လက်ရှိ ပစ္စုပ္ပန်အခြေအနေကိုသိရှိလိုတဲ့အတွက် လူထုတွေ့ဆုံပွဲလုပ်ရတာလို့  နိုင်ငံတော်အတိုင်ပင်ခံဟြေ

မတ်လ ၁၄ -၂၀၁၉ လမင်း (VOM) ပြည်သူလူထုနဲ့ အတူတွေ့ဆုံပွဲတွေ ပြုလုပ်နေရတာဟာ လက်ရှိပစ္စုပ္ပန်အခြေအနေကို မှန်မှန်ကန်ကန်သုံးသပ် သိရှိလိုတဲ့အတွက်ဖြစ်တယ်လို့  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၄ ရက်နေ့မနက် က ပြည်မြို့မှာ ကျင်းပပြုလုပ်တဲ့ လူထု့တွေ့ဆုံပွဲမှာ ဟြေကြားခဲ့တာဖြစ်ပါတယ် ။ “ကျွန်မတို့ကနေပြီးတော့ ဒီလိုမျိုး ပြည်သူလူထုနဲ့ တွေ့ဆုံပွဲတွေလုပ် တယ်ဆိုတာက ပစ္စုပ္ပန်အခြေအနေတွေကို သုံးသပ်ချင်လို့။ ပစ္စုပ္ပန်အခြေအနေကို မှန်မှန်ကန်ကန်သုံးသပ်နိုင်မှ အနာဂတ်အတွက် မှန်မှန် ကန်ကန်ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှာဖြစ်ပါတယ်”လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ် ။ ဒါ့အပြင် ပြည်သူလူထုက မေးမြန်းတဲ့ မေးခွန်းတွေက နိုင်ငံ့အကျိုးကို ဦးတည်တဲ့ မေးခွန်းများဖြစ်ဖို့ လိုအပ်တယ်လို့လည်း သတိပေးဟြေကြားခဲ့ပြီး တယောက်ယောက် ၊ အဖွဲ့အစည်း ၊ အစိုးရ တို့ကို တိုက်ခိုက်လိုတဲ့ မေးခွန်းတွေ မမေးမြန်းကြဖို…

Read More

အရည်အသွေးပြည့်တဲ့ရွှေပြားတွေ လိုချင်တာကြောင့်   ဂေါပကအဖွဲ့က ရွှေစင်ရွှေပြားစက်ရုံတည်ဆောက်ပြီး ရွေပြားထုတ်မယ်

ရန်ကုန် ၊မတ် ၁၄-၂၀၁၉ TGH အရည်အသွေးပြည့်တဲ့ရွှေပြားတွေ လိုချင်တာကြောင့်   ဂေါပကအဖွဲ့က ရွှေစင်ရွေပြားစက်ရုံတည်ဆောက်ပြီး မိမိတို့မျက်စိအောက်မှာပဲ ရွေပြားထုတ်နိုင်ဖို့ စက်ရုံလုပ်ငန်းစတင်လည်ပတ်နေပြီလို့ ရွှေတိဂုံဘုရား ဂေါပက တစ်ဦးဖြစ်တဲ့ ဦးအောင်မြတ်က ဒီနေ့ပြုလုပ်ခဲ့တဲ့ မီဒီယာတွေနဲ့တွေ့ဆုံရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။   ” အရည်အသွေးလိုချင်လို့ ကိုယ့်ဘာသာစက်ရုံထောင်ပြီးလုပ်တာဖြစ်တယ်။ခုရွှေတွေကို အပြင်ယူသွားခွင့်မပြုဘူး၊ကိုယ့်မျက်စိအောက်မှာပဲလုပ်တယ်၊အရင်ကလက်နဲ့လုပ်တယ်၊အခုကစက်နဲ့လုပ်တယ်။ရွှေအရည်အသွေးကလည်း ဝယ်ကတည်းကအတိုင်းပဲ ရွှေတွေကိုသတ္ထုတွင်းဝန်ကြီးဌာနကဝယ်တယ်၊ဒီအရည်အသွေးတိုင်းပဲ ၉၉.၉၇ ရာခိုင်နူန်းရှိတယ်၊အပြောင်းအလဲမရှိပါဘူး။”လို့ ပြောပါတယ်။   ရွေပြားစက်ရုံကို ဝန်ထမ်းတွေနဲ့ အခုလ မတ်လအတွင်းစတင်လည်ပတ်နေပြီဖြစ်ကြောင်း၊စည်းကမ်းရေးထိန်းသိမ်းရေးနဲ့ လုံခြုံရေး အပိုင်းကိုလည်း အပြည့်အဝထားရှိပြီး ပုံမှန်အနေနဲ့ တစ်နေ့ကို ပျှမ်းမျှ ရွေပြား ၃ ချပ်ကနေ ၅ ချပ်ထိ ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။   နောက်ပိုင်းလုပ်ငန်းကျွမ်းကျင်မှုရှိလာတဲ့အခါ ရွှေပြားအရေအတွက် ပိုပြီးထုတ်လုပ်လာနိုင်ဖို့ရှိကြောင်းနဲ့ ရွှေပြားတွေကို ၁ ပေ ပတ်လည် ၆ ကျပ်သား စံ ထားထုတ်လုပ်သွားမှာဖြစ်လို့လည်းဆိုပါတယ်။အဲဒီလို ၁ ပေပတ်လည် ရွှေပြားတွေကို…

