တီဟီရန်၊ နိုဝင်ဘာ-၃-၂၀၂၃ မျိုးဆက်(VOM) အီရန်နိုင်ငံမြောက်ပိုင်းရှိ မူးယစ်ဆေးဝါးသုံးစွဲသူူများအတွက် ပြန်လည်ထူထောင်ရေးစင်တာတခုမှာ နိုဝင်ဘာ ၃ ရက်ကဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် လူ ၃၂ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မီးလောင်မှုဟာ တီဟီရန်မြို့တော်မြောက်ဘက် ဂီလန်ပြည်နယ် ကက်စပီယန်ရှိ မြို့တမြို့မှာ သောကြာနေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ ၁၆ ယောက်ကို ဆေးရုံပို့ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အီရန်ဟာ မူးယစ်ဆေးဝါး မှောင်ခိုသမားတွေနဲ့ ရောင်းဝယ်ဖောက်ကားသူတွေကို သေဒဏ်ပေးပေမယ့် မူးယစ်ဆေးဝါးသုံးစွဲသူတွေအတွက် ပြန်လည်ထူထောင်ရေးအစီအစဉ်တွေကိုတော့ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးပေမယ့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့က တာဝန်ရှိသူတွေက ပြောပါတယ်။ အီရန်ဟာ ကမ္ဘာပေါ်မှာ လူတယောက်ချင်း ဘိန်းသုံးစွဲမှု အများဆုံးနိုင်ငံအဖြစ် ကုလသမဂ္ဂကခန့်မှန်းထားပြီး အာဖဂန်ကဘိန်းတွေ တင်ပို့မှုရဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း အာဖဂန်ကတင်ပို့တဲ့ ဘိန်းဖြူနဲ့ အခြားမူးယစ်ဆေးတွေကို…
Read MoreDay: November 3, 2023
ဂါဇာမြို့တော်ကို အစ္စရေးစစ်တပ် အလုံးစုံဝိုင်းရံထား၊ ဂါဇာမှာ သေဆုံးသူ ၉၀၀၀ ကျော်ထိမြင့်တက်လာ
တဲလ်အဗစ်၊ နိုဝင်ဘာ-၃-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးဟာ ဂါဇာကမ်းမြှောင်ဒေသကို အရှိန်မြှင့်ထိုးစစ်ဆင်နေပြီး မြို့တော် ဂါဇာစီးတီးကို အလုံးစုံ ဝိုင်းရံထားကြောင်း အစ္စရေးစစ်တပ်ကပြောပါတယ်။ ဂါဇာမြို့တော်ကို ဝိုင်းရံထားသလို ကင်းစခန်းတွေ၊ ဌာနချုပ်တွေနဲ့ ဟားမတ်စ်တွေရဲ့ အခြေခံအဆောက်အအုံတွေကို မြေပြင်နဲ့လေကြောင်းထိုးစစ်နဲ့ ခြေမှုန်းတိုက်ခိုက်နေတယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။ နိုဝင်ဘာ ၂ ရက်က မြေပြင်ထိုးစစ်အတွင်း အစ္စရေးတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ပြီး သေဆုံးတဲ့အစ္စရေးတပ်ဖွဲ့ဝင်အရေအတွက် ၂၃ ဦးထိမြင့်တက်လာတယ်လို့ ဆိုပါတယ်။ ဒီအတောအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ဟာ ဝန်ကြီးချုပ်နေတန်ယာဟုနဲ့ဆွေးနွေးဖို့ အစ္စရေးကိုရောက်ရှိနေပြီး ဟားမတ်စ်တွေက အစ္စရေးကို တိုက်ခိုက်ပြီးနောက် ဒုတိယအကြိမ်မြောက်လည်း ဖြစ်ပါတယ်။ ဂါဇာကနေ အီဂျစ်နိုင်ငံထဲကို ဖြတ်ကျော်မယ့် စစ်ရှောင်တွေထဲမှာ ဗြိတိန်နိုင်ငံသား အယောက် ၁၀၀ လောက်ပါဝင်နေပါတယ်။ အစ္စရေးကို ဟားမတ်စ်တွေရဲ့ အောက်တိုဘာ ၇ ရက်တိုက်မှုအတွင်း လူ ၁၄၀၀ ကျော်သေဆုံးပြီး ၂၀၀ ကျော်ကို…
Read Moreချင်းပြည်နယ်နဲ့ စစ်ကိုင်း ၊ မကွေးတိုင်းဘက်တွေမှာ ဒီမနက်ပိုင်းကစလို့ နေရာအတော်များများ တိုက်ပွဲဖြစ်နေ
