂန့်ဂေါ ချင်းတောင်ကားလမ်းမှာ မနေ့ စက်တင်ဘာ ၈ ရက် ညပိုင်းက မိုးရွာသွန်းမှုများပြီး လမ်းပိုင်းနေရာတချို့ မြေပြိုပျက်စီးတာတွေရှိတဲ့အတွက် ဒီမနက်ပိုင်းကစပြီး ကားတွေ ရာနဲ့ချီ ပိတ်မိနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” ပုလဲမြို့နယ် အထက် လယ်ဓမ္မရွာနဲ့ ကျက်ရင်းရွာအကြား ၅၁ မိုင် မြေငလျင်ပြိုနေရာမှာ အဓိက မြေပြိုပြီး လမ်းတွေပျက်စီးနေတယ် ၊ ပုံတောင်အတက် ခင်အေးရွာနဲ့ နတ်ထိပ်အတက်မှာလည်း မြေပြိုတာတွေရှိတယ် ၊အဲ့ဒီနေရာတွေမှာ ကားတွေပိတ်မိနေတာဖြစ်တယ်”လို့ ပုလဲ-ဂန့်ဂေါ ကားသမား(၁)ယောက်က ပြောပါတယ်။ အဲ့ဒီနေရာကို ရောက်နေတဲ့ ကားသမား (၁) ယောက်က “ပုံတောင် ပုံညာလမ်းပိုင်းကို တက်လာမယ့်သူတွေဆိုရင် လမ်းကြောင်း အခြေအနေကို အရင်မေးပြီးမှ…
Read Moreပြည်ပက မြန်မာတွေ တရားဝင်ငွေပြန်မလွှဲရင် ပြည်ပထွက် အလုပ်လုပ်ခွင့် ၃ နှစ် ပိတ်ခံရမယ်
စက်တင်ဘာ ၉ – ၂၀၂၃ SN (VOM) ပြည်ပရောက် မြန်မာအလုပ်သမားတွေ တရားဝင်လမ်းကြောင်းကနေ ငွေပြန်မလွှဲပါက နောက်တကြိမ် ပြည်ပထွက်ခွာ အလုပ် လုပ်ကိုင်ခွင့် ၃ နှစ် ပိတ်ပင် တားမြစ်ခြင်းခံရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးကြောညာထားပါတယ်။ ဒါ့အပြင် ပဋိညာဥ်ဥပဒေအရပါ အရေးယူခံရမှာဖြစ်သလို အေဂျင်စီတွေအနေနဲ့လည်း ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနဲ့ အရေးယူခံရမှာဖြစ်တယ်လို့ သိရပါတယ်။ “အလုပ်က အဆင်မပြေလို့ စိတ်ညစ်ရတဲ့အထဲ သူတို့တွေက အမျိုးမျိုး ပြောလို့မပြီးနိုင်တော့ဘူး။ ပြည်ပရောက် ဝင်ငွေမလောက်တဲ့သူတွေကို ကူညီထောက်ပံ့တဲ့အနေနဲ့ ငွေချေးပေးဖို့ အစီအစဉ်ရော မပါကြဘူးလား မေးချင်တယ်။ ဒီကိုရောက်ဖို့ အကြွေးတင်ခံပြီး ထွက်လာတာ။ အကြွေးတောင် ကြေသေးတာမဟုတ်ဘူး” လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတဦးက ပြောပါတယ်။ ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ မိမိရရှိမယ့် လုပ်ခလစာရဲ့အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်တွေဆီ တရားဝင်ဘဏ်စနစ်နဲ့…
Read Moreငါန်းဇွန်မှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင် မိသားစု အသတ်ခံရလို့ ၃ ဦးသေ ၊ ၁ ဦး ဒဏ်ရာရ
စက်တင်ဘာ ၊ ၉ ၊ ၂၀၂၃ SP (VOM) မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါန်းဇွန်မြို့နယ် ၊ နတ်ကြီးကျေးရွာမှာ မနေ့ စက်တင်ဘာ ၈ ရက် ညနေပိုင်းက လက်ဖက်ရည်ဆိုင် ပိုင်ရှင် မိသားစု အသတ်ခံရလို့ ၃ ဦးသေဆုံးပြီး ၊ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ပွင့်ကမ္ဘာ လက်ဖက်ရည်ဆိုင် ပိုင်ရှင် မိသားစု အသတ်ခံရတာဖြစ်တယ် ၊ ဆိုင်ရှင် လင်မယား ၂ ယောက်နဲ့ သမီးတယောက်သေတယ် ၊ ညနေ ၄ နာရီခွဲ ဝန်းကျင်လောက်မှာ ဖြစ်သွားတာပါ “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ တံတားဦးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” နတ်ကြီးရွာက…