Read More

စစ်ကိုင်းမြို့မှာပထမဆုံးအကြိမ် လမ်းလျှောက်သင်္ကြန်ကျင်းပသွားမယ်

  စစ်ကိုင်း၊မတ် ၁၄-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းသင်္ကြန်ပွဲတော် မှာ အရင်နှစ်တွေနဲ့မတူတဲ့လမ်းလျှောက်သင်္ကြန်ကို ပထမဆုံးအကြိမ်ကျင်းပသွားမယ်လို့ စစ်ကိုင်းမြို့ စည်ပင်သာရေးကော်မတီ ဥက္ကဌ ဦးဝင်းနိုင်က ပြောပါတယ်။ စစ်ကိုင်းသင်္ကြန်ပွဲတော်ဖြစ်မြှောက်ဖို့အတွက်ယနေ့ နံနက် ၁၀ နာရီက စစ်ကိုင်းခရိုင်စီမံခန့်ခွဲမှုကော်မတီရုံးမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေ တွေ့ဆုံပြီးအခုလိုကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ အရင်နှစ်ကတော့စစ်ကိုင်းသင်္ကြန်မှာ စစ်ကိုင်းမြို့ကမ်းနားလမ်းရှိဗဟိုမဏ္ဍပ်၊River View မဏ္ဍပ်၊ Smart Maritime မဏ္ဍပ် ဟိုတယ်နဲ့က်သုံးဆီလုပ်ငန်းရှင်များမဏ္ဍပ်၊စက်မှုဇုန်မဏ္ဍပ်၊ စစ်ကိုင်းမြို့မ ၂၃ရပ်ကွက်ရှိတစ်ရပ်ကွက်ကို ရေကစားမဏ္ဍပ်တစ်ခုတည်ဆောက် ကျင်းပခဲ့ပါတယ်။

Read More

ရိုဟင်ဂျာကူညီရေး ရန်ပုံငွေ ၇၅ ရာခိုင်နှုန်းကို NGOတွေက အဖွဲ့အတွက် အသုံးပြုနေတယ်လို့ ဘင်္ဂလားဒေ့ရှ်စွပ်စွဲ ဒါကာ၊ မတ် ၁၄-၂၀၁၉

  မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး လှုပ်ရှားနေတဲ့ NGO တွေက ရရှိတဲ့ ရန်ပုံငွေရဲ့ လေးပုံတစ်ပုံသာ ( ၂၅ ရာခိုင်နှုန်း) ရိုဟင်ဂျာတွေအတွက် အသုံးပြုနေကြပြီး ကျန် ၇၅ ရာခိုင်နှုန်းကို အဖွဲ့အတွက် အသုံးပြုနေကြတယ်လို့ ဘင်္ဂလားဒေ့ရှ်လွတ်မြောက်ရေးဆိုင်ရာဝန်ကြီး အေကေအမ်မိုဇန်မယ်ဟတ်က စွပ်စွဲပြောဆိုလိုက်ပါတယ်။ NGO တွေရရှိထားတဲ့ရန်ပုံငွေထဲက လေးပုံသုံးကို NGO တာဝန်ရှိသူတွေရဲ့ ခရီးသွားလာစရိတ်နဲ့ နေထိုင်မှုတွေအတွက် အသုံးပြုနေကြတယ်လို့ မတ် ၁၃ ရက်မှာပြုလုပ်တဲ့ တရားဥပဒေစိုးမိုးရေး ကော်မတီရဲ့ ၀န်ကြီးအဖွဲ့အစည်းအဝေးမှာ သူကပြောဆိုလိုက်တာဖြစ်ပါတယ်။ နိုင်ငံခြားအဖွဲ့အစည်းတွေဟာ လွန်ခဲ့တဲ့ခြောက်လတာကာလအတွင်း သူတို့အတွက် ဟိုတယ်ငှားရမ်းခအဖြစ် ဘင်္ဂလားဒေ့ရှ်သုံးငွေ ကုဋေ ၁၅၀ နှင့် တိုက်ခန်း၊ အိမ်ငှားရမ်းခအဖြစ် ၈ ကုဋေအသုံးပြုခဲ့တာ အံအားသင့်စရာဖြစ်တယ်လို့ အေကေအမ်မိုဇန်မယ်ဟတ်က ပြောပါတယ်။ ရိုဟင်ဂျာတွေကို ကူညီစောင့်ရှောက်ဖို့လာကြတဲ့ သူတွေက ရန်ပုံငွေရဲ့ ၇၅…

