ဒေလီ၊ မတ်-၆-၂၀၂၄
မျိုးဆက်(VOM)
အိန္ဒိယနိုင်ငံမှာ လယ်ယာထွက်ကုန်သီးနှံတွေအတွက် အနိမ့်ဆုံးဈေးနှုန်းကို အစိုးရက အာမခံချက်ပေးဖို့ တောင်းဆိုနေတဲ့ ဆန္ဒပြလယ်သမားတွေဟာ မြို့တော်ဒေလီကို ချီတက်ပြဖို့ ပြန်လည်စတင်လိုက်ပါတယ်။
ဆန္ဒပြပွဲတွေအတွင်း လယ်သမားတယောက်သေဆုံးပြီးနောက် ဖေဖော်ဝါရီလကုန်မှာ လယ်သမားတွေဟာ သူတို့ရဲ့ ဆန္ဒပြမှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။ လယ်သမားများရဲ့ ချီတက်ဆန္ဒပြမှုကို တားဆီးဖို့ ဒေလီရဲ့ နယ်နိမိတ်တွေကို ရဲတပ်ဖွဲ့က တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားပါတယ်။
အိန္ဒိနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ လအနည်းငယ်သာလိုတော့တဲ့ အချိန်မှာ လယ်သမားတွေရဲ့ ချီတက်ဆန္ဒပြပွဲတွေ ပြန်လည်စတင်နေတာဖြစ်ပါတယ်။
ပန်ဂျပ်၊ ဟာရီယာနာနဲ့ ဥတာပရာဒေ့ရှ်ပြည်နယ်တွေက လယ်သမားတွေဟာ ဖေဖော်ဝါရီလဆန်းမှာ ဒေလီကို ချီတက်ဆန္ဒပြမှုတွေကို ရပ်တန့်အတွက် အစိုးရနဲ့ လယ်သမား သမဂ္ဂတွေအကြား ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ကြပေမယ့် သဘောတူညီချက်မရရှိခဲ့ပါဘူး။
လယ်သမားတွေဟာ အိန္ဒိယနိုင်ငံအတွက် အရေးပါတဲ့ အသိုက်အဝန်းဖြစ်တာကြောင့် ရွေးကောက်ပွဲနီးကပ်လာချိန်မှာ ဝန်ကြီးချုပ်မိုဒီရဲ့ အိန္ဒိယအစိုးရဟာ တင်းမာမှုမြင့်တက်စေနိုင်တဲ့ လုပ်ရပ်တွေကို ပြုလုပ်ဖွယ်မရှိနိုင်ဘူးလို့ အကဲခတ်တွေက သုံးသပ်ထားကြပါတယ်။
Ref:BBC
Photo:ANI/Getty Images