ကနေဒါရွေးကောက်ပွဲတွေမှာ တရုတ်နဲ့ရုရှား ဝင်ရောက်စွက်ဖက်မှု စုံစမ်းစစ်ဆေးတော့မယ်

တိုရွန်တို၊ စက်တင်ဘာ-၉-၂၀၂၃
မျိုးဆက်’VOM)

ကနေဒါအစိုးရဟာ နိုင်ငံရွေးကောက်ပွဲ တွေမှာ ပြည်ပဝင်ရောက်စွက်ဖက်မွတွေကို စုံစမ်းစစ်ဆေးဖို့ တရားသူကြီးတဦးကို ခန့်အပ်လိုက်ကြောင်း တာ၀န်ရှိသူ တွေကပြောပါတယ်။

ရွေးကောက်ပွဲတွေမှာ တရုတ်နိုင်ငံရဲ့၀င်ရောက်စွက်ဖက်မှု တွေရှိနေကြောင်း သတင်းများထွက်ပေါ်နေချိန် ဒီကိစ္စအပေါ် စုံစမ်းစစ်ဆေးဖို့ ဝန်ကြီးချုပ် ထရူးဒိုးရဲ့ လစ်ဘရယ်အမတ် တွေကို ွလပေါင်းများစွာ ဖိအားပေးခဲ့ပြီးနောက်မှာ အခုခန့်အပ်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမှုမှာ တရုတ်နဲ့ရုရှားတို့က ကနေဒါရွေးကောက်ပွဲတွေမှာ ဝင်ရောက်စွက်ဖက်ခဲ့မှုနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှာ ဖြစ်ကာ ကိစ္စကြောင့် တရုတ်နဲ့ကနေဒါနိုင်ငံတို့အကြား ဆက်ဆံရေးတင်းမာခဲ့ပါတယ်။

ကနေဒါအယူခံတရားရုံးမှ မာရီဂျိုးစ်ဟော့က အဆိုပါစုံစမ်းစစ်ဆေးမှုကို ဦးဆောင်မှာဖြစ်ပြီးကြောင်း ကနေဒါအများပြည်သူဘေးကင်းလုံခြုံရေး၀န်ကြီးက ထုတ်ပြန်ပါတယ်။

သူဟာ ကနေဒါရွေးကောက်ပွဲကို တရုတ်နဲ့ရုရှားသာမကအခြားသော ပြည်ပနိုင်ငံတွေ ၀ငျရောကျစှကျဖကျနိုငျခွကေိုစုံစမျးစဈဆေးသှားမှာ ဖြစ် ပြီး မကြာသေးမီက ပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲရလဒ်များကို ပြောင်းလဲစေမှာ မဟုတ်ပေမယ့်လည်း တာ၀န်ရှိသူတွေရဲ့ သတိပေးချက်များကို ကနေဒါအစိုးရက လျစ်လျူရှုခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။

Ref:BBC

#voiceofmyanmar #VOM. #ကနေဒါရွေးကောက်ပွဲ #တရုတ်ရုရှား

Related posts

Leave a Comment

VOM News

FREE
VIEW