Read More

အကယ်ဒမီပေးပွဲကို မြန်မာဝတ်စုံ ဒါမှမဟုတ် တိုင်းရင်းသားဝတ်စုံပြည့်တက်ဖို့  သတိပေး

ရန်ကုန် မတ် ၁၄-၂၀၁၉ သင်းသဒ္ဒါ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို တက်ရောက်မယ့် အနုပညာရှင်တွေ အနေနဲ့ မြန်မာဝတ်စုံ ဒါမှမဟုတ် တိုင်းရင်းသားဝတ်စုံပြည့်တွေနဲ့ တက်ရောက်ကြဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးဗဟိုကနေ မတ် ၁၄ ရက် ညနေပိုင်းက ရုပ်ရှင်လောကသားတွေကို ပြန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကိုတော့ မတ် ၂၃ ရက် ညနေ ၃ နာရီ ရန်ကုန်မြို့ ၊ သုဝဏ္ဏရှိ The One Entertainment မှာ ကျင်းပသွားမှာဖြစ်ပြီးတော့ အကယ်ဒမီဇကာတင် စာရင်းဝင် ဇာတ် ကားပေါင်း ၂၅ ကားထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ အရင်နှစ်တွေကတော့ အခုလို ထုတ်ပြန် အသိ ပေးတွေ မရှိခဲ့ပေမယ့်လည်း အနုပညာလောကရဲ့ Sexy ဆန်သော ၀တ်စားဆင်ယဉ်မှုတွေ ခေတ်စား လာပြီးနောက် မှာတော့…

Read More

ဖေ့ဘွတ်ခ်သမိုင်းမှာ အဆိုးရွားဆုံး ချို့ယွင်းမှုတွေ ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်ခဲ့

ကယ်လီဖိုးနီးယား၊ မတ်၁၄-၂၀၁၉ မျိုးဆက် (VOM) မတ် ၁၃ ရက်က ကမ္ဘာနေရာအများမှာ Facebook ၊ WhatsApp နဲ့ Instagram သုံးစွဲသူတွေဟာ ပို့စ်တင်တာ အကောင့်ဝင်တာအပါအ၀င် အဆိုပါ လူမှုကွန်ရက်တွေရဲ့ အဓိက၀န်ဆောင်မှုတွေကို အသုံးမပြုနိုင်ဖြစ်ခဲ့ရပြီး ဖေ့စ်ဘွတ်ခ်သမိုင်းမှာ အဆိုးရွားဆုံးချို့ယွင်းမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လစဉ်သုံးစွဲသူ ၂ ဒသမ၃ ဘီလီယံဝန်းကျင်ရှိတဲ့ ဖေ့စ်ဘွတ်ခ်အနေနဲ့ သုံးစွဲသူ သန်း ၁၅၀ သာရှိသေးတဲ့ ၂၀၀၈ ခုနှစ်ကလည်း အခုလိုချို့ယွင်းမှုတွေဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ဖေ့စ်ဘွတ်ခ်ရဲ့ အဓိကထုတ်ကုန်တွေ ဖြစ်တဲ့ မက်ဆေ့ခ်ျအက်ပလီကေးရှင်း နှစ်ခုနဲ့ ဓါတ်ပုံမျှဝေတဲ့ အင်စတာဂရမ်တို့ပါ ချို့ယွင်းမှုတွေဖြစ်ပေါ်ခဲ့ပြီး အဆိုပါချို့ယွင်းချက်နဲ့ပတ်သက်ပြီး လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဖေ့စ်ဘွတ်ခ်ရဲ့ ထုတ်ကုန် အက်ပလီကေးရှင်းတွေအသုံးပြုနေရာမှာ ပြသနာရှိနေတယ်ဆိုတာ မိမိတို့သိရှိကြောင်းနဲ့ အဲ့ဒီပြသနာကို အမြန်ဆုံး ဖြေရှင်းဖို့ လုပ်ဆောင်နေတယ်လို့ ဖေ့စ်ဘွတ်ခ်က အင်စတာဂရမ်က တစ်ဆင့် ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒီလို…

