မြောက်ဥက္ကလာပမြို့နယ်က ရွှေဆိုင်ပိုင်ရှင်ကို သေနတ်နဲ့ပစ်ပြီး ဓားပြတိုက်သွားလို့ သိန်းတသောင်းကျော်ဖိုးပါသွား

 

နိုဝင်ဘာ ၊ ၁၁ ၊ ၂၀၂၃

SP + SN (VOM)

 

ရန်ကုန်တိုင်း ၊ မြောက်ဥက္ကလာပမြို့နယ် ၊ အမှတ် ၁ ရပ်ကွက် ၊ သုမိတ္တာ ၂၂ လမ်း ၊ အမှတ် ၈၆၇ အိမ်ရှေ့နေရာမှာ မနေ့ နိုဝင်ဘာ၁၀ ရက် ၊ ညနေပိုင်းက စျေးသိမ်းပြန်လာတဲ့ ရွှေဆိုင်ပိုင်ရှင် တဦးကို သေနတ်နဲ့ ပစ်ခတ်ပြီး ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်လုယက်သွားတယ်လို့ မြောက်ဥက္ကလာပ ဒေသခံတွေဆီက သိရပါတယ်။

 

” မနေ့က ညနေ ၆ နာရီဝန်းကျင်က ဖြစ်တာပါ ၊ ခန့်မြတ်ချယ် စိန်ရွှေရတနာ ရောင်းဝယ်ရေးပိုင်ရှင် မအေးသဇင်နွယ် ဆိုသူကဆိုင်သိမ်းပြီး နေအိမ်ကို ကားနဲ့ပြန်လာတယ် ၊ သူလည်း အိမ်ပြန်ရောက်လို့ ကားပေါ်ကနေ အဆင်း ၊  ဆိုင်ကယ်နှစ်စီးနဲ့ သူနောက်ကနေ နောက်ယောင်ခံ လိုက်လာတဲ့ အမည်မသိ (စုံစမ်းဆဲ) လူ သုံးယောက်က အိမ်ထဲကို အဝင် သေနတ်နဲ့ ပစ်ခတ်လို့ ရွှေဆိုင်ပိုင်ရှင် မအေးသဇင်နွယ်ရဲ့ ဘယ်ဘက်လက်မောင်း ကျည်ဖောက်ဝင်သွားတယ် ၊ နောက်ပြီး ခြေတောက် ဒူးခေါင်းနေရာမှန်တယ် ၊အဲ့ဒီအချိန် လုယက်သူတွေက မအေးသဇင်နွယ်ရဲ့ ရွှေထည်ပစ္စည်းအိတ်ကို လုယူထွက်ပြေးသွားတယ် ၊ စိန်ရွှေပစ္စည်း ခန့်မှန်းကာလတန်ဘိုး သိန်းတသောင်းဖိုးဝန်းကျင်ရှိတယ် ” လို့ ဒေသခံ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။

 

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မြောက်ဥက္ကလာပ ၊ မြို့နယ်ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးပြီး အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သေနတ်နဲ့ပစ်ခံရတဲ့ မအေးသဇင်နွယ်ကတော့ ဆေးရုံတက်ရောက်ကုသခံနေရပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက် မနက်ပိုင်းကလည်း ကချင်ပြည်နယ် ၊ ဗန်းမော်မြို့ ၊ အရှေ့ညောင်ပင်ရပ်ကွက်မှာရှိတဲ့ အောင်သီရိစိန်ရွှေရတနာဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်း တပိ

ဿာဝန်းကျင်ပါသွားတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ရန်ကုန်တိုင်း ၊ ကြည့်မြင်တိုင်မြို့၊ ကြည့်မြင်တိုင်ညစျေးက ဆိုင်သိမ်းပြီး နေအိမ်ပြန်လာတဲ့ ရွှေဆိုင်ပိုင်ရှင်ကို ပြီးခဲ့တဲ့အောက်တိုဘာ ၈ ရက်နေ့ ၊ ည ၇ နာရီခွဲဝန်းကျင်မှာ လူတစုက ရိုက်နှက်ပြီး ကားနဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး  အမြန်လမ်းပေါ်မှာ အလောင်းထားခဲ့တယ်လို့ သိရပါတယ်။