နိုဝင်ဘာ ၊ ၃ ၊ ၂၀၂၃ SP ( VOM) ဒီမနက် အစောပိုင်းကစလို့ ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ တီးတိန်ကားလမ်းခွဲ ၊ ဖလမ်း – ကလေး ကားလမ်းမှာရှိတဲ့ သိုင်းငင်း ကင်စခန်းနဲ့ စစ်ကိုင်းတိုင်း တမူးမြို့နယ် ၊ ခမ်းပတ် (မြို့နယ်ခွဲ) ရဲစခန်းအပါအဝင် ကလေး – တမူးကားလမ်းက ရာဇဂြိုလ် အကျဥ်းဦးစီးဌာန ၊ ဘဝသစ် ကုန်ထုတ်လုပ်ရေးစခန်း နဲ့ ကောလင်းမြို့ပေါ် မှာ နေရာ အနှံ့အပြား ၊ အပြင် ကန့်ဘလူမြို့နယ် ၊ ချပ်သင်းဘက်မှာလည်း ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး မကွေးတိုင်း ဂန့်ဂေါမြို့နယ် မင်းရွာရဲကင်းစခန်းကတော့ ကျသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဒီမနက် ၄ နာရီလောက်ကစပြီး ပစ်ခတ်သံတွေကြားရတယ် ၊…
Read Moreဒေလီမှာ လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာတာကြောင့် မူလတန်းကျောင်းတွေ ပိတ်ထားရ
ဒေလီ၊ နိုဝင်ဘာ-၃-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ လေထုညစ်ညမ်းမှုပိုမိုဆိုးရွားလာတာကြောင့် မူလတန်းကျောင်းတွေကို နိုဝင်ဘာ ၃ ရက်မစပြီး အာဏာပိုင်တွေက နှစ်ရက်ကြာ ပိတ်ထားလိုက်ပါတယ်။ မြို့တော်ရဲ့လေထုအရည်အသွေးဟာ ယခုရာသီမှာ ပထမဆုံးအကြိမ်အဖြစ် ဆိုးရွားစွာကျဆင်းနေကြောင်း တာဝန်ရှိသူတွေကဆိုပါတယ်။ လာမယ့်နှစ်ပတ်အတွင်း မိုးရွာသွန်းဖွယ်အခြေအနေရှိကြောင်း မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။ လေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီး အခြေအနေကိုပြန်လည်သုံးသပ်ဖို့ ဒေလီသဘာဝပတ်ဝန်းကျင်ဝန်ကြီးက အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပါတယ်။ ဒေလီဟာ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှု အဆိုးရွားဆုံးဖြစ်ပွားလေ့ရှိတဲ့ မြို့တွေထဲက တမြို့ဖြစ်ပါတယ်။ လယ်သမားတွေဟာ ကောက်ပဲသီးနှံတွေရိတ်သိမ်းပြီးနောက် စိုက်ခင်းတွေကို မီးရှို့ခြင်း၊ လေတိုက်နှုန်းနည်းပါးခြင်း၊ ပွဲတော်တွေအတွင်း မီးရှူးမီးပန်တွေဖောက်ခြင်းစတဲ့ အကြောင်းရင်းတွေကြောင့် ဒေလီရဲ့ လေထုအရည်အသွေးဟာ အထူးသဖြင့် ဆောင်းရာသီမှာ ပိုမိုညစ်ညမ်းလေ့ရှိပါတယ်။ အိမ်နီးချင်းပန်ဂျပ်နဲ့ ဟာယာနာပြည်နယ်တွေမှာ စိုက်ခင်းတွေကိုမီးရှို့မှုတွေပြုလုပ်ချိန်ဖြစ်တဲ့ နိုဝင်ဘာ ၁ ရက်ကနေ ၁၅ ရက်အတွင်း မြို့တော်ရဲ့ လေထုဟာ အညစ်ညမ်းဆုံးဖြစ်ပွားလေ့ရှိကြောင်း ဒေလီ လေထုအရည်အသွေးထိန်းချုပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။ Ref:BBC…
Read MoreThis Day in History
Voice of Myanmar အမေရိကန်သမ္မတ ဂျော့ချ်ဒဗလျူဘုရှ်သည် ၂၀၀၄ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် သမ္မတအဖြစ် ဒုတိယသက်တမ်း ပြန်လည်ရွေးချယ်ခံခဲ့ရသည်။
