မော်စကို၊ စက်တင်ဘာ-၁၈-၂၀၂၄
မျိုးဆက်(VOM)
ရုရှားနိုင်ငံ တီဗာဒေသမှာ ယူကရိန်းရဲ့ ဒရုန်းအကြီးအကျယ်တိုက်ခိုက်မှုကြောင့် ဒေသခံထောင်ပေါင်းများစွာကို အရေးပေါ်ပြောင်းရွှေ့မိန် တစိတ်တပိုင်း ထုတ်ပြန်ခဲ့ရကြောင်း ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရတဲ့ တိုရိုပက်မြို့ဟာ ရုရှားနိုင်ငံ မြို့တော်မော်စကိုနဲ့ ၂၃၆ မိုင်အကွာမှာ တည်ရှိပြီး ယူကရိန်းနယ်စပ်ကနေ မြောက်ဘက် ကီလိုမီတာ ၄၇၀ အကွာမှာ တည်ရှိပါတယ်။
ဒေသခံတွေ ပြောင်းရွှေ့ဖို့ ဘတ်စ်ကားတွေ အသင့်စီစဉ်ပေးခဲ့တယ်လို့ ပြောပါတယ်။ မြို့ပေါ်ကို ယူကရိန်းဒရုန်း အပျက်အစီးတွေ ကျရောက်ပေါက်ကွဲ မီးလောင်မှုတွေကို ငြှိမ်းသတ်နေရတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး သတင်းတွေထွက်ပေါ်ခြင်းမရှိသေးပါဘူး။
ဒါအပြင် မြို့မှာရှိတဲ့ လက်နက်သိုလှောင်ရုံတခုမှာ ယူကရိန်းဒရုန်းတိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုကြီးဖြစ်ပေါ်ခဲ့ကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ နေထိုင်သူ ၁၃၀၀၀ လောက်ရှိတဲ့ အဲဒီမြို့ရဲ့ အခြေအနေကိုတော့ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီအတောအတွင်း အဲဒီဒေသက စာသင်ကျောင်းတွေကို ပိတ်မယ်လို့ ရုရှားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ ရုရှားအနောက်ပိုင်း Bryansk, Kursk, Oryol , Smolensk ဒေသတွေမှာလည်း ယူကရိန်းဒရုန်းတွေ တိုက်ခိုက်ခဲ့ပြီး အစင်း ၅၀ ကို ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။
Ref:BBC
Photo:Getty Images
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...