ချီလီသမ္မတဟောင်း ပီနီယာ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်

ဆန်တီယာဂို၊ ဖေဖော်ဝါရီ-၇-၂၀၂၄
မျိုဆက်(VOM)

ချီလီဘီလျံနာနဲ့ သမ္မတသက်တမ်းနှစ်ကြိမ်ထမ်းဆောင်ခဲ့သူ အသက် ၇၄ နှစ်အရွယ် သမ္မတဟောင်း ဆီဘတ်စတန်ပီနီယာဟာ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ကွယ်လွန်သွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံတောင်ပိုင်း လာဂိုရန်ကိုမြို့အနီး ရေကန်တခုထဲကို ရဟတ်ယာဉ်ပျက်ကျခဲ့တာဖြစ်ပြီး အခြားသုံးယောက် အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုထားပါတယ်။

ပီနီယာဟာ ကိုယ်ပိုင်ရဟတ်ယာဉ်ကို မောင်းနှင်းပျံသန်းမှုတွေ လုပ်လေ့ရှိပေမယ့် ရဟတ်ယာဉ်ပျက်ကျချိန်မှာ လေယာဉ်မှူးအဖြစ် မောင်းနှင်ခဲ့ကြောင်း ရှင်းလင်းစွာ မသိရသေးပါဘူး။

သမ္မတဟောင်း ပီနီယာသေဆုံးမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်း သုံးရက်ကြာ ကြေညာထားပါတယ်။ ကွန်ဆာဗေးတစ်နိုင်ငံရေးသမားဖြစ်သူ ပီနီယာဟာ သူ့ရဲ့ပထမဆုံးသမ္မတသက်တမ်း ၂၀၁၀ မှ ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံံစီးပွား တိုးတက်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

သူဟာ မိသားစုနှင့်အတူ ဖေဖော်ဝါရီလတိုင်းမျာ အားလပ်ရက်အပန်းဖြေခရီးထွက်လေ့ရှိပြီး အလောင်းကို ရဟတ်ယာဉ်ပျက်ကျပြီးနောက် ချီလီရေတပ်က ပြန်လည်ဆယ်ယူရရှိခဲ့ကြောင်း သိရပါတယ်။

Ref:BBC
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW