အကယ်ဒမီပေးပွဲကို မြန်မာဝတ်စုံ ဒါမှမဟုတ် တိုင်းရင်းသားဝတ်စုံပြည့်တက်ဖို့  သတိပေး

ရန်ကုန် မတ် ၁၄-၂၀၁၉
သင်းသဒ္ဒါ

၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို တက်ရောက်မယ့် အနုပညာရှင်တွေ အနေနဲ့ မြန်မာဝတ်စုံ ဒါမှမဟုတ် တိုင်းရင်းသားဝတ်စုံပြည့်တွေနဲ့ တက်ရောက်ကြဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးဗဟိုကနေ မတ် ၁၄ ရက် ညနေပိုင်းက ရုပ်ရှင်လောကသားတွေကို ပြန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကိုတော့ မတ် ၂၃ ရက် ညနေ ၃ နာရီ ရန်ကုန်မြို့ ၊ သုဝဏ္ဏရှိ The One Entertainment မှာ ကျင်းပသွားမှာဖြစ်ပြီးတော့ အကယ်ဒမီဇကာတင် စာရင်းဝင် ဇာတ် ကားပေါင်း ၂၅ ကားထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။

အရင်နှစ်တွေကတော့ အခုလို ထုတ်ပြန် အသိ ပေးတွေ မရှိခဲ့ပေမယ့်လည်း အနုပညာလောကရဲ့ Sexy ဆန်သော ၀တ်စားဆင်ယဉ်မှုတွေ ခေတ်စား လာပြီးနောက် မှာတော့ အခုလို သတိပေး ချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အခုနှစ်အတွက် ရေးပန်းစားနေတဲ့ ဇာတ်ကားတွေဖြစ်တဲ့ ဒါရိုက်တာ ၀ိုင်း ရိုက်ကူးထားတဲ့ ရွှေကြာနဲ့ သမ္မတကြီးထံပေးစာ ၊ ဒါရိုက်တာ သြရသ ရိုက်ကူးထားတဲ့ မုန်းစွဲ ၊ ဒါရိုက်တာ ဏကြီး ရိုက်ကူးထားတဲ့ မီ ၊ ဒါရိုက်တာ ခရစ္စတီးနာခီ ရိုက်ကူးထားတဲ့ ဥပါယ်တံမျဉ် စတဲ့ နာမည် ကျော် ဇာတ်ကားတွေ ဦးဆောင် နေတယ် လို့ သိရပါတယ်။
#voiceofmyanmar #အကယ်ဒမီ #မြန်မာဝတ်စုံ #ဥပါယ်တံမျဉ် #မုန်းစွဲ

Related posts

Leave a Comment

VOM News

FREE
VIEW