ဆိုးလ်၊ ဒီဇင်ဘာ-၂၁-၂၀၂၃
မျိုးဆက်(VOM)
အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ သုံးနိုင်ငံလေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်ရဲ့ ဘီ-၁ ဗုံးကြဲလေယာဉ်တွေ ဖြန့်ကြက်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဂျပန်နဲ့ တောင်ကိုရီးယားတို့ လေကြောင်းရန် ကာကွယ်ရေးသတ်မှတ်ဇုန်ဖြစ်တဲ့ ဂျယ်ဂျူကျွန်းအရှေ့ဘက် လေပိုင်နက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီလိုစစ်ရေးလေ့ကျင့်မှုဟာ ပြီးခဲ့တဲ့နေ့က မြောက်ကိုရီးယားရဲ့ လောင်စာခဲသုံး ဒုံးကျည်ပစ်ခတ်မှုအပေါ် ကန့်ကွက်မှုကို သုံးနိုင်ငံ ပူးတွဲပြသတာဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်က ဆိုပါတယ်။
အောက်တိုဘာလအတွင်းက သုံးနိုင်ငံ စစ်ရေးလေ့ကျင့်မှုအပြီးမှာ ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ အမေရိကန်ရဲ့ ဘီ-၁ ဗုံးကြဲလေယာဉ်တွေ ဖြန့်ကြက်မှုနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် သတိပေးထားပြီး ခဲယမ်းမီးကျောက်တွေ အမြောက်အများတင်ဆောင်နိုင်တဲ့ ဗုံးကြဲလေယာဉ်ဟာ ကိုရီးယားကျွန်းဆွယ်နဲ့ ဂူအမ်ကျွန်းကို နှစ်နာရီအတွင်း ရောက်ရှိနိုင်မှာဖြစ်ပါတယ်။
Ref:NHK
Photo:AFP