တက်သစ်စ သရုပ်ဆောင်တွေအတွက် ဗီဒီယိုဈေးကွက် ပြန်ဖြစ်စေချင်တဲ့ မို့မို့မြင်အောင်

ရန်ကုန် မတ် ၁၄-၂၀၁၉

သင်းသဒ္ဒါ

အနုပညာ ကဝေအစွမ်းခဲ့တဲ့ ထပ်ဆင့်အကယ်ဒမီ မို့မို့မြင့်အောင်ကတော့ တက်သစ်စ သရုပ်ဆောင် တွေအတွက် ဗီဒီယိုဈေးကွက် ပြန်ဖြစ်စေချင်တယ်လို့ဆိုပါတယ်။

” ခုက ဗီဒီယို ဈေးကွက်က မရှိတော့တာပါ။ ဒီဗီဒီယိုဈေးကွက်ကိုတော့ မမို့ ပြန်ဖြစ်စေချင်ပါတယ်။ တကယ်တော့ တက်သစ်စ မင်းသားငယ်၊ မင်းသမီးငယ်လေးတွေက ဗီဒီယိုနဲ့ပဲ အသက်ဆက်ရှင်လို့ရမှာလေ။ လှုပ်ရှားမှုက လည်း ဗီဒီယိုရှိမှ ဖြစ်မှာလေ။နောင်လာမယ့် အဖူးပွင့်လေးတွေအတွက် ဗီဒီယိုကိုတော့ ရှိစေချင်ပါတယ်။ စက်မှု လုပ်သားတွေ ၊ ဇာတ် ပို့ဇာတ်ရံတွေက ဗီဒီယို ရှိမှကို ဖြစ်မှာပါ”လို့ဆိုပါတယ်။

သူမကတော့ မတ် ၂၂ ရက်မှာ ရုံတင်ပြမယ့် “လှပ်၍လွင့်သော”ရုပ်ရှင်ဇာတ်ကားမှာတော့ ကြည်ပြာဆိုတဲ့ အင်္ဂလိပ်သင်ပေးတဲ့ ဆရာတစ်ယောက်အနေနဲ့ ပါဝင်ထားတယ်လို့ သိရပါတယ်။ အနုပညာ စိတ်ခံစားချက်နဲ့ ပတ်သက်ပြီးတော့ “မမို့ ခုချိန်မှာ အားမရတာတွေလည်း တချို့ ကလည်း ရှိခဲ့ပါတယ်။ မမို့ ဇာတ်ဝင်ခန်း တစ်ခန်းပဲပါရပါရ ၊ ကိုယ့်က ပြစ်ပြစ်နှစ်နှစ်ကို လှပ်၍လွင့်သောမှာ လုပ်ဆောင်ခဲ့ရတယ်။ ၀ိုင်းကလည်း အရမ်းကိုခိုင်းတာပါ။ မမို့ ဇာတ်ဝင်ခန်း တစ်ခုပြီးချိန်မှာ မော့ဟိုက်ပြီးတော့ ကျန်ခဲ့ တယ်။အဲလိုမောဟိုက်သွားတဲ့ အရသာကို ဘာနဲ့မှမလဲနိုင်ဘူး။ အရမ်း ကို ကျေနပ်တယ်။ သရုပ် ဆောင် ပြီးတော့ လဲပြီးသေသွားရင် သေသွားပါစေ အရမ်းသရုပ်ဆောင် ချင်တယ်။ ဟာသ ရိုက်ပြီးရင်တော့ နည်းနည်းစနိုစနှောက်လေးတော့ ဖြစ်တာပေါ့။ မလွဲသာမရှောင်သာလို့ ရိုက်ရတာလည်း ရှိ တယ်။ဒါပေမယ့် သိပ် ပေါတဲ့ကားတွေ မမို့လက်မခံခဲ့ပါဘူး”လို့ဆိုပါတယ်။

ဓာတ်ပုံ-သင်းသဒ္ဒါ #voiceofmyanmar #မို့မို့မြင့်အောင် #ဗီဒီယိုဈေးကွက် #တက်သစ်စ

Related posts

Leave a Comment

VOM News

FREE
VIEW