ဂါဇာမြို့တော်ကို အစ္စရေးစစ်တပ် အလုံးစုံဝိုင်းရံထား၊ ဂါဇာမှာ သေဆုံးသူ ၉၀၀၀ ကျော်ထိမြင့်တက်လာ

 

တဲလ်အဗစ်၊ နိုဝင်ဘာ-၃-၂၀၂၃

မျိုးဆက်(VOM)

အစ္စရေးဟာ ဂါဇာကမ်းမြှောင်ဒေသကို အရှိန်မြှင့်ထိုးစစ်ဆင်နေပြီး မြို့တော် ဂါဇာစီးတီးကို အလုံးစုံ ဝိုင်းရံထားကြောင်း အစ္စရေးစစ်တပ်ကပြောပါတယ်။

ဂါဇာမြို့တော်ကို ဝိုင်းရံထားသလို ကင်းစခန်းတွေ၊ ဌာနချုပ်တွေနဲ့ ဟားမတ်စ်တွေရဲ့ အခြေခံအဆောက်အအုံတွေကို မြေပြင်နဲ့လေကြောင်းထိုးစစ်နဲ့ ခြေမှုန်းတိုက်ခိုက်နေတယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။

နိုဝင်ဘာ ၂ ရက်က မြေပြင်ထိုးစစ်အတွင်း အစ္စရေးတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ပြီး သေဆုံးတဲ့အစ္စရေးတပ်ဖွဲ့ဝင်အရေအတွက် ၂၃ ဦးထိမြင့်တက်လာတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ဟာ ဝန်ကြီးချုပ်နေတန်ယာဟုနဲ့ဆွေးနွေးဖို့ အစ္စရေးကိုရောက်ရှိနေပြီး ဟားမတ်စ်တွေက အစ္စရေးကို တိုက်ခိုက်ပြီးနောက် ဒုတိယအကြိမ်မြောက်လည်း ဖြစ်ပါတယ်။

ဂါဇာကနေ အီဂျစ်နိုင်ငံထဲကို ဖြတ်ကျော်မယ့် စစ်ရှောင်တွေထဲမှာ ဗြိတိန်နိုင်ငံသား အယောက် ၁၀၀ လောက်ပါဝင်နေပါတယ်။ အစ္စရေးကို ဟားမတ်စ်တွေရဲ့ အောက်တိုဘာ ၇ ရက်တိုက်မှုအတွင်း လူ ၁၄၀၀ ကျော်သေဆုံးပြီး ၂၀၀ ကျော်ကို ဟားမတ်စ်တွေက ပြန်ပေးဆွဲခဲ့ပါတယ်။

ဂါဇာမှာတော့ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၉၀၀၀ ကျော်ထိ မြင့်တက်လာကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

Ref:BBC

Photo:AFP

 

Related posts

Leave a Comment

VOM News

FREE
VIEW