Read More

တက်သစ်စ သရုပ်ဆောင်တွေအတွက် ဗီဒီယိုဈေးကွက် ပြန်ဖြစ်စေချင်တဲ့ မို့မို့မြင်အောင်

ရန်ကုန် မတ် ၁၄-၂၀၁၉ သင်းသဒ္ဒါ အနုပညာ ကဝေအစွမ်းခဲ့တဲ့ ထပ်ဆင့်အကယ်ဒမီ မို့မို့မြင့်အောင်ကတော့ တက်သစ်စ သရုပ်ဆောင် တွေအတွက် ဗီဒီယိုဈေးကွက် ပြန်ဖြစ်စေချင်တယ်လို့ဆိုပါတယ်။ ” ခုက ဗီဒီယို ဈေးကွက်က မရှိတော့တာပါ။ ဒီဗီဒီယိုဈေးကွက်ကိုတော့ မမို့ ပြန်ဖြစ်စေချင်ပါတယ်။ တကယ်တော့ တက်သစ်စ မင်းသားငယ်၊ မင်းသမီးငယ်လေးတွေက ဗီဒီယိုနဲ့ပဲ အသက်ဆက်ရှင်လို့ရမှာလေ။ လှုပ်ရှားမှုက လည်း ဗီဒီယိုရှိမှ ဖြစ်မှာလေ။နောင်လာမယ့် အဖူးပွင့်လေးတွေအတွက် ဗီဒီယိုကိုတော့ ရှိစေချင်ပါတယ်။ စက်မှု လုပ်သားတွေ ၊ ဇာတ် ပို့ဇာတ်ရံတွေက ဗီဒီယို ရှိမှကို ဖြစ်မှာပါ”လို့ဆိုပါတယ်။ သူမကတော့ မတ် ၂၂ ရက်မှာ ရုံတင်ပြမယ့် “လှပ်၍လွင့်သော”ရုပ်ရှင်ဇာတ်ကားမှာတော့ ကြည်ပြာဆိုတဲ့ အင်္ဂလိပ်သင်ပေးတဲ့ ဆရာတစ်ယောက်အနေနဲ့ ပါဝင်ထားတယ်လို့ သိရပါတယ်။ အနုပညာ စိတ်ခံစားချက်နဲ့ ပတ်သက်ပြီးတော့ “မမို့ ခုချိန်မှာ အားမရတာတွေလည်း တချို့…

Read More

အလုပ်သမားအရေး တောင်းဆိုခဲ့တဲ့ အလုပ်သမားခေါင်းဆောင်တွေ တရားစွဲဆိုခံရ

  မတ် ၁၂-၂၀၁၉ သွေးသစ်(VOM) မန္တလေးမြို့မှာ အလုပ်သမားအရေးကိစ္စတွေအတွက် ဆန္ဒပြတောင်းဆိုခဲ့တဲ့ အလုပ်သမားတွေအထဲက ခေါင်းဆောင်ကိုးဦးကို ငြိမ်းစုစီဥပဒေတွေနဲ့ တရားစွဲဆိုခံထားရတယ်လို့ အလုပ်သမားသမဂ္ဂတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ အလုပ်သမားငါးရာကျော်နဲ့ တရားဥပဒေစိုးမိုးရေး အလုပ်သမားပေါ်ပေါက်ရေးတွေအပါအ၀င် အချက်ကိုးချက်ကို ခွင့်ပြုချက်မဲ့ စီတန်းလှည့်လည် တောင်းဆိုခဲ့တဲ့ အတွက် တရားစွဲဆိုခံထားကြရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အလုပ်သမားတွေအနေနဲ့ တစ်ဦးကိုငွေကျပ်သိန်းနှစ်ဆယ်နူန်းနဲ့အာမခံထားရှိခဲ့ရတယ်လို့ မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ၀န်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က ဦးသက်နှင်းအောင်က ပြောပါတယ်။ “ဒီနေ့ ပထမဆုံးရုံးချိန်းပေါ့၊သူတို့ စွဲဆိုထားတာက ဥပဒေကိုကျော်လွန်နေတယ်၊ဥပဒေမှာ အကြောင်းကြားရမယ်ပဲပါတယ်၊အခုဟာဒေသန္တရအမိန့်ကြောင့် သဘောမတူပါဘူးဆိုပြီး တရားစွဲထားတာပါ၊ဒီမိုကရေစီနဲ့မညီတဲ့ ဥပဒေတွေဖျက်သိမ်းပေးဖို့ လည်း လှုပ်ရှားမှုတွေ ထပ်လုပ်သွားဦးမှာပါ”လို့ သူကဆိုပါတယ်။ လက်ရှိအစိုးရလက်ထက်မှာ အလုပ်သမားအခွင့်အရေးတွေပိုမိုကျဆင်းလာပြီး အလုပ်သမားခေါင်းဆောင်တွေ အလုပ်ထုတ်ပယ်ခံရမှုလည်း ပိုများလာတဲ့အတွက် ဆန္ဒထုတ်ဖော်တာတွေလည်း မကြာခဏပြုလုပ်လာကြတာလည်းဖြစ်ပါတယ်။ #voiceofmyanmar #အလုပ်သမား #အလုပ်သမားတရားရုံး #

