ဘာကီနာဖာဆိုရှိ ရွာသုံးရွာကို သေနတ်သမားတွေ တိုက်ခိုက်မှု လူ ၁၇၀ ကျော် သတ်ဖြတ်ခံခဲ့ရ

 

အူဂါဒိုဂူ၊ ဖေဖော်ဝါရီ-၄-၂၀၂၄

မျိုးဆက်(VOM)

ဘာကီနာဖာဆိုနိုင်ငံရှိ ကျေးရွာသုံးရွာကို သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုအတွင်း လူ ၁၇၀ ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း အစိုးရရှေ့နေတယောက်က ပြောပါတယ်။

ကွမ်ဆီဂါ၊ နော်ဒင်နဲ့ဆိုရို ကျေးရွာတို့ကို တိုက်ခိုက်ခဲ့တဲ့ သေနတ်သမားတွေကို ရှာဖွေရာမှာ ကူညီပေးဖို့ အာဏာပိုင်တွေက ဒေသခံတွေကို တိုက်တွန်းထားပါတယ်။ ဒီဖြစ်စဉ်ဟာ ဖေဖော်ဝါရီ ၂၅ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ် ဒါဇင်များစွာ ပါဝင်နေပြီး တိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။ ဘာကီနာဖာဆိုစစ်တပ်ဟာ ၂၀၂၂ ခုနှစ်က စစ်အာဏာသိမ်းခဲ့ပေမယ့် နိုင်ငံရဲ့ သုံးပုံတပုံကျော်ကို အစ္စလာမ္မစ်စစ်သွေးကြွတွေက ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

လက်ရှိမှာ စစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှုနဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေ တိုးမြှင့်လာနိုင်တဲ့အပေါ် ဘာကီနာဖာဆို စစ်တပ်က သတိပေးထုတ်ပြန်ထားပါတယ်။

နှစ်ပေါင်းများစွာ နယ်မြေမလုံခြုံမှုကြောင့် ပြည်သူနှစ်သန်းကျော်ဟာ နေ့ရပ်စွန့်ခွာထွက်ပြေးနေရပြီး ငါးနှစ်အောက် ကလေးအားလုံးရဲ့ လေးပုံတပုံဟာ ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

Ref:BBC

Photo:AFP

 

Related posts

Leave a Comment

VOM News

FREE
VIEW