နီပေါမှာ ဆရာ၊ ဆရာမတွေ အကြီးအကျယ်သပိတ်မှောက်နေတာကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရ

ခတ္တမန္ဒူ၊ စက်တင်ဘာ-၂၃-၂၀၂၃
မျိုးဆက်(VOM)

နီပေါနိုင်ငံမှာ ဆရာ ဆရာမတွေရဲ့ အကြီးအကျယ်သပိတ်မှောက်မှုဟာ သုံးရက်မြောက်နေ့ကို ရောက်ရှိလာပြီး စာသင်ကျောင်းတွေ ပိတ်ထားရပါတယ်။

ကျောင်းတွေကို ကြီးကြပ်ဖို့ ဒေသန္တရအစိုးရတွေကို လုပ်ပိုင်ခွင့်ပေးတာနဲ့ နိုင်ငံရေးနဲ့ဆက်နွယ်နေတဲ့ အဖွဲ့အစည်းတွေမှာ ဆရာ ဆရာမတွေ ပါဝင်ခွင့်ကို တားမြစ်ထားတာနဲ့ပတ်သက်ပြီး ကန့်ကွက်နေကြပါတယ်။

ဆန္ဒပြသူတွေဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစပြီး ကန့်ကွက်မှုတွေနဲ့အတူ ခတ္တမန္ဒူရှိ လွှတ်တော်ကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ အတားအဆီးတွေကို ဖြတ်ကျော်ဖို့ကြိုးစားစဉ် ရဲတပ်ဖွဲ့နဲ့ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။

နီပေါ ဆရာ၊ ဆရာမ တသိန်းတသောင်းကျော်ဟာ လွှတ်တော်ရှိ ပြုပြင်ပြောင်းလဲမှု ဥပဒေနဲ့ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြပြီး သပိတ်မှောက်မှုတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေကတော့ အခြေအနေပုံမှန်ပြန်ဖြစ်ပြီး ပညာသင်ကြားနိုင်ဖို့ တောင်းဆိုနေကြပါတယ်။

နီပေါဆရာ ဆရာမတွေဟာ နိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အဓိကပါဝင်ခဲ့ကြပါတယ်။ ၁၉၅၉ ခုနှစ် ပထမဆုံးပါလီမန်ရွေးကောက်ပွဲကျင်းပပြီးနောက် နီပေါနိုင်ငံရေးပါတီတွေဟာ ဆရာ ဆရာမတွေကို ပါတီဝင်ဖြစ်လာဖို့ စုဆောင်းခဲ့ဖူးပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #Nepal #TeachersStrike #Education Reform #ShutsDownSchools

Related posts

Leave a Comment

VOM News

FREE
VIEW