ရန်စတာတွေကို နျူကလီးယားတိုက်ခိုက်မှုနဲ့ တုံ့ပြန်ဖို့ တုံ့ဆိုင်းနေမှာမဟုတ်ကြောင်း ကင်ဂျုံအန် သတိပေး

 

ပြုံးယမ်း၊ ဒီဇင်ဘာ-၂၁-၂၀၂၃

မျိုးဆက်(VOM)

မြောက်ကိုရီးယားကို နျူကလီးယားရန်စမှုတွေကို တုံ့ပြန်ဖို့အတွက် နျူကလီးယားတိုက်ခိုက်မှုလုပ်ဖို့ တုံ့ဆိုင်းနေမှာမဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်ဆောင် ကင်ဂျုံအန်က ဒီဇင်ဘာ ၂၁ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

ဟွာဆောင်-၁၈ တိုက်ချင်းပစ်ဒုံးကျည် ပစ်ခတ်လေ့ကျင့်မှုုပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယား ဒုံးကျည်ဗျူရိုကို ချီးကျူးဂုဏ်ပြုစကားပြောကြားရာမှာ နျူကလီးယားတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကင်ဂျုံအန်က မှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်တယ်လို့ ရိုဒေါင်ဆင်မွန်သတင်းဌာနက ဖော်ပြထားပါတယ်။

ရန်သူက နျူကလီးယားလက်နက်နဲ့ရန်စလာသောအခါ မြောက်ကိုရီးယားက နျူကလီးယားလက်နက်နဲ့ ပြန်တိုက်ခိုက်တုံ့ပြန်ဖို့ တွန့်ဆိုင်းနေမှာ မဟုတ်ဘူးဆိုတာကို ဒုံးကျည်စစ်ရေးလေ့ကျင့်ပြီး ပြသခဲ့ခြင်းဖြစတယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။

ဒုံးကျည်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က ရှုတ်ချထားပြီး ဒေသတွင်းနဲ့ နိုင်ငံတကာ တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်တဲ့လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ပြောဆိုထားပါတယ်။

ဟွာဆောင်-၁၈ တိုက်ချင်းပစ်ဒုံးကျည်ဟာ မြောက်ကိုရီးယားရဲ့ ပထမဆုံးလောင်စာခဲသုံး ဒုံးကျည်အမျိုးအစားဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ကြိုတင်ကာကွယ်မှုအဖြစ် နျူကလီးယားလက်နက်တွေကို အသုံးပြုခွင့်ပြုတဲ့ ဥပဒေတတရပ်ကို လွန်ခဲ့တဲ့နှစ်က ပြဌာန်းခဲ့ပါတယ်။

Ref:NHK

Photo:AFP

 

Related posts

Leave a Comment

VOM News

FREE
VIEW