ဂါဇာရှိ အကြီးဆုံးဆေးရုံကို အစ္စရေးစစ်တပ် ဝင်ရောက်စီးနှင်း ၊ ဟားမတ်စ်တွေအားလုံး လက်နက်ချဖို့ တိုက်တွန်း

 

 

ဂါဇာစီးတီး၊ နိုဝင်ဘာ-၁၅-၂၀၂၃

မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသရှိ အကြီးဆုံးဆေးရုံဖြစ်တဲ့ အယ်လ်ရှီဖာဆေးရုံရှိ ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်တွေကို နိုဝင်ဘာ ၁၅ ရက်မှာ ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဒေသစံတော်ချိန် မနက် ၁ နာရီမှာ ဆေးရုံကို ဝင်ရောက်စီးနှင်းမှာဖြစ်ကြောင်း အစ္စရေးက သတိပေးခဲ့တယ်လို့ဆိုထားပြီး ဟားမတ်စ်တွေအားလုံး လက်နက်ချဖို့ အစ္စရေးစစ်တေပ်က တိုက်တွန်းထားပါတယ်။ ဟားမတ်စ်တွေဟာ ဆေးရုံကို အကာအကွယ်ပြုပြီး စစ်ဆင်ရေးနဲ့ အမိန့်ပေးဌာနရှိနေတယ်လို့ အစ္စရေးကဆိုပါတယ်။

ထောက်လှမ်းရေးအချက်အလက်တွေနဲ့ စစ်ဆင်ရေးဆိုင်ရာ အခြေခံလိုအပ်ချက်တွေကို အခြေခံပြီး အယ်လ်ရှီဖာဆေးရုံရှိ သတ်မှတ်ဧရိယာမှာ ဟားမတ်စ်တွေကို အတိအကျပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတခု လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အယ်လ်ရှီဖာဆေးရုံရဲ့ အနောက်ဘက်ခြမ်းကို အစ္စရေးတပ်တွေ ဝင်ရောက်စီးနှင်းခဲ့တာဖြစ်ကြောင်း ဆေးရုံထဲမှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမူနီယာက ပြောပါတယ်။

ဂါဇာကို ငါးပတ်ကြာတိုက်ခိုက်ပြီးနောက်မှာ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲဖို့ အစ္စရေးကို နိုင်ငံတကာက တောင်းဆိုမှုတွေနဲ့အတူ အယ်လ်ရှီဖာဆေးရုံအနီးတိုက်ပွဲတွေကြောင့် ဆိုးရွားလာတဲ့ အခြေအနေတွေအပေါ် နိုင်ငံတကာက အာရုံစူးစိုက်နေကြပါတယ်။

Ref:BBC

Photo:Reuters

 

 

Related posts

Leave a Comment

VOM News

FREE
VIEW