လက်ရှိ ပစ္စုပ္ပန်အခြေအနေကိုသိရှိလိုတဲ့အတွက် လူထုတွေ့ဆုံပွဲလုပ်ရတာလို့  နိုင်ငံတော်အတိုင်ပင်ခံဟြေ

မတ်လ ၁၄ -၂၀၁၉

လမင်း (VOM)

ပြည်သူလူထုနဲ့ အတူတွေ့ဆုံပွဲတွေ ပြုလုပ်နေရတာဟာ လက်ရှိပစ္စုပ္ပန်အခြေအနေကို မှန်မှန်ကန်ကန်သုံးသပ် သိရှိလိုတဲ့အတွက်ဖြစ်တယ်လို့  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၄ ရက်နေ့မနက် က ပြည်မြို့မှာ ကျင်းပပြုလုပ်တဲ့ လူထု့တွေ့ဆုံပွဲမှာ ဟြေကြားခဲ့တာဖြစ်ပါတယ် ။

“ကျွန်မတို့ကနေပြီးတော့ ဒီလိုမျိုး ပြည်သူလူထုနဲ့ တွေ့ဆုံပွဲတွေလုပ် တယ်ဆိုတာက ပစ္စုပ္ပန်အခြေအနေတွေကို သုံးသပ်ချင်လို့။ ပစ္စုပ္ပန်အခြေအနေကို မှန်မှန်ကန်ကန်သုံးသပ်နိုင်မှ အနာဂတ်အတွက် မှန်မှန် ကန်ကန်ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှာဖြစ်ပါတယ်”လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ် ။

ဒါ့အပြင် ပြည်သူလူထုက မေးမြန်းတဲ့ မေးခွန်းတွေက နိုင်ငံ့အကျိုးကို ဦးတည်တဲ့ မေးခွန်းများဖြစ်ဖို့ လိုအပ်တယ်လို့လည်း သတိပေးဟြေကြားခဲ့ပြီး တယောက်ယောက် ၊ အဖွဲ့အစည်း ၊ အစိုးရ တို့ကို တိုက်ခိုက်လိုတဲ့ မေးခွန်းတွေ မမေးမြန်းကြဖို့  ဟြေကြားခဲ့ပါတယ် ။

နိုင်ငံတဝှမ်းမှာ ပြည်သူလူထုနဲ့ တွေ့ဆုံပွဲတွေ ကျင်းပပြုလုပ်ရာမှာ  ပြည်သူလူထုအများစု မေးမြန်းတဲ့ မေးခွန်းတွေထဲက သောက်သုံးရေမလုံလောက်တာ၊ လမ်းပန်းဆက် သွယ်ရေးမကောင်းမွန်တာ၊ လျှပ်စစ်မီးမရရှိတာ၊ သိမ်းဆည်းမြေများ မူလပိုင်ရှင်တွေဆီ ပေးအပ်နိုင်ရေး မေးခွန်းတွေ တူညီကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဟြေပါတယ် ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှာ ပဲခူးတိုင်းဒေသကြီးအတွင်းက ပြည်သူလုထုနဲ့ တွေ့ဆုံပွဲတွေ ပြုလုပ်ဖို့ အတွက် မတ်လ ၁၄ ရက်နေ့ မနက် ၉ နာရီခန့်က ပြည်မြို့ကို ရဟတ်ယာဉ်နဲ့ရောက်ရှိခဲ့ပြီး အဲ့ဒီကတဆင့် သာယာဝတီမြို့နှင့်ပဲခူးမြို့တွေကို ဆက်လက်သွားရောက်မယ်လို့သိရပါတယ် ။

ပြည်ခရိုင်လူထုတွေ့ဆုံပွဲမှာ  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခွင့်ပြချက်နဲ့ ဖွင့်လှစ်ထားရှိခဲ့တဲ့ တိုင်ကြားစာများလက်ခံရေးဌာနကို ဒေသခံတွေကနေ လာရောက်ပေးပို့တဲ့ တိုင်စာစောင်ရေ ၁၇၅ စောင်ရှိတယ်လို့ သိရပါတယ် ။

#voiceofmyanmar #ဒေါ်အောင်ဆန်းစုကြည် #လူထုတွေ့ဆုံပွဲ #ပြည်မြို့

Related posts

Leave a Comment

VOM News

FREE
VIEW