 

အောက်တိုဘာ ၅ ရက်က လည်း ကချင်ပြည်နယ် ၊ မိုးညှင်ခရိုင် ၊ ဖားကန့်မြို့နယ် ၊ လုံးခင်းကျေးရွာမှာရှိတဲ့ ၊ မိုး ရွှေရတနာဆိုင် နဲ့ပန်းတိမ်လုပ်ငန်းမှာ ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံနဲ့ ကျောက်စိမ်တွေ အပါအဝင် သိန်းခြောက်ထောင်ဖိုး ပါသွားတယ်လို့ သိရပါတယ်။

 

” ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပေါင်း ၃၀ ( တလ) အတွင်း ဓားပြတိုက်ခံတာ ကြီးကြီးမားမား သုံးကြိမ်ဖြစ်တယ် ၊ ပြန်ပြေးဆွဲခံရတာတွေ ၊ လူသတ်လုယက်မှုတွေ အဲ့ဒီ ဓားပြတိုက်မှု ဖြစ်စဥ်တွေထဲမှာ မပါဝင်သေးဘူး ၊ ဖားကန့်နယ်မှာ ၁၀ ရက်ကို တကြိမ်နူန်း ဓားပြမှုတွေ ဖြစ်နေတယ် ” လို့ ဖားကန့် ဒေသခံတယောက်က ပြောပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက် မနက်ပိုင်းကလည်း ကချင်ပြည်နယ် ၊ ဗန်းမော်မြို့ ၊ အရှေ့ညောင်ပင်ရပ်ကွက်မှာရှိတဲ့ အောင်သီရိစိန်ရွှေရတနာဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်း တပိဿာဝန်းကျင်ပါသွားတယ်လို့ သိရပါတယ်။

 

အဲဒီလိုပါဘဲ ပြီးခဲ့တဲ့ ဧပြီဝန်းကျင်တုန်းကလည်း မန္တလေးတိုင်း ၊ မြင်းခြံမြို့ပေါ်က နာမည်ကြီး ရွှေဆိုင်တဆိုင် လုယက်ခံရပြီးလုယက်သူတွေက သေနတ်နဲ့ ပစ်ခတ်လို့ ရွှေဆိုင်ပိုင်ရှင် ကျည်ဆံထိမှန် သေဆုံးခဲ့ပါတယ်။

 

တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြီးခဲ့တဲ့ နှစ် နှစ်ကျော်ကာလအတွင်း ရွှေဆိုင် လုယက်မှု ဖြစ်စဥ်ပေါင်း ၇၀ ကျော်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ် ။ အဲ့ဒီလို လုယက်မှုဖြစ်ပွားတဲ့ ဒေသတွေကတော့ ရန်ကုန် ၊ မန္တလေး ၊ မြင်းခြံ ၊ မုံရွာ ၊ ဖားကန့် ၊ ဝန်းသို၊ နောင်ချို ၊အင်းတော် ၊ ပခုက္ကူ စတဲ့ မြို့နယ်တွေဖြစ်တယ်လို့ သိရပါတယ်။

 

 

#voiceofmyanmar #VOM #မြောက်ဥက္ကလာပ #ရွှေဆိုင်ပိုင်ရှင်ဓါးပြတိုက်ခံရ

 

ဓာတ်ပုံ  ။  ။ သေနတ်နဲ့ ပစ်ခတ်ခံရပြီး ရွှေထည်ပစ္စည်းတွေ လုယူခံရသူ ဒဏ်ရာရထားပုံ ၊ (ဒေသခံ တဦး)

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW