ဒီဇင်ဘာ ၂၇ – ၂၀၂၄
GG (VOM)
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံ-ချောက် ကားလမ်းဘေးက ကြအိုကျွန်းရွာမှာရှိတဲ့ အောင်သိုက်ဦး တောင်သူလယ်ယာသုံး စက်ပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ညပိုင်းက ဓားပြတိုက်ပြီးလူသတ်မှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
အမည်မသိအမျိုးသားအဖွဲ့က လက်နက်တွေနဲ့အတူ ဓားပြတိုက်ပြီးနောက်ဆိုင်ပိုင်ရှင်ဖြစ်သူ ကိုအောင်သိုက်ဦးနဲ့ ယောက္ခမဖြစ်သူ ဦးနေလင်းတို့ကိုသေနတ်နဲ့ပစ်သတ်သွားတာဖြစ်တယ်လို့သိရပါတယ်။
” ယောက္ခမရော၊သားမက်ရော ပွဲချင်းပြီးဆုံးသွားတယ်။ ဓားပြတိုက်ခံရတာကတော့ ည ၈ နာရီလောက်လို့ပြောတယ်။ပစ္စည်းတွေတော့ဘာတွေယူသွားလည်း သေချာတိကျတော့မသိရသေးဘူး။မနက်ပိုင်း ရဲတွေစစ်ဆေးတာလုပ်ကြတယ်။ဘယ်သူတွေလုပ်တယ်တော့မသိပါဘူး။ကျွန်တေည်တို့ ပုဂံနဲ့ချောက်ကြားမှာ ဒီလထဲတင်ခပ်စိပ်စိပ်ဖြစ်နေတယ်။” လို့ ဒေသခံကပြောပါတယ်။
ဒီဇင်ဘာ ၂၅ ရက်ကလည်း ညောင်ဦးမြို့နယ် ၊ ပုဂံ-ချောက် ကားလမ်းဘေးရှိ ပျော်ဘွယ်ကျေးရွာမှ စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးမောင်ဝင်းနေအိမ် ဓားပြတိုက်ခံရပြီး အဲဒီရွာမှ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးလုပ်ကိုင်သူဦးရွှေတင့်အိမ်လည်းဓားပြတိုက်ခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့ တယ်လို့သိရပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့ လည်း ညောင်ဦးမြို့နယ်၊ မီးလောင်ဖျား(မြောက်) ရွာအနီးမှာဖွင့်ထားတဲ့ စက်သုံးဆီဆိုင်မှာ ဓားပြတိုက်ပြီးဆိုင် ပိုင်ရှင်အမျိုးသမီးနဲ့ နောက်ထပ်အမျိုးသမီးတို့ ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။
Photo:CJ
Related posts
-
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မြန်မာပြည်ထုတ် ဘိလပ်မြေနဲ့စက်သုံးဆီ အဆမတန် ဈေးမြင့်နေလို့ အိန္ဒိယဘိလပ်မြေနဲ့ စက်သုံးဆီကို သုံးစွဲနေရ
ဒီဇင်ဘာ ၂၇-၂၀၂၄ Voice Of Myanmar စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်း၊ ခန္တီးနဲ့ နာဂတောင်တွေမှာ... -
အိန္ဒိယရဲ့ စီးပွားရေးဗိသုကာ ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း ကွယ်လွန်
ဒေလီ၊ ဒီဇင်ဘာ-၂၇-၂၀၂၄မျိုးဆက်(VOM)အိန္ဒိယရဲ့ သက်တမ်းရှည် ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းအသက် ၉၂ အရွယ် ဒီဇင်ဘာ ၂၆... -
၂၀၂၁ နောက်ပိုင်း မန္တလေးမှာ ရွှေဆိုင်ဓားပြတိုက်ခံရမှု ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့
မန္တလေး၊ ဒီဇင်ဘာ ၂၇-၂၀၂၄Voice Of Myanmar(VOM)မန္တလေးမြို့မှာ ၂၀၂၁ခုနှစ် နိုင်ငံ ရေးဖြစ်စဉ် တွေ...