မော်ရိုကိုမှာ အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် လူ (၃၀၀) နီးပါးသေဆုံး

ရာဘတ်၊ စက်တင်ဘာ-၉-၂၀၂၃
မျိုးဆက်(VOM)

မော်ရိုကိုနိုင်ငံ အလယ်ပိုင်းမှာ အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် လူ ၃၀၀ နီးပါးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကနဦးထုတ်ပြန်ချက်အရ သိရပါတယ်။

ရစ်ချ်တာစကေး ၆ ဒသမ ၈အဆင့်ရှိ အင်အားပြင်းမြေငလျင်ဟာ မားကတ်ချ်နဲ့ အခြားမြို့ကြီးများမှာ လှုပ်ခတ်ခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။

သေဆုံးသူအများစုဟာ သွားလာရခက်ခဲတဲ့ တောင်တန်းဒေသမှာ နေထိုင်သူတွေဖြစ်ပြီး လက်ရှိချိန်ထိ လူ ၁၅၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အင်အားပြင်း မြေငလျင်ဟာ မားကတ်ချ်မြို့ရဲ့ အနောက်တောင်ဘက် ၄၄ မိုင်အကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

လက်ရှိချိန်မှာ ရှာဖွေကယ်ဆယ်ရေးတွေ အပူတပြင်းလုပ်ဆောင်နေပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:BBC
#voiceofmyanmar #VOM #AtLeast296Dead #Morocco #earthquake

Related posts

Leave a Comment

VOM News

FREE
VIEW