Read MoreThis Day in History
This Day in History Voice of Myanmar အဲလိဇဘတ်-၂ ဘုရင်မကြီးသည် ဗြိတိန်ထီးနန်း၏ သက်တမ်းအရှည်ဆုံး ဘုရင်မအဖြစ် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် မှတ်တမ်းဝင်ခဲ့ပြီး ဝိတိုရိယဘုရင်မကြီး၏ နန်းသက် ၆၃ နှစ်နှင့် ၂၁၆ ရက်ကို ဖြတ်ကျော်စံချိန်တင်ခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September9th
Read Moreမန္တလေး – မုံရွာ ကားလမ်းမှာ လူငယ် ၃ ဦး ပစ်ခတ်ဖမ်းဆီးခံရ
စက်တင်ဘာ ၊ ၉ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ နုံးတွင်းကျေးရွာနဲ့ နတ်ခရိုင်ကျေးရွာ အကြား ၊ မန္တလေး – မုံရွာ ကားလမ်းပေါ်မှာ ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်က လူငယ် ၃ ဦး ပစ်ခတ်ဖမ်းဆီးခံရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ကားလမ်းဘေးမှာ ပစ်သတ်ခံထားရတဲ့သူတွေ လူငယ်တွေဖြစ်တယ် ၊ ဘယ်သူတွေဆိုတာ မသိရဘူး ၊ အသက် ၂၅ နှစ် ဝန်းကျင်အရွယ်တွေဖြစ်တယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အဲ့ဒီဘက်မှာ ကားလမ်းမိုင်းထောင်နေတယ် သတင်းကြားလို့ နယ်မြေရှင်းလင်းရေး သွားတာတော့ရှိတယ် ၊ ဒီမနက်မှာ မိုင်းထောင်နေတဲ့သူ ၃ လောင်း…
Read Moreရွှေနဲ့ ငွေလဲဈေးနှုန်းတွေ ပြန်ကျလာ
စက်တင်ဘာ ၉ – ၂၀၂၃ SN (VOM) ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက တောက်လျှောက် မြင့်တက်ခဲ့တဲ့ ပြည်တွင်း ရွှေဈေးနဲ့ ငွေလဲဈေးနှုန်းတွေဟာ အခု စက်တင်ဘာလ ပထမပတ်ကစပြီး ပြန်လည် ကျဆင်းလာနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ ဩဂုတ်လအတွင်းက ကျပ် သိန်း ၄၀ နားအထိ ရောက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ လက်ရှိမှာ ၁ ကျပ်သား ၃၄၆၀၀၀၀ ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး ကျပ် ၅ သိန်းကျော်ဝန်းကျင် ပြန်လည် ပြုတ်ကျလာတာ ဖြစ်ပါတယ်။ အဲ့ဒီ့လိုပဲ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ကျပ် ၄၀၀၀ နီးပါး ရောက်ခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးဟာလည်း တဖြည်းဖြည်း ပြန်လည်ကျဆင်းလာရာ အခု စက်တင်ဘာ ၉ ရက်နေ့မှာတော့ ကျပ် ၃၄၀၀ ကျော်ဝန်းကျင်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ “ဒေါ်လာဈေးကျလို့ ရွှေဈေးတွေ…
Read More