ဟားမတ်စ်အဖွဲ့ လက်ထောက်ခေါင်းဆောင်ကို လက်ဘနွန်မှာ အစ္စရေးလုပ်ကြံသတ်ဖြတ်

 

တဲလ်အဗစ်၊ ဇန်နဝါရီ-၃-၂၀၂၄

မျိုးဆက်(VOM)

ဟားမတ်စ်ခေါင်းဆောင်တယောက်ကီု ဘေရွတ်တွင် လုပ်ကြံသတ်ဖြတ်မှု လက်ဘနွန်ကို ရန်စတိုက်ခိုက်တာမဟုတ်ပဲ ရန်သူတွေကို ပြစ်ဒဏ်ပေးခြင်းသာဖြစ်တယ်လို့ အစ္စရေးက အခိုင်အမာပြောဆိုပါတယ်။

ဟားမတ်စ်ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးအတွင်း ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် ဆာလက်အယ်လ်အာရူရီ သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ လက်ထောက်နိုင်ငံရေးခေါင်းဆောင်ဟာ ဘေရွတ်တောင်ပိုင်းမှာ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း ဟားမတ်စ်တပ်မှူးနှစ်ယောက် အခြားလေးယောက်နဲ့အတူ သေဆုံးခဲ့တယ်လို့ လက်ဘနွန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

သူဟာ ကာဆမ်တပ်မဟာတွေ၊ ဟားမတ်စ်ရဲ့လက်နက်ကိုင်အဖွဲ့တွေကြားမှာ ထင်ရှားသူဖြစ်ပြီး ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာာနီယာ့ရဲ့ ရင်းနှီးတဲ့မဟာမိတ်ဖြစ်ကာ ဟားမတ်စ်နဲ့ ဟဇ်ဘိုလာအဖွဲ့ကြား ဆက်သွယ်ရေးအဖွဲ့ လက်ဘနွန်မှာရှိနေတာဖြစ်ပါတယ်။

အာရူရီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ဟားမတ်စ်တို့က ပြစ်တင်ရှုတ်ချထားပြီး သူ့မဟာမိတ် ဟဇ်ဘိုလာအဖွဲ့ကတော့ ဒါဟာ လက်ဘနွန်ရဲ့ အချုပ်အခြာအာဏာကို တိုက်ခိုက်မှုဖြစ်တယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ လက်ဘနွန်ဝန်ကြီးချုပ်က အစ္စရေးဟာ လက်ဘနွန်ကို ထိပ်တိုက်ရင်ဆိုင်မှုလမ်းကြောင်းပေါ် ဆွဲတင်နေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

Ref:BBC

Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW