ယူကရိန်းမြို့တော် ကိယက်ဗ်ကို အီရန်လုပ် အသေခံဒရုန်းအများအပြားနဲ့ ရုရှားတိုက်ခိုက်

 

ကိယက်ဗ်၊ နိုဝင်ဘာ-၂၆-၂၀၂၃

မျိုးဆက်(VOM)

ရုရှားဟာ ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်မှုအကြီးအကျယ်ပြုလုပ်ခဲ့ပါတယ်။

ကိယက်ဗ်အပါအဝင် နေရာခြောက်ခုထက်မနည်းမှာ အီရန်လုပ် အသေခံဒရုန်း ၇၅ စင်းနဲ့ တိုက်ခိုက်ခဲ့ပြီး ဒီထဲက ၇၄ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။

မြို့တော်အနီးတဝိုက်မှာ ဒရုန်းအစင်း ၆၀ ကျော်ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဒရုန်းတွေပျက်ကျမှုကြောင့် ကလေးငယ်တယောက်အပါအဝင် လူငါးဦးဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံများစွာ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် မြို့တော်ကိယက်ဗ်မှာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ပြောပါတယ်။ ဒါဟာ တမင်တကာအကြမ်းဖက်တဲ့လုပ်ရပ်ဖြစ်ပြီး ရုရှားခေါင်းဆောင်ဟာ လူတွေသတ်နိုင်တဲ့စွမ်းရည်အပေါ် ဂုဏ်ယူနေတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးကပြောပါတယ်။

ယူကရိန်းစစ်တပ်ဟာ ရုရှားပစ်လိုက်တဲ့ဒရုန်းအများစုကို ပစ်ချနိုင်ခဲ့ပေမယ့် နိုင်ငံရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ပိုမိုခိုင်မာတောင့်တင်းအောင် ဖြည့်တင်းသွားမယ်လို့ ဇီလန်စကီးက ကတိပြုပြောဆိုပါတယ်။

ဆောင်းရာသီနီးကပ်လာတာနဲ့အမျှ ရုရှားဟာ ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ဒရုန်းတွေ ဒုံးကြည်တွေနဲ့ တိုက်ခိုက်မှာကို ယူကရိန်းက သတိထားစောင့်ကြည့်နေပါတယ်။

Ref:NHK

Photo:AP

 

Related posts

Leave a Comment

VOM News

FREE
VIEW