မျိုးဆက် (VOM)
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး လှုပ်ရှားနေတဲ့ NGO တွေက ရရှိတဲ့ ရန်ပုံငွေရဲ့ လေးပုံတစ်ပုံသာ ( ၂၅ ရာခိုင်နှုန်း) ရိုဟင်ဂျာတွေအတွက် အသုံးပြုနေကြပြီး ကျန် ၇၅ ရာခိုင်နှုန်းကို အဖွဲ့အတွက် အသုံးပြုနေကြတယ်လို့ ဘင်္ဂလားဒေ့ရှ်လွတ်မြောက်ရေးဆိုင်ရာဝန်ကြီး အေကေအမ်မိုဇန်မယ်ဟတ်က စွပ်စွဲပြောဆိုလိုက်ပါတယ်။
NGO တွေရရှိထားတဲ့ရန်ပုံငွေထဲက လေးပုံသုံးကို NGO တာဝန်ရှိသူတွေရဲ့ ခရီးသွားလာစရိတ်နဲ့ နေထိုင်မှုတွေအတွက် အသုံးပြုနေကြတယ်လို့ မတ် ၁၃ ရက်မှာပြုလုပ်တဲ့ တရားဥပဒေစိုးမိုးရေး ကော်မတီရဲ့ ၀န်ကြီးအဖွဲ့အစည်းအဝေးမှာ သူကပြောဆိုလိုက်တာဖြစ်ပါတယ်။
နိုင်ငံခြားအဖွဲ့အစည်းတွေဟာ လွန်ခဲ့တဲ့ခြောက်လတာကာလအတွင်း သူတို့အတွက် ဟိုတယ်ငှားရမ်းခအဖြစ် ဘင်္ဂလားဒေ့ရှ်သုံးငွေ ကုဋေ ၁၅၀ နှင့် တိုက်ခန်း၊ အိမ်ငှားရမ်းခအဖြစ် ၈ ကုဋေအသုံးပြုခဲ့တာ အံအားသင့်စရာဖြစ်တယ်လို့ အေကေအမ်မိုဇန်မယ်ဟတ်က ပြောပါတယ်။ ရိုဟင်ဂျာတွေကို ကူညီစောင့်ရှောက်ဖို့လာကြတဲ့ သူတွေက ရန်ပုံငွေရဲ့ ၇၅ ရာခိုင်နှုန်းကို သူတို့အဖွဲ့ အစည်းအတွက် အသုံးပြုနေကြတယ်လို့ ၎င်းက ပြောပါတယ်။ NGO တွေရဲ့ ဒီလိုငွေကြေးသုံးစွဲမှုတွေနဲ့ ပတ်သက်တဲ့စွပ်စွဲချက်အချို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက လက်ခံရရှိထားပြီး စွပ်စွဲချက်တွေကိုစုံစမ်းစစ်ဆေးဖို့ ထောက်လှမ်းရေးအဖွဲ့တွေကို အကြောင်းကြားခဲ့တယ်လို့ဆိုပါတယ်။
NGO အများစုကတော့ ရိုဟင်ဂျာတွေအတွက် ရရှိထားတဲ့ ရန်ပုံငွေတွေနဲ့ပတ်သက်ပြီး မလျော်ကန်အသုံးပြုလုပ်ဆောင်နေတယ်လို့ ထောက်လှမ်းရေးအစီရင်ခံစာတွေကို ကိုးကားပြီး ဟတ် ကထောက်ပြပြောဆိုခဲ့ပါတယ်။ Ref : bdnews24/ Daily Star Photo : bdnews24
#voiceofmyanmar #NGO #ရိုဟင်ဂျာ #ဘင်္ဂလားဒေ့ရှ်
