တိုကျို၊ ဒီဇင်ဘာ-၂၇-၂၀၂၄
ရတီ(VOM)
ဂျပန်အစိုးရဟာ လာမယ့်ဘဏ္ဍာရေးနှစ်အတွက် စံချိန်တင် ဘက်ဂျက်ကို ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်မှာ အတည်ပြုလိုက်ပါတယ်။
အစိုးရအဖွဲ့က ခွင့်ပြုလိုက်တဲ့ ဒီဘက်ဂျက်ဟာ ယန်း ၁၁၅ ဒဿမ ၅ ထရီလီယံ(ဒေါ်လာ ၇၃၀ ဘီလီယံ)ရှိပြီး ကာကွယ်ရေးအသုံးစရိတ် ယန်း ၈ ဒသမ ၇ ထရီလီယံပါဝင်ပါတယ်။ လူမှုဖူလုံရေးအသုံးစရိတ် ၃၈ ဒဿမ ၃ ထရီလီယံပါဝင်နေပါတယ်။
ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အခက်ခဲဆုံးနဲ့ အရှုပ်ထွေးဆုံး လုံခြုံရေးပတ်ဝန်းကျင်ကို ရင်ဆိုင်နေရတယ်လို့ ဝန်ကြီးချုပ် အိုင်ရှီဘာက ပြောပါတယ်။ ဂျပန်မှာ စစ်ပြီးခေတ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရဲ့ စစ်ရေးစွမ်းရည်ကို ကန့်သတ်ခံထားရပါတယ်။
ဒါပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ အဓိကကျတဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးမူဝါဒတွေကို မွမ်းမံပြင်ဆင်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကို ကိုးကားခဲ့ကာ ၂၀၂၇ ခုနှစ်မှာတော့ နေတိုးအဖွဲ့ရဲ့ စံနှုန်းအတိုင်း ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းတိုးမြှင့်သွားဖို့ ကတိပြုထားပါတယ်။
အတည်ပြုလိုက်တဲ့ ဘက်ဂျက်ထဲက ကာကွယ်ရေးအသုံးစရိတ် ယန်း ၈ ဒသမ ၇ ထရီလီယံဟာ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ တပ်သားသစ်စုဆောင်းရေးတွေမှာ ဆွဲဆောင်နိုင်ဖို့နဲ့ အိုကီနာဝါရှိ ဒေသခံတွေနဲ့ အမေရိကန်၊ ဂျပန်စစ်တပ်ဖွဲ့ဝင်တွေအကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်လာဖို့ အထောက်အကူ ဖြစ်စေမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါအပြင် ဒီအသုံးစရိတ်ထဲကနေ မြောက်ကိုရီးယား ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့နဲ့ တရုတ်နဲ့ အငြင်းပွားဖွယ်ရေပိုင်နက်တွေမှာ သင်္ဘောတွေ ဖြန့်ကြက်ရေးတို့ကိုလည်း လုပ်ဆောင်သွားမယ်လို့ ဂျပန်စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။
Ref:AFP
Photo:AFP
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...