Read More

ကျိုက်ထီးရိုးတောင်ပေါ်မှာ စည်းကမ်းမဲ့အမှိုက်ပစ်သူတွေကို ဆိုင်ပိတ်သိမ်းတဲ့ အထိအရေးယူမယ်

မတ် ၁၄-၂၀၁၉ သစ်တော် (VOM) မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုတောင်ပေါ်မှာ အမှိုက်ခွဲခြားသန့်စင်စက်ရုံလုပ်ငန်းလည်ပတ်နိုင်တဲ့အခါ သတ်မှတ်နေရာ တွေမှာအမှိုက်စွန့်ပစ်မှုမရှိရင် စည်းကမ်းမဲ့အမှိုက်ပစ်သူတွေကို လေလံစည်းကမ်းအရ ဆိုင်ပိတ်သိမ်းတဲ့အထိ အရေးယူမှုပြုလုပ်သွားမယ်လို့ကျိုက်ထီးရိုး ဂေါပကအဖွဲ့ဆီက သိရပါတယ် “စက်ရုံလည်ပတ်ပြီးဆိုတာနဲ့ တောင်ကထွက်တဲ့ တစ်နေ့စာအမှိုက်တွေကို ရှင်းမယ်၊ ဘုရားဖူးနည်းပါးတဲ့အချိန်တွေဆို အရင်စွန့်ပစ်ထားတဲ့နေရာတွေက အမှိုက်တွေကို ပြန်ဆည်ပြီး ဒီစက်ရုံထဲ ထည့်ရမှာပါ။ အမှိုက်သန့်စင်စက်ရုံမှာရှိတဲ့ သတ်မှတ်ထားတဲ့နေရာမှာ မိမိအမှိုက်တွေကို လာရောက်စွန့်ပစ်ဖို့တော့လိုမယ်၊သတ်မှတ်နေရာ တွေမှာအမှိုက်စွန့်ပစ်မှုမရှိရင် စည်းကမ်းမဲ့အမှိုက်ပစ်သူတွေကို လေလံစည်းကမ်းအရ ဆိုင်ပိတ်သိမ်းတဲ့အထိ အရေးယူမှုပြုလုပ်သွားမယ်”လို့ ကျိုက်ထီးရိုးဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်ဦးတင်ဝင်းကပြောပါတယ်။     အမှိုက်ခွဲခြားစက်ရုံကို ကျပ်သိန်းပေါင်း ၄၈၀၀ကျော် အကုန်အကျခံတည်ဆောက်နေတာဖြစ်ပြီး နေ့တိုင်း အမှိုက်၁၀ တန်အထိ အမှိုက်အမျိုးအစားခွဲခြား သန့်စင်နိုင်မယ်လို့ သိရပါတယ်။ “အမှိုက်ခွဲခြားသန့်စင်စက်ရုံလုပ်ငန်းလည်ပတ်ပြီဆိုရင် နေ့စဉ် အမှိုက် ၁၀ တန်အထိ အမှိုက်အမျိုးအစားခွဲခြားသန့်စင်ပြီး ထွက်လာတဲ့ပစ္စည်းတွေကို ဖိနှိပ်ခြင်း၊ သိုလှောင်ခြင်း၊ ပြုပြင်ခြင်းတွေ ပြုလုပ်သွားမယ်”လို…

Read More
VOM News

FREE
VIEW