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၃ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၂၇၀ ကျပ် ဝယ်ဈေး – ၃၂၃၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၃၆၅ ကျပ် ဝယ်ဈေး – ၂၃၁၅ ကျပ် -ယူရို ရောင်းဈေး – ၃၄၈၁ ကျပ် ဝယ်ဈေး – ၃၄၁၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၀.၅၀ ကျပ် ဝယ်ဈေး – ၈၈.၉၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၀၀ ကျပ် ဝယ်ဈေး – ၆၈၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၅၅ ကျပ် ဝယ်ဈေး – ၄၄၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreအိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသား ၄၄ ယောက် ဖမ်းဆီးခံရပြီးနောက် မြန်မာစစ်ဘေးရှောင် တထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ
နိုဝင်ဘာ ၊ ၃ ၊ ၂၀၂၃ SP (VOM) ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က မြန်မာနိုင်ငံရဲ့ နယ်စပ်မြို့ဖြစ်တဲ့ အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ တင်နိုပယ်ခရိုင် ၊ မိုးရေးမြို့မှာမြန်မာစစ်ဘေးရှောင် ကလေးလူကြီး အယောက် ၄၀ ကျော်ဟာ အိန္ဒိယရဲတွေ ဖမ်းဆီးတာကိုခံရပြီးနောက်ပိုင်း မြန်မာစစ်ဘေးရှောင် တထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မိုးရေးမြို့ခံတွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ နိုဝင်ဘာ တရက်နေ့ မနက်ပိုင်းက မိုးရေးမြို့ရောက် မြန်မာစစ်ဘေးရှောင်တွေထဲက စျေးဝယ်ထွက်တဲ့ လူ ၄၄ ယောက်ကို အိန္ဒိယရဲက ဖမ်းတယ် ၊ အဲ့ဒီထဲက မိန်းကလေးနဲ့ ကလေးသူငယ်တွေကိုမနေ့ အောက်တိုဘာ နှစ်ရက်နေ့က ပြန်လွတ်ပေးတယ်၊ အဲ့ဒီလို ပြန်လွတ်ပေးတာ ၁၀ ယောက်ကျော်ရှိတယ်…
Read Moreယနေ့ ရွှေဈေးအဖွင့် (နိုဝင်ဘာ- ၃ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၅၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၂၅၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #ရွှေစျေး
Read Moreလာမယ့် နိုဝင်ဘာ ၅ ရက်ကစလို့ သေဒဏ်နဲ့ တကျွန်းကျ အကျဉ်းသားတွေ မိသားစုနဲ့ ထောင်ဝင်စာတွေ့ခွင့်ရတော့မယ်
နိုဝင်ဘာ ၊ ၃ ၊ ၂၀၂၃ SP ( VOM) လာမယ့် နိုဝင်ဘာ ၅ ရက်ကစလို့ သေဒဏ်နဲ့ တကျွန်း ပြစ်ဒဏ်ကျခံရသူတွေကို တလတကြိမ် မိသားစုက ထောင်ဝင်စာတွေ့ခွင့်ရတော့မယ်လို့ နိုင်ငံရေး အကျဉ်းသား အကူညီစောင့်ရှောက်ရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ ၂၀၂၀ မတ် နောက်ဆုံးပတ်ထဲကနေ လူကိုယ်တိုင် ထောင်ဝင်စာ တွေ့ဆုံခွင့်ကို ကိုဗစ်ရောဂါ တုန့်ပြန်ကာကွယ်ရေး လုပ်ငန်းစဉ်တွေအရ ကန့်သတ်ထားတာဖြစ်တယ် ၊ အခုက ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်တဲ့ အဆင့်ရောက်နေပြီ ဖြစ်တာကြောင့် လူကိုယ်တိုင် ထောင်ဝင်စာ တွေ့ဆုံခွင့် ကန့်သတ်ထားတာကို ရုတ်သိမ်းဖြေလျော့ပေးတာဖြစ်တယ် ၊ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်က စပြီး ထောင်ဝင်စာတွေ့ခွင့် ပြုထားပေးတယ် ၊ အခုဟာက လာမယ့်နိုင်ဝင်ဘာ ၅ ရက်ကစလို့ သေဒဏ်နဲ့…
Read More